• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အမေရိကန်မှ Ferrari ကားပိုင်ရှင်တစ်ဦးက သူ၏ ကားကို တန်ဖိုးတက်စေရန် လုံးဝမမောင်းဘဲ mileage သုညမိုင်အတိုင်း ဂိုဒေါင်ထဲတွင် သိမ်းဆည်းထားရှိ

အမေရိကန်မှ Ferrari ကားပိုင်ရှင်တစ်ဦးက သူ၏ ကားကို တန်ဖိုးတက်စေရန် လုံးဝမမောင်းဘဲ mileage သုညမိုင်အတိုင်း ဂိုဒေါင်ထဲတွင် သိမ်းဆည်းထားရှိ

  • 723 views

 

သင်သည် ဂန္ထဝင်ကားတစ်စီး ပိုင်ရှင်ဆိုပါက သင်၏ ကားအား စမ်းသပ်မောင်းနှင်ကြည့်မည်လော။

သို့မဟုတ် ဂိုဒေါင်ထဲတွင် အသစ်ကျပ်ချွတ်အတိုင်း သိမ်းဆည်းထားမည်လော။

 

 

(Ferrari ပိုင်ရှင်တစ်ဦးဖြစ်သူ တော်မီ ကာဘရဲရီဇိုက ၎င်းသည် ပြိုင်ကားများကို ချစ်မြတ်နိုးကြောင်း ၊ အသစ် ကျပ်ချွတ်အနေအထားအတိုင်း သိမ်းဆည်းထားရန် ဆုံးဖြတ်ခဲ့ပုံများအကြောင်း U.S Sun သတင်းဌာနသို့ ပြောသည်။ ဓာတ်ပုံ-The U.S Sun)

 

(ကမ္ဘာပေါ်တွင် လူအများ အလိုချင်ဆုံး Ferrari များမှ အချို့ကို ကြည့်ရှုရန် ဖလော်ရီဒါပြည်နယ် ၊ West Palm Beach မြို့သို့ ရောက်လာကြသော ကားချစ်သူများ။ ဓာတ်ပုံ-The U.S Sun)

 

အမေရိကန်ပြည်ထောင်စု ၊ မိုင်အမ်မီတွင် နေထိုင်သူ တော်မီ ကာဘရဲရီဇိုအဖို့ ကားကို သိမ်းဆည်းထား မည်လော၊ မောင်းနှင်ကြည့်မည်လော ရွေးချယ်ရခြင်းမှာ ခက်ခဲခဲ့သည်။

တဖက်တွင် တော်မီအနေဖြင့် သူ၏ အံ့ဖွယ် Ferrari 599XX ကို စမ်းသပ်မောင်းနှင်ကာ စက်ပါဝါအားနှင့် အမြန်နှုန်းတို့ကို မြည်းစမ်းကြည့်လိုမည်သာ ဖြစ်သည်။

သို့သော် သူ၏ အတွင်းစိတ်ကလည်း အနာဂတ်ကိုတွေးရန် သူ့အား ဆူပူကြိမ်းမောင်းနေသည်။

တော်မီက ပြောသည်မှာ ဂန္ထဝင်ကားတို့၏ တန်ကြေး ၊ အထူးသဖြင့် Ferrari တို့၏ ဈေးနှုန်းမှာ မကြာသေးမီ နှစ်များအတွင်း ခေါင်ခိုက်လာကြောင်း ပြောသည်။ 

အသစ်ကျပ်ချွတ်အတိုင်းရှိနေသော သူ၏ 599XX မှာ ယခုအခါ ဒေါ်လာ ၃ သန်း တန်ကြေးရှိနေပြီ ဖြစ်ပြီး ဈေးနှုန်းဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

“ဂိုဒေါင်ထဲမှာ သိမ်းထားရတာ ကြေကွဲစရာပါ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ တစ်မျိုးလည်း ကောင်းပါတယ်”

Ferrari တည်ထောင်သူ Enzo Ferrari အား ဂါရဝပြုသည့်အနေဖြင့် West Palm Beach မြို့ရှိ Breakers ဟိုတယ်တွင် ကျင်းပသော Ferrari များ စုဝေးကြသည့် Cavallino Classic ပွဲတော်တွင် US Sun သတင်းဌာနအား တော်မီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

တော်မီ ပိုင်ဆိုင်ထားသော 599XX မှာ Ferrari က ဂျီနီဖာ ကားပြပွဲတွင် အသုံးပြုခဲ့သော ကားတစ်စီး ဖြစ်သည်။

 

 

(တော်မီကို သူချစ်သော Ferrari 599XX နှင့် အတူတွေ့ရပုံ။ ဓာတ်ပုံ-The U.S Sun)

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref:  COLLECTOR'S DREAM I have a $3million car with 0 miles on the clock and don’t plan to ever drive it – it’s painful but I’ll become richer  (the-sun)

 Photo Credit:  The US Sun