အမေရိကန်ပြည်၊ ဆန်ဒီယေဂိုမြို့တွင် Tesla Model 3 ပိုင်ရှင်က ကားကို ရေထဲတွင် ဖြတ်မောင်း

  • 463 views

Tesla ကုမ္ပဏီ၏ ၎င်း၏ ကားများ ရေကြောင့် ထိခိုက်ပျက်စီးလျှင် ကားအာမခံတွင် အကျုံးမဝင်ကြောင်း ထုတ်ပြန်ထားသော်လည်း အမေရိကန်ပြည်ထောင်စု၊ ဆန်ဒီယေဂိုမြို့တွင် Tesla Model 3 ပိုင်ရှင်တစ်ဦးက ရေထဲတွင် ဖြတ်သန်းမောင်းနှင်ခဲ့သည်။

မိုးရွာသွန်းမှုကြောင့် ဆန်ဒီယေဂိုမြို့ ရေကြီးရေလျှံမှုများ ဖြစ်နေချိန်တွင် ကားဖြင့် ဖြတ်သန်းမောင်းနှင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်ရပ်ကို အနီးရှိ ဟိုတယ်တစ်ခုတွင်ရှိနေသူတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ မှတ်တမ်းတင်ခဲ့ရာ မိုးရွာသွန်း မှုကြောင့် လမ်းပေါ်တွင် လက်မများစွာ ရေမြင့်တက်နေချိန်တွင် မီးခိုးရောင် Tesla Model 3 ဖြတ်သန်း မောင်းနှင်သွားသည်ကို တွေ့ရသည်။

Volkswagen Beetle တစ်စီးမှာ ရေကြီးနေသော လမ်းပေါ်တွင် ရေထဲမြှုပ်ကာ ရပ်တန့်နေသည်ကိုလည်း တွေ့ရသည်။

Tesla ကားက ထိုကားဘေးမှ ဖြတ်သန်းကာ နောက်ဆုံးတွင် ရေထဲမှ ရုန်းထွက်ကာ အရှိန်ဖြင့် မောင်းထွက် သွားခဲ့သည်။

ဆန်ဒီယေဂိုမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တစ်မြို့လုံးအကြီးအကျယ် ကသောင်းကနင်းဖြစ်ကာ အရေးပေါ် အခြေအနေ ကြေညာခဲ့ရသော ကာလအတွင်း Tesla ကားပိုင်ရှင်က ယခုကဲ့သို့ ရေထဲတွင် ဖြတ်မောင်းခဲ့ခြင်း ဖြစ်သည်။

ဗွီဒီယိုဖိုင်တို့တွင် တွေ့မြင်ရမှုအရ ဆန်ဒီယေဂိုမြို့ ရေကြီးမှုကြောင့် အိမ်များ ရေမြုပ်ခြင်း ၊ ကားများမျောပါခြင်း ၊ သစ်ပင်များ လဲပြိုခြင်းတို့အပြင် ကားများရေအောက်တွင် မြုပ်နေသည်ကိုလည်း တွေ့ရသည်။

Tesla ပိုင်ရှင်က သူ၏ကားကို ရေလွတ်ရာသို့ မောင်းနှင်နိုင်ခဲ့သော်လည်း အဆိုပါလုပ်ရပ်ကို Tesla (သို့မဟုတ်) အခြား EV ပိုင်ရှင်တို့က မထောက်ခံချေ။

EV ပိုင်ရှင်တို့က ပြောသည်မှာ ရေကြောင့် ၎င်းတို့၏ ကားများ ပျက်စီးခဲ့ရကြောင်း ပြောသည်။

 


(ဆန်ဒီယေဂိုမြို့ ရေကြီးနေစဉ်အတွင်း Tesla ကားပိုင်ရှင်တစ်ဦး သူ၏ လျှပ်စစ်ကားကို ရေထဲတွင် ဖြတ်မောင်း နေပုံ။)

 

(အဆိုပါဖြစ်ရပ်ကို အနီးရှိ ဟိုတယ်တစ်ခုတွင်ရှိနေသူတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ မှတ်တမ်းတင်ခဲ့ရာ မိုးရွာသွန်းမှုကြောင့် လမ်းပေါ်တွင် လက်မများစွာ ရေမြင့်တက်နေချိန်တွင် မီးခိုးရောင် Tesla Model 3 ဖြတ်သန်းမောင်းနှင်သွားသည်ကို တွေ့ရသည်။)

 

(နောက်ဆုံးတွင် Tesla ကားမှာ ရေထဲမှ ရုန်းထွက်ကာ အရှိန်ဖြင့် မောင်းထွက်သွားခဲ့သည်။)

 


ထိုဖြစ်ရပ်ကို တွေ့ရှိလိုက်သော ဟိုတယ်မှ ဧည့်သည်များ၏ ပြောကြားချက်အရ Volkswagen ကားပိုင်ရှင်က အခြားကားများကို ရေလွတ်သောလမ်းမှ မောင်းနှင်ရန် သတိပေးနေခဲ့သော်လည်း Tesla ပိုင်ရှင်က လစ်လျူရှု ခဲ့သည်ဟု ဆိုသည်။

Tesla ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ လျှပ်စစ်ကားများ ရေကြောင့် ထိခိုက်ပျက်စီးမှုမှာ ကုမ္ပဏီ အာမခံတွင် အကျုံးမဝင်ကြောင်း ဖော်ပြသည်။
Tesla ၏ လျှပ်စစ်ပိုင်းဆိုင်ရာအားလုံးမှာ မြေပြင်နှင့် နီးကပ်စွာရှိသောကြောင့် စက်ပိုင်းဆီသို့ ရေအလွယ်တကူ ဝင်နိုင်သည်။

 

(ဆန်ဒီယေဂိုမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာထားရသည်။)

 

(Tesla ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ လျှပ်စစ်ကားများ ရေကြောင့် ထိခိုက်ပျက်စီးမှုမှာ ကုမ္ပဏီ အာမခံတွင် အကျုံးမဝင်ကြောင်း ဖော်ပြသည်။)

 

(Tesla ထုတ် Cybertruck ဖြင့်ဆိုလျှင် မြစ်များ ၊ ရေကန်များနှင့် လှိုင်းမကြမ်းသော ပင်လယ်များကိုပင်လျှင် ဖြတ်သန်းနိုင်မည် ဖြစ်ကြောင်း Elon Musk က ပြောသည်။)

 

(Tesla Model 3 သည် ရေထဲတွင် အချိန်အနည်းငယ် ပေါ်နေနိုင်ကြောင်း Tesla ၏ စီအီးအို Elon Musk က ပြောဖူးသည်။)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Electric shock! Watch as foolish Tesla Model 3 driver plows EV through deep flood waters in San Diego and emerges unscathed - despite manufacturer warning that water damage is not covered by car's warranty  (dailymail)

Ref:  Me lissa Jones via StoryFul