- ပင်မစာမျက်နှာ
- ကားသတင်းများ
- Geely က Thor EM-i super hybrid စနစ်သုံး Galaxy Starshine 6 EM-i ကို ချပြလာ၊ လျှပ်စစ်သီးသန့်ဖြင့် ၁၂၅ ကီလိုမောင်းနိုင်
Geely က Thor EM-i super hybrid စနစ်သုံး Galaxy Starshine 6 EM-i ကို ချပြလာ၊ လျှပ်စစ်သီးသန့်ဖြင့် ၁၂၅ ကီလိုမောင်းနိုင်
- 68 views
Geely က Galaxy lineup ထဲမှ mid-size plug-in hybrid ဆီဒင် မော်ဒယ်သစ်ဖြစ်သော Galaxy Starshine 6 EM-i ကို တရားဝင် ချပြလာသည်။
ယခုမော်ဒယ်တွင် Geely ၏ မျိုးဆက်သစ် Thor EM-i super hybrid စနစ်ကို မိတ်ဆက်ပေးထားသည်။1.5-litre အင်ဂျင်သုံးထားပြီး လျှပ်စစ်သီးသန့်ဖြင့် ၁၂၅ ကီလိုအထိ မောင်းနိုင်သည်။
Starshine 6 တွင် Geely ၏ “Ripple Aesthetics” ဟုခေါ်သော design language ကို အသုံးပြုရာ ဒေါင်လိုက် ခရိုမီယံချောင်းတို့ဖြင့် ပြုလုပ်ထားသော အနားမပြိုင်စတုဂံအသွင် front grille ၊ အလျားလိုက် ရှေ့မီးကြီးများနှင့် daytime running light များကို တွေ့ရသည်။ကိုယ်ထည်မှာ fastback-style ဖြစ်ပြီး သမားရိုးကျ တံခါးလက်ကိုင်၊ ၁၆ လက်မ (သို့မဟုတ်) ၁၇ လက်မ ဘီး၊ နောက်ဘက်တွင် full-width taillight တို့ ရှိသည်။
အရွယ်အစားမှာ 4,806/ 1,886/ 1,490 mm (l/w/h) နှင့် wheelbase မှာ 2,756 mm ရှိသည်။အတွင်းခန်းမှာ အညိုနှင့်အဖြူ ၂ ရောင် သုံးထားသည်။အဓိက feature များအနေဖြင့် ၁၀ ဒသမ ၂ လက်မ digital instrument cluster ၊ ၁၄ ဒသမ ၆ လက်မ floating centre screen ၊ two-spoke စတီယာရင်တို့ကို တွေ့ရသည်။Flyme Auto intelligent cockpit system ကို သုံးထားပြီး touchscreen နှင့် physical ခလုတ်များ ၂ မျိုးလုံး ပေါင်းစပ်အသုံးပြုထားသည်။
ထို့အပြင် လည်သာခုံများ၊ sunroof တစ်ခု၊ ကြိုးမဲ့ဖုန်းအားသွင်းစနစ်၊ အပူပေးစနစ်ပါ ထိုင်ခုံများ၊ နောက်ခန်း လေပေးပေါက်များ၊ နောက်ခန်းတွင် အလယ် လက်တင်ခုံ၊ external speaker များ၊ ၃၆၀ ဒီဂရီ မြင်ကွင်းစနစ်တို့လည်း တွေ့ရသည်။အမြင့်ဆုံးမြန်နှုန်းမှာ 180 km/h ဖြစ်သည်။
Galaxy Starshine 6 EM-i သည် မကြာသေးမီက စတင်ရောင်းချပေးခဲ့သော Galaxy A7 အောက်မှ အတန်းအစားဖြစ်သည်။ Galaxy A7 ၏ ဈေးတန်းမှာ ယွမ် ၈၁၈၀၀ မှ ၁၁၇၈၀၀ ကြား (ကန်ဒေါ်လာ ၁၂၃၀၀ မှ ၁၇၁၉၀ ကြား) ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Geely Galaxy Starshine 6 EM-i debuts with Thor EM-i super hybrid system,125 km electric range in China (carnewschina)