BYD Yangwang U9 ဈေးတက်သွားရာ ဒေါ်လာ ၂၃၀,၀၀၀ ကျော်မှ ဒေါ်လာ ၂၅၀,၀၀၀ ကျော်သို့ ရောက်ရှိသွား

  • 75 views

image-18-800x533.jpg

BYD သည် Yangwang U9 လျှပ်စစ်ပြိုင်ကားကို ဈေးနှုန်းပြင်ဆင်မှုများ ပြုလုပ်လာရာ မူရင်းဈေးထက် ယွမ် ၁၂၀၀၀၀ (ကန်ဒေါ်လာ ၁၆၂၀၀) ခန့် ဈေးတက်သွားသည်။

ယခင်ဈေးနှုန်း ယွမ် ၁ ဒသမ ၆၈ သန်းရှိခဲ့ရာမှ ယခုအခါ ယွမ် ၁ ဒသမ ၈ သန်း (ကနဒေါ်လာ ၂၅၂၅၄၀) သို့ ဈေးတက်သွားခြင်း ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်ကြား deposit သွင်းကာ မှာယူမည့် customer များအနေဖြင့် အာမခံ ၆ နှစ် (သို့မဟုတ်) မိုင် ၉၃၂၀၀ ရရှိမည်ဟု ဆိုသည်။ထိုအာမခံတွင် electric system ၃ မျိုး၊ upgrade လုပ်ခြင်း/ ADAS စနစ်များ အပါအဝင် ထပ်တိုးဝန်ဆောင်မှုများလည်း ပါဝင်မည် ဖြစ်သည်။ တရုတ်ပြည်တွင် ဈေးနှုန်းစစ်ပွဲပြင်းထန်လျက်ရှိချိန်၌ BYD ၏ mainstream မော်ဒယ်များလည်း အပြိုင်အဆိုင် ဈေးလျှော့ပေးနေသော်လည်း Yangwang U9 မှာမူ လမ်းကြောင်း ကွဲပြားနေသည်။

Yangwang U9 Xtreme မှာ ကမ္ဘာ့အတိုင်းအတာ ထုတ်လုပ်မှု အမြန်ဆုံးကားအဖြစ် စံချိန်တင်လိုက်ချိန်တွင် ယခုကဲ့သို့ Yangwang U9 ၏ ဈေးနှုန်းမြင့်တက်လာခြင်းလည်း ဖြစ်သည်။Yangwang U9 Xtreme ကို ဂျာမနီရှိ Automotive Testing Papenburg တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း စမ်းသပ်မောင်းနှင်ခဲ့ရာတွင် 496.22 km/h (308.4 mph) မောင်းနှင်ကာ ကမ္ဘာ့စံချိန်တင်ထားသည်။

Xtreme variant မှာ အစင်းရေ ၃၀ သာ ကန့်သတ်ထုတ်လုပ်သော ကားလည်း ဖြစ်သည်။

Yangwang U9 တွင် လိပ်ပြာတောင်ပံတံခါးများနှင့် နောက်ဘက် spoiler တို့ ပါဝင်သည်။ အရွယ်အစားမှာ 4,966/ 2,029/1,295 mm ရှိပြီး wheelbase မှာ 2,900 mm ရှိသည်။ရှေ့တာယာများမှာ 275/35 R21 ဖြစ်ပြီး နောက်တာယာများမှာ 325/30 R21 ဖြစ်သည်။

မော်တာ ၄ လုံး အသုံးပြုထားပြီး မော်တာတစ်လုံးစီ၏ အထွက်အားမှာ 240 kW ရှိသည်။စုစုပေါင်း အထွက်အား 960 kW (မြင်းကောင်ရေ ၁၃၀၆ ခန့်) ရှိပြီး ရုန်းအားမှာ 1,680 Nm (1,239 lb-ft) ဖြစ်သည်။အမြန်နှုန်း တင်နိုင်စွမ်းအနေဖြင့် 0–100 km/h (0–62 mph) ကို ၂ ဒသမ ၃၆ စက္ကန့်အတွင်း ရနိုင်သည်။ အမြင့်ဆုံးမောင်းနိုင်သည့် မြန်နှုန်းမှာ 309 km/h (192 mph) ဖြစ်သည်။80 kWh ဘက်ထရီသုံးထားပြီး မောင်းနိုင်မည့် CLTC range မှာ ကီလို ၄၅၀ (မိုင် ၂၈၀) ဖြစ်သည်။

အမြန်အားသွင်းစနစ်ဖြင့် အားသွင်းလျှင် ၃၀ မှ ၈၀ ရာခိုင်နှုန်းအထိရရန် ၁၀ မိနစ်သာ ကြာမြင့်သည်။ အနှေးအားသွင်းစနစ်ဖြင့်ဆိုလျှင်မူ ၇ နာရီခန့် အားသွင်းရမည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD Yangwang U9 price hikes 16,200 USD after Xtreme Edition claims title as fastest production car 
(carnewschina)