• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Ferrari ပိုင်ရှင် သန်းကြွယ်သူဌေးများ စုရုံးရောက်ရှိကာ မိမိတို့၏ ကားများကို ပြသခဲ့ကြသည့် ဖလော်ရီဒါ ပြည်နယ်က Cavallino Classic ပွဲတော်သို့ စတားလုံး မိသားစု လာရောက်ကြည့်ရှု

Ferrari ပိုင်ရှင် သန်းကြွယ်သူဌေးများ စုရုံးရောက်ရှိကာ မိမိတို့၏ ကားများကို ပြသခဲ့ကြသည့် ဖလော်ရီဒါ ပြည်နယ်က Cavallino Classic ပွဲတော်သို့ စတားလုံး မိသားစု လာရောက်ကြည့်ရှု

  • 288 views

 

ကမ္ဘာတဝန်းမှ Ferrari ကားပိုင်ရှင်တို့အတွက် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ West Palm Beach မြို့တွင် ကျင်းပသော Cavallino Classic ပွဲတော်မှာ အထွတ်အမြတ်ပွဲတစ်ခု ဖြစ်သည်။

West Palm Beach မြို့ရှိ Breakers Hotel ၏ သာယာလှပသောမြက်ခင်းစိမ်းပေါ်တွင် အံ့ဖွယ် Ferrari များ တခွင်တပြင် စီတန်းရောက်ရှိနေပြီး အချို့ကားများမှာ ၁၉၅၀ ပြည့်လွန်ကာလများက ထုတ်လုပ်ခဲ့သော ကား များ ဖြစ်ကြသည်။

 

 

(ဆီဗက်စတာ စတားလုံးနှင့် ဇနီးဖြစ်သူ Jennifer Flavin တို့ ပွဲတော်သို့ ရောက်ရှိလာပုံ။ ဓာတ်ပုံ-The US Sun)

 

(ရမ်ဘိုဇာတ်ကားများဖြင့် ကမ္ဘာကျော်ခဲ့သူ စတားလုံးသည် Ferrari များကို လိုက်လံကြည့်ရှုကာ ကားများ အားလုံးကို စိတ်ဝင်စားခဲ့သည်။ ဓာတ်ပုံ-The US Sun)

(ကမ္ဘာ့အကောင်းဆုံး Ferrari များမှ အချို့ကို Cavallino Classic ပွဲတော်တွင် ပါဝင်ပြသခဲ့ကြသည်။ ဓာတ်ပုံ-The US Sun)


စီးပွားရေးကောင်းသော ကားပိုင်ရှင်တို့သည် ကမ္ဘာပေါ်ရှိ လူကြိုက်အများဆုံး ကားများကို သွားရည်ကျရန် နေခြည်သာသော ဖလော်ရီဒါသို့ စုရုံးရောက်လာကြသည်။

ဟောလိဝုဒ်ဂန္ထဝင်ကြယ်ပွင့် ဆီဗက်စတာ စတားလုံးနှင့် မိသားစုသည် ပွဲတော်မှ ကားများကို လိုက်လံစူးစမ်းခဲ့ပြီး Ferrari များကို အလွန်နှစ်သက်ကြောင်း US Sun သတင်းဌာနသို့ ပြောခဲ့သည်။

အသေးစိတ်ပြောကြားရန်ကိုမူ စတားလုံးက ငြင်းဆန်ခဲ့သည်။

Cavallino Classic ပွဲတော်သို့ ဖက်ရှင်ဒီဇိုင်နာ Tommy Hilfiger လည်း တက်ရောက်လာသည်။

ကော့တေးများ လိုက်လံဝေငှလျက်ရှိပြီး သားနားချောမောသူတို့သည် ပွဲတော်တွင် လိုက်လံကြည့်ရှုရင်း လိုက်လံဝေငှသော တန်ဖိုးကြီး အစားအစာများကို စားသောက်ကြသည်။

ပါဝင်ပြသကြသည့် ကားအားလုံးမှာ ဒိတ်ဒိတ်ကြဲများချည်းဖြစ်ပြီး အချို့ကားများဆိုလျှင် တန်ကြေး ကန်ဒေါ်လာ သန်း ၂၀ ခန့်ရှိသည်။

ပါဝင်ပြသကြသောကားများကို ဒိုင်အဖွဲ့က စစ်ဆေးကြသည်။ ကားတွင် ခြစ်ရာ၊ ပြစ်ချက်ရှိမရှိ စစ်ဆေးကာ အကောင်းဆုံးကားများ ရွေးချယ်ဆုပေးကြသည်။

 

(ပါဝင်ပြသသော ကားအချို့ကို စတားလုံးကြည့်ရှုနေပုံ။ ဓာတ်ပုံ-The US Sun)

 

(ပွဲတော်လာ ပရိသတ်များက ကားများကို ကြည့်ရှု ဓာတ်ပုံရိုက်နေကြပုံ။ ဓာတ်ပုံ-The US Sun)

 

(ပါဝင်ပြသကြသော ကားများမှာ ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိသည်။ ဓာတ်ပုံ-The US Sun)

 

(Cavallino Classic ပွဲတော်တွင် ပါဝင်ပြသကြသောကားများ။ ဓာတ်ပုံ-The US Sun)

 

Cavallino Classic ပွဲတော်တွင် Tommy Cabrerizo ဆိုသူကလည်း လုံးဝမမောင်းဘဲ သိမ်းဆည်းထားသည့် mileage သုညမိုင်သာရှိနေသော သူ၏ Ferrari ကို ဝင်ရောက်ပြသခဲ့သည်။

Tommy Cabrerizo ၏ Ferrari အကြောင်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။


(ဆက်စပ်သတင်း)

အမေရိကန်မှ Ferrari ကားပိုင်ရှင်တစ်ဦးက သူ၏ ကားကို တန်ဖိုးတက်စေရန် လုံးဝမမောင်းဘဲ mileage သုညမိုင်အတိုင်း ဂိုဒေါင်ထဲတွင် သိမ်းဆည်းထားရှိ


https://www.carsdb.com/my/news/437 

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  Inside exclusive Ferrari event for multi-millionaires who collect cars as trophies & it’s loved by Sylvester Stallone   (The Sun)

Photo Credit:  (The US Sun)