- ပင်မစာမျက်နှာ
- ကားသတင်းများ
- အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်မှ အမျိုးသားတစ်ဦးက ရေကူးကန်နှင့် ရဟတ်ယာဉ်ကွင်း ပါဝင်သော အလျားပေ ၁၁၀ ရှိမည့် ကားတစ်စင်း ထုတ်လုပ်ရန် အွန်လိုင်းတွင် အလှူခံ
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်မှ အမျိုးသားတစ်ဦးက ရေကူးကန်နှင့် ရဟတ်ယာဉ်ကွင်း ပါဝင်သော အလျားပေ ၁၁၀ ရှိမည့် ကားတစ်စင်း ထုတ်လုပ်ရန် အွန်လိုင်းတွင် အလှူခံ
- 301 views
ဂျေး အောဘာ့ဂျ် (Jay Ohrberg) ဟူသောအမည်မှာ သင်တို့အတွက် အစိမ်းသက်သက် ဖြစ်ဖွယ်မရှိချေ။
၎င်း ဖန်တီးခဲ့သောအရာများမှ တစ်ခုခုကို သင်တို့သိပြီး ဖြစ်
နိုင်သည်။
ဂျေး အောဘာ့ဂျ်သည် အမေရိကန်ပြည်ထောင်စု ၊ ဖလော်ရီဒါပြည်နယ်တွင် နေထိုင်သူတစ်ဦး ဖြစ်သည်။
ဂျေး အောဘာ့ဂျ်က ရေကူးကန် ၊ ဂေါက်ကွင်းငယ်နှင့် ရဟတ်ယာဉ်ကွင်း ပါဝင်သော အလျားပေ ၁၁၀ ရှိမည့် ကားတစ်စင်း ထုတ်လုပ်ရန် အွန်လိုင်းတွင် အလှူခံမှု ပြုလုပ်ခဲ့သည်။
သမိုင်းတလျှောက် အကျော်ကြားဆုံး ရုပ်ရှင်များတွင် ပါဝင်ခဲ့သော ကားအချို့မှာ ဂျေး အောဘာ့ဂျ် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
Knight Rider ,Back to the Future ,Dukes of Hazard နှင့် Batman Returns ရုပ်ရှင်တို့တွင် အသုံးပြုခဲ့သော ကားများဖြစ်သည်။
၎င်း ဖန်တီးခဲ့သော ကားများအနက် ထူးခြားသည်မှာ ကမ္ဘာ့ရှည်လျားဆုံးကားအဖြစ် ဂင်းနက်စ် စံချိန်တင် ထားသော အလျား ပေ ၁၀၀ ရှိ The American Dream ဟူသော ကားဖြစ်သည်။
(ဂျေး အောဘာ့ဂျ် ဖန်တီးခဲ့သော ဟောလိဝုဒ်ရုပ်ရှင်မှ ကားများ။ ဓာတ်ပုံ-Facebook)
၂၀၁၅ ခုနှစ်တွင် ဂျေး အောဘာ့ဂျ်က ဂင်းနက်စ် စံချိန်တင်ခဲ့သော ကားထက် ပိုမိုရှည်လျားသော ကားတစ်စင်း ထုတ်လုပ်ရန် စီစဉ်နေကြောင်း ကြေညာခဲ့သည်။
၎င်းထုတ်လုပ်မည့်ကားသည် Rolls-Royce ဆီဒင်ကားကို အခြေခံမည်ဖြစ်ကာ အလျား ပေ ၁၁၀ ကျော်ရှိမည် ဖြစ်ပြီး The American Dream ထက် သာလွန်သော Feature များ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။
ထိုစီမံကိန်းကို အကောင်အထည် ဖော်ရန်အတွက် ဟောလိဝုဒ်ရုပ်ရှင်လောက၏ ဂန္ထဝင်ပုဂ္ဂိုလ် ဂျေး အောဘာ့ဂျ် က အွန်လိုင်းတွင် အလှူခံခဲ့ပြီး ဒေါ်လာ ၂၀၀၀၀၀ ရရှိရန် ရည်မှန်းခဲ့သည်။
၎င်းက Kickstarter မှတဆင့် အလှူခံခဲ့ခြင်း ဖြစ်သည်။
(ဓာတ်ပုံ-Facebook)
ထိုငွေပမာဏ အလှူခံရရှိပါက ဂျေး အောဘာ့ဂျ်က Rolls-Royce ကားသစ် ၂ စင်း ဝယ်ယူကာ စီမံကိန်း အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သည်။
သို့သော် သူ၏ စီမံကိန်း အထမမြောက်ခဲ့။
ဒေါ်လာ ၃၀ လှူဒါန်းသူတစ်ဦးတည်းသာ ရှိခဲ့ပြီး အလှူခံမှု ပိတ်သိမ်းခဲ့ရသည်။
ထို့ကြောင့် ဂျေး အောဘာ့ဂျ်အနေဖြင့် အလျား ပေ ၁၁၀ ကားစီမံကိန်းကို လက်တွေ့အကောင်အထည် မဖော်နိုင်ခဲ့။
(ဓာတ်ပုံ-Guinness Book of World Records)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Man started crowdfunding to build 110ft Rolls-Royce with a swimming pool and helipad (supercarblondie)
Photo Credit: Facebook