အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် သမ္မတမဖြစ်မီက စီးခဲ့သော ၂၀၁၈ ခုနှစ်ထုတ် Cadilac ဆီဒင်ကား လေလံတင်ထား

  • 252 views


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် သမ္မတအဖြစ် တာဝန်မထမ်းဆောင်မီက စီးနင်းခဲ့သော ၂၀၁၈ ခုနှစ်ထုတ် Cadilac ATS-V ရှားပါး ဆီဒင်ကား လေလံဈေးကွက်တွင် ရောက်ရှိနေပြီး လေလံမပိတ်သေးချေ။

ဂျိုးဘိုင်ဒန်စီးခဲ့သော Cadilac မှာ အထူးအော်ဒါမှာယူထားသောကားဖြစ်သည်။

 

 

ဂျိုးဘိုင်ဒန်သည် အမေရိကန်သမ္မတ အိုဘားမားလက်ထက်တွင် ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပြီးနောက် တိုင်းပြည်တာဝန်များမှ အနားယူနေချိန်ကာလအတွင်း ဤကားကို စီးနင်းခဲ့ခြင်းဖြစ်ပြီး ဂျိုးဘိုင်ဒန် အတွက် အထူး Specification များဖြင့် ထုတ်လုပ်ပေးခဲ့သောကား ဖြစ်သည်။

အထူး Specification များအနေဖြင့် အရောင်ပြေးမှန်များနှင့် Kona Brown (နီညိုရောင်) အတွင်းပိုင်းတို့ ပါဝင်ခြင်း ဖြစ်သည်။

အဆိုပါ Features များမှာ စက်ရုံထုတ် အခြားသော ATS-V မော်ဒယ်များတွင် မတွေ့ရချေ။

Cadilac ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ဂျိုးဘိုင်ဒန်နှင့် ဤကား၏ ဆက်နွှယ်မှုကို အတည်ပြုခဲ့ပြီး မူရင်း ဘီးများကို လဲလှယ်ထားကြောင်းလည်း ၎င်းက ပြောသည်။

အမေရိကန်သမ္မတတို့ တရားဝင် စီးနင်းသည်မှာ The Beast ဟု nickname အမည်ပေးထားသော Cadillac Limousine ဖြစ်သည်။

ယခုလေလံတင်ထားသည့်ကားကို Secret Service လုံခြုံရေးအဖွဲ့က Stagecoach ဟု codename အမည်ပေးထားသည်။

ဂျိုးဘိုင်ဒန်က ဤကားကို ၂၀၁၇ ခုနှစ်အတွင်း ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုပြီး နောက်ပိုင်းကာလတွင် စီးနင်းခဲ့ခြင်း ဖြစ်သည်။

ဂျိုးဘိုင်ဒန်၏ အထူးမှာယူခဲ့သော ATS-V ကို Black Raven (ပိတုန်းရောင်) ဆေးသုတ်ထားပြီး အတွင်းပိုင်းတွင် Kona Brown (နီညိုရောင်) သားရေခုံများ တွေ့ရသည်။

ဤမော်ဒယ်ကို BMW M3 နှင့် Mercedes-AMG C63 တို့နှင့် ပြိုင်ဘက်မော်ဒယ်အဖြစ် ၂၀၁၆ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

3.6-litre twin-tubro V6 အင်ဂျင်မှ 346 Kw နှင့် 603 Nm အားကို eight-speed Automatic transmission မှတဆင့် နောက်ဘီးများဆီသို့ ပို့သည်။

Secert Service လုံခြုံရေးအဖွဲ့က သမ္မတနှင့် ဒုသမ္မတများကို ရာထူးသက်တမ်းကာလ (သို့မဟုတ်) သမ္မတ တာဝန်မှ အနားယူပြီး ၆ လခန့်အထိ အများပြည်သူ လမ်းမများပေါ်တွင် ယာဉ်မောင်းခွင့် မပြုချေ။

ဂျိုးဘိုင်ဒန်သည် လျှပ်စစ်ကားများကို အားပေးသူ ဖြစ်သည်။

အသက် ၈၁ နှစ်ရှိပြီဖြစ်သော သမ္မတဂျိုးဘိုင်ဒန်သည် ကားဝါသနာပါသူတစ်ဦးအဖြစ်လည်း လူသိများသည်။

ဂျိုးဘိုင်ဒန်တွင် Chevrolet Corvette convertible ဂန္ထဝင်ကားတစ်စင်းလည်း ပိုင်ဆိုင်ထားသည်။

ထိုကားကို သူ၏ ဖခင်ထံမှ ၁၉၆၇ ခုနှစ် သြဂုတ်လတွင် မင်္ဂလာလက်ဖွဲ့အဖြစ် ရရှိခဲ့ခြင်း ဖြစ်သည်။

သူ၏ ဖခင်မှာ Chevrolet အရောင်းဆိုင်ပိုင်ရှင် ဖြစ်သည်။

သမ္မတဂျိုးဘိုင်ဒန် စီးခဲ့သော ဤကားကို အမေရိကန် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Cars & Bids တွင် လေလံတင်ထားခြင်း ဖြစ်သည်။

ကုမ္ပဏီ- Cadillac 
မော်ဒယ်-ATS-V
Mileage-15900
အင်ဂျင်-3.6-litre twin-tubro V6
Drivetrain-နောက်ယက်
Transmission –Automatic (8-Speed)
Body Style-ဆီဒင်
အပြင်အရောင်-ပိတုန်းရောင်
အတွင်းပိုင်းအရောင်- နီညိုရောင်
ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ လေလံဈေးပေးမှုအမြင့်ဆုံးပမာဏ- ကန်ဒေါ်လာ ၄၆၀၄၆ 
လေလံပိတ်သိမ်းမည့်နေ့- ဖေဖော်ဝါရီ ၂၁

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Joe Biden's Custom 2018 Cadillac ATS-V Sedan With Unique Brown Interior Comes Up for Sale (autoevolution)

 Photo Credit:  autoevolution