(၂၀၂၃) ခုနှစ် ဧပြီလမှ ဒီဇင်ဘာလကုန်အထိ သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ (၂ ဒသမ ၄) ဘီလီယံကျော်ရရှိထား

  • 95 views

ပြီးခဲ့တဲ့ (၂၀၂၃) ခုနှစ် ဧပြီလကနေ ဒီဇင်ဘာလကုန်အထိ သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ (၂ ဒသမ ၄) ဘီလီယံကျော် ရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ သိရပါတယ်။ ပြီးခဲ့တဲ့ (၈) လအတွင်း ပြည်ပပို့ကုန်တွေထဲမှာ သဘာဝဓာတ်ငွေ့တင်ပို့မှုဟာ ဒုတိယအများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်နဲ့နှိုင်းယှဉ်ပါက အခုနှစ်သဘာဝဓာတ်ငွေ့တင်ပို့မှုကနေရရှိတဲ့ နိုင်ငံခြားဝင်ငွေဟာ (၁) ဘီလီယံနီးပါး လျော့ကျသွားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ပို့ကုန်တင်ပို့မှုစာရင်းတွေအရ သိရပါတယ်။

ကမ်းလွန်သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်းကို ရတနာ ၊ ရဲတံခွန် ၊ ရွှေနဲ့ ဇောတိကစီမံကိန်းတွေကနေ ထုတ်လုပ် နေတာဖြစ်ပြီး ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံ နဲ့ ဂျပန်နိုင်ငံတို့ကို သဘာဝဓာတ်ငွေ့အများဆုံး ရောင်းချနေတာ ဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ပို့ကုန်တင်ပို့မှုစာရင်းတွေအရ သိရပါတယ်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com