ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ယနေ့စတင်ကျင်းပသည့် နိုင်ငံတကာ ကားပြပွဲကြီး IAA Mobility 2025 အကြောင်း

  • 55 views

iaa-munich-motor-show-2025-preview.jpg

ဂျာမနီ နိုင်ငံတကာ ကားပြပွဲ (ဂျာမန်ဘာသာအရ IAA) သည် ကမ္ဘာ့အကြီးမားဆုံး ကားပြပွဲကြီးများတွင် တစ်ခု အပါအဝင်ဖြစ်ပြီး ၁၉၉၁ ခုနှစ်မှစကာ ပွဲ ၂ မျိုး ခွဲထုတ်လိုက်သည်။

တစ်မျိုးမှာ IAA Mobility ဖြစ်ပြီး အိမ်စီးကားများ၊ မော်တော်ဆိုင်ကယ်များ ပြသကာ အခြားတစ်မျိုးမှာ IAA Transportation ဟု အမည်ပေးထားပြီး လုပ်ငန်းသုံးကားများကို အဓိက ပြသသည်။

ထိုသို့ ၂ ပွဲ ခွဲမထုတ်မီက Messe Frankfurt ကုမ္ပဏီက စီစဉ်ပေးခဲ့သည်။

ကြိမ်နှုန်း= နှစ်စဉ် (IAA Mobility ကို မဂဏန်း ကျသောနှစ်များတွင် ကျင်းပပြီး IAA Transportation ကို စုံဂဏန်းကျသော နှစ်များတွင် ကျင်းပသည်)

ကျင်းပသောနေရာ= IAA Mobility ကို မြူးနစ်မြို့ရှိ Messe München ပြပွဲစင်တာ / IAA Transportation ကို Hanover မြို့မှ Hanover ပြပွဲနှင့်ကုန်သွယ်ရေးစင်တာ 
ကျင်းပသောနိုင်ငံ= ဂျာမနီ
ဖြတ်သန်းမှု= ၁၈၉၇ ခုနှစ်မှ ယနေ့ကာလအထိ
လက်ရှိ ကျင်းပနေသည့်ပွဲ = IAA Mobility (9 – 14 September 2025)
ဆက်လက် ကျင်းပမည့်ပွဲ= IAA Transportation (15 – 19 September 2026)
ကြီးမှူးကျင်းပသူ= Verband der Automobilindustrie (VDA)

တရားဝင် ဝက်ဘ်ဆိုက်= www.iaa-mobility.com
IAA သည် ကမ္ဘာ့အထင်ကရ ကားပြပွဲကြီး ၅ ခုတွင် တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခံထားရသည်။

ပထမဆုံး IAA ကားပြပွဲကို ၁၈၉၇ ခုနှစ်တွင် ဘာလင်မြို့ရှိ Hotel Bristol တွင် ကျင်းပခဲ့ပြီး ထိုစဉ်က စုစုပေါင်း ကား ၈ စင်းတည်းသာ ပြသခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် မော်တော်ကားများ လူသိများ လက်ခံလာကြပြီးနောက် ဂျာမနီတွင် IAA ကို ပုံမှန်ကျင်းပခဲ့ရာ အနည်းဆုံးအားဖြင့် တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပခဲ့ပြီး အများအားဖြင့် ဘာလင်မြို့တွင် ဖြစ်သည်။

ယခုနှစ် ပြပွဲ (IAA Mobility 2025) ကို စက်တင်ဘာ ၉ ရက်မှ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြူးနစ်ကားပြပွဲဟု လူသိများသည်။

ယခုနှစ် ကားပြပွဲကြီးတွင် ဥရောပနှင့် နိုင်ငံတကာ ကားထုတ်လုပ်သူများ များပြားစွာ ပါဝင်ကြမည် ဖြစ်သည်။

တရုတ်ကားထုတ်လုပ်သူ များစွာလည်း မြူးနစ်ပြပွဲတွင် ပါဝင်လိမ့်မည်ဟု ခန့်မှန်းရပြီး ကားသစ်မိတ်ဆက်မှု အနည်းငယ်လည်း စီစဉ်ထားသည်။

အမေရိကန်မှ ကားထုတ်လုပ်သူများကို ကြည့်လျှင်မူ Ford နှင့် Lucid တို့မှလွဲပြီး ယခုပြပွဲတွင် အများစုမှာ ပါဝင်လိမ့်မည် မဟုတ်ချေ။

ယခုနှစ် ပြပွဲတွင် လျှပ်စစ်ကားများ ကြီးစိုးထားလိမ့်မည်ဖြစ်သည်။ သို့သော် သမားရိုးကျ ICE များနှင့် hybrid များလည်း ပါဝင်မည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: International Motor Show Germany (motor1)