- ပင်မစာမျက်နှာ
- ကားသတင်းများ
- Huawei က မော်ဒယ်သစ် Aito M7 ကို pre-sale ရောင်းချပေးရာတွင် တစ်နာရီအတွင်း အစင်းရေ ၁၀၀,၀၀၀ ကျော် အမှာစာ ရရှိ
Huawei က မော်ဒယ်သစ် Aito M7 ကို pre-sale ရောင်းချပေးရာတွင် တစ်နာရီအတွင်း အစင်းရေ ၁၀၀,၀၀၀ ကျော် အမှာစာ ရရှိ
- 72 views
တရုတ်ပြည်ကားလောက ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ HIMA (Harmony Intelligent Mobility Alliance) သည် စက်တင်ဘာလ ၅ ရက်က မော်ဒယ်သစ် (HIMA) Aito M7 ကို pre-order စတင်ရောင်းချပေးခဲ့သည်။
(ဆက်စပ်သတင်း)
Huawei က ၂၀၂၆ မော်ဒယ် Aito M7 ကို ယနေ့ (စက်တင်ဘာ ၅ ) pre-order စတင်ရောင်းချမည်
https://www.carsdb.com/my/news/1312
(မှတ်ချက်။ HIMA သည် Huawei ဦးဆောင်သော တရုတ်ပြည်ကားလောက ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖွဲ့ကြီးဖြစ်ပြီး Aito, Luxeed (Chery), Stelato (BAIC), Maextro (JAC Group) နှင့် SAIC တို့ ပါဝင်သည်။)
Current Aito M7.
Current Aito M7.
Aito M7 ၏ ဈေးနှုန်းမှာ အနိမ့်ဆုံး ယွမ် ၂၈၈၀၀၀ (ကန်ဒေါ်လာ ၄၀၃၀၀) မှ စတင်ပြီး BEV နှင့် EREV variant များ လာသည်။ထိုနေ့က pre-order ရောင်းချရာတွင် ၁၀ မိနစ်အတွင်း အစင်းရေ ၂၀,၀၀၀ ၊ တစ်နာရီအတွင်း အစင်းရေ ၁၀၀,၀၀၀ ကျော် အမှာစာ ရရှိခဲ့ကြောင်း HIMA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။Aito M7 ကို လာမည့် စက်တင်ဘာ ၂၃ ရက်တွင် တရားဝင် စတင်မိတ်ဆက်ရန် စီစဉ်ထားသည်။
နှိုင်းယှဉ်ချက်အနေဖြင့် ကြည့်မည်ဆိုလျှင် လက်ရှိဈေးကွက်တွင် ရောင်းပေးနေသော မော်ဒယ်မှာ အနိမ့်ဆုံး ဈေးနှုန်း ယွမ် ၂၅၉၈၀၀ (ဒေါ်လာ ၃၅၀၀၀) မှ စသည်။
မော်ဒယ်သစ် Aito M7 မှာ ရုပ်ထွက်၊ အတွင်းပိုင်း၊ ဖွဲ့စည်းပုံနှင့် အရွယ်အစား အားလုံး upgrade လုပ်ထားသည်။
ရှေ့မျက်နှာစာ ဒီဇိုင်းမှာ Aito M8 နှင့် ဆင်သည်။
ရှေ့မီးကြီးများကို ဆက်သွယ်ပေးထားသည့် မီးတန်းပါသည်။ Aito လိုဂိုမှာ မီးတန်း၏ အပေါ်ဘက်သို့ နေရာပြောင်းထားသည်။
All-new Aito M7.
All-new Aito M7.
Series တစ်ခုလုံးတွင် Huawei ၏ Qiankun ADS 4.0 ADAS စနစ်နှင့် LiDAR တို့ကို standard အနေဖြင့် သုံးထားသည်။
LiDAR မှာ ပုံစံ ၂ မျိုးလာသည်။
All-new Aito M7.
All-new Aito M7.
High-end trim များတွင် အမိုးပေါ်တွင်ထားရှိသော LiDAR ၊ အနောက်ဘက်သို့ မျက်နှာမူသော solid-state lidar နှင့် 4D millimeter-wave radar ၅ ခုပါသည်။
အခြား ပုံစံမှာ in-cabin စနစ်ဖြစ်ပြီး Limera ဟုခေါ်သော LiDAR နှင့် ကင်မရာတို့ ပေါင်းစပ်သည့် စနစ်ကို အသုံးပြုထားကာ ညအချိန်တွင် ၃၀ စင်တီမီတာရှိ အတားအဆီးမျိုးအထိ ထောက်လှမ်းနိုင်သည်။
Side view.
Aito M7 ၏ အရွယ်အစားမှာ 5080/1999/1780 mm (l/w/h) ဖြစ်ပြီး wheelbase မှာ 3030 mm ရှိသည်။
လက်ရှိ မော်ဒယ်နှင့် နှိုင်းယှဉ်လျှင် မော်ဒယ်သစ် Aito M7 မှာ အလျား ၆၀ မီလီမီတာ ၊ wheelbase ၂၁၀ မီလီမီတာ ပိုမိုရှည်လျားလာသည်။5 seat နှင့် 6 seat ဟူ၍ ယခင်အတိုင်း ၂ မျိုးလာသည်။
BEV နောက်ယက်တွင် အထွက်အား 227 kW (304 hp) ရှိသော လျှပ်စစ်မော်တာ တစ်လုံး အသုံးပြုထားသည်။
AWD တွင်မူ အထွက်အား 160 kW (215 hp) ရှိသော ရှေ့မော်တာတစ်လုံးပါ ထည့်ထားသည်။
BEV တွင် standard အနေဖြင့် 100 kWh ဘက်ထရီသုံးထားပြီး CLTC range ရွေးစရာ ၂ မျိုးရှိရာ ၇၁၀ ကီလိုနှင့် ၆၆၀ ကီလိုတို့ ဖြစ်သည်။
Cockpit.
EREV variant တွင်1.5L အင်ဂျင်ကို range-extender အနေဖြင့် ထည့်ပေးထားပြီး အထွက်အား 118 kW (158 hp) ရှိသည်။
EREV variant တွင် CLTC comprehensive range ရွေးစရာ ၃ မျိုးရှိရာ ၁၄၆၅ ကီလို၊ ၁၅၁၀ ကီလိုနှင့် ၁၆၂၅ ကီလိုတို့ ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Huawei’s all-new Aito M7 received more than 100,000 pre-orders within first hour (carnewschina)