- ပင်မစာမျက်နှာ
- ကားသတင်းများ
- Geely က Galaxy Starshine 6 PHEV ကို စက်တင်ဘာ ၂၆ ရက်တွင် pre-sale စတင် ရောင်းချပေးမည်
Geely က Galaxy Starshine 6 PHEV ကို စက်တင်ဘာ ၂၆ ရက်တွင် pre-sale စတင် ရောင်းချပေးမည်
- 9 views
Geely Galaxy ၏ Starshine 6 EM-i plug-in hybrid ဆီဒင်ကို တရုတ်ပြည်တွင် စက်တင်ဘာလ ၂၆ ရက်၌ pre-sale စတင်ရောင်းချပေးတော့မည်ဖြစ်သည်။
(ဆက်စပ်သတင်း)
Geely က Thor EM-i super hybrid စနစ်သုံး Galaxy Starshine 6 EM-i ကို ချပြလာ၊ လျှပ်စစ်သီးသန့်ဖြင့် ၁၂၅ ကီလိုမောင်းနိုင်
https://www.carsdb.com/my/news/1318
Geely ၏ နောက်ဆုံးပေါ် NordThor (Leishen) AI hybrid 2.0 system နှင့် G-Pilot H3 entry-level ADAS စနစ်တို့ကို အသုံးပြုထားသည်။
Geely ၏ GEA platform ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ကာ အရွယ်အစားမှာ 4806/1886/1490 mm (l/w/h) ရှိပြီး wheelbase မှာ 2756 mm ဖြစ်သည်။အရောင်ရွေးချယ်စရာ ၅ မျိုးရှိရာ အပြာ၊ ငွေ၊ အဖြူ၊ အနက်နှင့် မီးခိုးရောင်တို့ ဖြစ်သည်။
1.5L အင်ဂျင်သုံးထားပြီး အမြင့်ဆုံးအထွက်အား 82 kW (110 hp) နှင့် ရုန်းအား 136Nm ရှိသည်။ ဆီစားနှုန်းမှာ ကီလို ၁၀၀ လျှင် ၂ ဒသမ ၈ လီတာ ဖြစ်သည်။အမြင့်ဆုံးမြန်နှုန်းမှာ 180 km/h ဖြစ်သည်။ ဘက်ထရီရွေးချယ်စရာ ၂ မျိုးရှိရာ 8.5 kWh နှင့် 17 kWh တို့ ဖြစ်သည်။
လျှပ်စစ်မော်တာ၏ Specification များကိုမူ မသိရသေးချေ။Intelligent driving စနစ်အတွက် ကင်မရာ ၁၁ လုံး၊ millimeter-wave radar ၃ ခု၊ ultrasonic radar ၁၂ ခု တို့ အသုံးပြုထားသည်။
ရှေ့ခန်းတွင် two-spoke flat-bottom စတီယာရင်၊ ၁၀ ဒသမ ၂ လက်မ instrument panel နှင့် ၁၄ ဒသမ ၆ လက်မ central control screen တို့ရှိသည်။
Flyme Auto cockpit system ကို Geely က ကိုယ်တိုင် ထုတ်လုပ်ထားသော 7nm Dragon Eagle-1 chip ဖြင့် ထိန်းချုပ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Geely Galaxy Starshine 6 PHEV will start pre-sale on September 26 (carnewschina)