မြူးနစ်ကားပြပွဲတွင် Leapmotor Lafa 5 compact EV hatchback ကို ကမ္ဘာသို့ ချပြလာ

  • 28 views

w800_m0_yichecar_ce8b7156-d478-43ef-a4c2-74066c822806-png-large-1536x817.jpg

၂၀၂၅ မြူးနစ်ကားပြပွဲ (IAA Mobility 2025) ဖွင့်ပွဲနေ့တွင် Stellantis ကျောထောက်နောက်ခံပြု တရုတ်ပြည်မှ ကားထုတ်လုပ်သူ Leapmotor သည် ၎င်းတို့၏ မော်ဒယ်သစ် compact electric hatchback ဖြစ်သော Lafa 5 ကို ကမ္ဘာသို့ ချပြလာသည်။

w800_m0_yichecar_c42f4b05-7d91-4412-843c-d3d95503413d-jpg-large-800x489-(1).jpg

တရုတ်ပြည်တွင် Lafa 5 ကို မကြာမီ၌ pre-order စတင်ရောင်းချပေးမည်ဖြစ်ပြီး ဝယ်သူများလက်သို့ ၂၀၂၅ ခုနှစ်၊ စတုတ္ထ ၃ လပတ်တွင် ဖြန့်ချိပေးပို့သွားမည်ဖြစ်ကြောင်း Leapmotor က ကြေညာသည်။

w800_m0_yichecar_7218e404-ae04-4500-8360-db6e8951d89f-jpg-large-800x572.jpg

ပြိုင်ကားဆန်သည့် variant ဖြစ်သော Lafa 5 Ultra ကိုမူ တရုတ်ပြည်တွင် ၂၀၂၆ ခုနှစ်အတွင်း စတင်ဖြန့်ချိဖွယ်ရှိကြောင်း ခန့်မှန်းရသည်။

w800_m0_yichecar_4b062016-c339-4d4c-a08e-943cd196025f-jpg-large-800x600.jpg

Lafa 5 သည် Leapmotor ၏ ရှိရင်းစွဲ design language ကို ဆက်လက်အသုံးပြုထားပြီး ထူးခြားကွဲပြားသော feature များ ထပ်ပေါင်းဖြည့်စွက်ထားသည်။ရှေ့ပိုင်းတွင် Leapmotor ၏ signature ဖြစ်သော ရှေ့မီးကြီးများကို ဆက်သွယ်ပေးသည့် LED မီးတန်းကို ယခင်မော်ဒယ်များနည်းတူ ဆက်လက်ထည့်သွင်းပေးထားသည်။ ရှေ့ဘန်ပါမှာ ရှေ့သို့ ငေါထွက်နေသည့် ဒီဇိုင်းဖြစ်ရာ Dynamic ဖြစ်သည့် ရုပ်ထွက်ရှိသည်။အချို့သော trim များတွင် အမိုးပေါ် LiDAR ဖြင့် ကား၏ Intelligent driving assistance စနစ်ကို support ပေးထားသည်။Lafa 5 တွင် ရွေးစရာ အရောင် ၆ မျိုးလာသည်။

w800_m0_yichecar_85c7dfd5-6285-4fb1-85d4-0408b22a0820-jpg-large-800x600.jpg

ကားအရွယ်အစားကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း Volkswagen ID.3 နှင့် အရွယ်အစားတူသည်ဟု ခန့်မှန်းရသည်။ID.3 ၏ အရွယ်အစားမှာ 4,262/ 1,809/ 1,552 mm ဖြစ်သည်။ Powertrain မှာ B10 နှင့် အလားတူ ဖြစ်ဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။

w800_m0_yichecar_8111f0b3-3908-402c-8c28-8da94ed558d7-jpg-large-800x600.jpg

Entry -level မော်ဒယ်များတွင် အထွက်အား 132 kW (177 hp) ရှိ မော်တာနှင့် 56.2 kWh LFP ဘက်ထရီတို့ အသုံးပြုဖွယ်ရှိသည်။

အမြင့်ပိုင်း trim များတွင်မူ 160 kW (215 hp) မော်တာနှင့် 67.1 kWh LFP ဘက်ထရီတို့ သုံးဖွယ်ရှိကြောင်း ခန့်မှန်းရသည်။

w800_m0_yichecar_f62a00aa-f395-4c35-a5e3-26bd857efaa6-jpg-large-800x559.jpg

Lafa 5 သည် ပြည်ပဈေးကွက်ချဲ့ထွင်ရေးအတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း Leapmotor ၏ Senior Vice President ဖြစ်သူ Cao Lin က ပြောသည်။Leapmotor ၏ ရှယ်ယာ အချို့ကို Stellantis က ပြီးခဲ့သောနှစ်အတွင်း ဝယ်ယူထားခဲ့သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လအထိ Leapmotor သည် တရုတ်ပြည်တွင် ကားအစင်းရေ ၃၂၈၈၅၉ စင်း ရောင်းချထားရသည်။ လက်ရှိအားဖြင့် ပြည်တွင်းတွင် ရောင်းချပေးနေသော ကားမော်ဒယ် ၇ မျိုးရှိပြီး ပြည်ပတွင် ၃ မျိုး ရောင်းချပေးနေသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Leapmotor Lafa 5 compact EV hatchback makes global debut at the 2025 Munich Motor Show (carnewschina)