GWM က မြင်းကောင်ရေ ၄၅၂ အားရှိသော Wey Gaoshan 7 MPV ကို ဒေါ်လာ ၄၀,၀၀၀ ဖြင့် စတင်မိတ်ဆက်

  • 20 views

e59bbee78987-45-e1760577658543-800x451.jpg

Great Wall Motor က ၎င်း၏ premium brand ဖြစ်သော Wey Gaoshan 7 MPV ကို ယွမ် ၂၈၅၈၀၀ (ကန်ဒေါ်လာ ၄၀,၀၀၀) ဖြင့် တရားဝင်မိတ်ဆက်လာသည်။

Coffee Pilot Ultra intelligent driving assistance system သုံးထားသော MPV ကို အောက်တိုဘာ ၁၅ ရက်တွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

e59bbee78987-46-800x533.png

Gaoshan 7 တွင် Wey ၏ နောက်ဆုံးပေါ် design language ကို သုံးထားပြီး ရေတံခွန်အသွင် ခရိုမီယံ grille ရှိသည်။

Gaoshan 7 ၏ အရွယ်အစားမှာ 5050/ 1960/ 1900mm ရှိပြီး wheelbase မှာ 3085 mm ဖြစ်သည်။

Gaoshan 7 MPV တွင် အီလက်ထရောနစ် စနစ်သုံး slide တံခါးများနှင့် floating roof တို့ တွေ့ရသည်။

e59bbee78987-47-800x533.png

၁၅ ဒသမ ၆ လက်မ 2.5K dual screen ထည့်ပေးထားသည့်အပြင် ၁၂ ဒသမ ၃ လက်မ digital instrument cluster နှင့် ၂၆ လက်မ SR-HUD (Head-Up Display) တို့လည်း ပါဝင်သည်။

ထိုင်ခုံအခင်းအကျင်းမှာ 2+2+3 seven-seat layout ဖြစ်သည်။ဒုတိယတန်း ထိုင်ခုံများတွင် အီလက်ထရောနစ်ဖြင့် ထိန်းချုပ်နိုင်မှု၊ လေဝင်လေထွက်စနစ်၊ အပူပေးစနစ်တို့ ထည့်ပေးထားသည်။ထို့အပြင် zero-gravity အနှိပ်ထိုင်ခုံလည်း ရွေးစရာရှိသည်။

e59bbee78987-48-800x533.jpg

Gaoshan 7 တွင် GWM ၏ Hi4 Performance Version intelligent 4WD hybrid နည်းပညာကို သုံးထားသည်။အဆိုပါ Powertrain တွင် range extension, parallel hybrid နှင့် direct drive modes များကို ပေါင်းစပ်ပေးထားပြီး စုစုပေါင်းအထွက်အား 337 kW (452 hp) ရှိသည်။

ထို့အပြင် အဝေးပြေးလမ်းနှင့် မြို့ပေါ် NOA (Navigation on Autopilot) စွမ်းဆောင်ရည်များနှင့် intelligent parking assistance စနစ်တို့ support ပေးသော Coffee Pilot Ultra system အသုံးပြုထားသည်။

e59bbee78987-49-800x533.jpg

Gaoshan 7 တွင် sensor ၂၇ ခုအထိ အသုံးပြုထားရာ ရှေ့ဘက်သို့ မျက်နှာမူထားသည့် 8-megapixel ကင်မရာ ၂ ခု၊ 128-line LiDAR ၁ ခု၊ millimetre-wave ရေဒါ ၃ ခု၊ ultrasonic ရေဒါ ၁၂ ခု၊ surround-view ကင်မရာ ၄ ခု၊ ဘေးကြည့်ကင်မရာ ၄ ခု၊ နောက်ကြည့်ကင်မရာ ၁ ခုတို့ ပါဝင်သည်။အချက်အလက်အားလုံးကို Nvidia Orin X chip ဖြင့် လက်ခံအသုံးပြုသည်။

Premium feature များအနေဖြင့် နောက်ခုံတွင် လိုက်ပါမည့်သူများအတွက် ceiling-mounted entertainment စခရင်၊ အပူအအေး refrigerator တစ်လုံး၊ ခေါက်စားပွဲများ၊ ကြိုးမဲ့ ဖုန်းအားသွင်းစနစ်နှင့် electronic gear selector တို့ ပါဝင်မည် ဖြစ်သည်။

e59bbee78987-50-800x533.jpg

e59bbee78987-51-800x533.png

e59bbee78987-52-800x533.png

e59bbee78987-53-800x533.png

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: GWM’s Wey Gaoshan 7 MPV with 452 hp launches at 40,000 USD (carnewschina)