ဆံပင်ကေ ခပ်မိုက်မိုက်နဲ့ နာမည်ကြီးနေတဲ့ Honda ကုမ္ပဏီရဲ့ အသက် ၈၄ နှစ်အရွယ် အင်ဂျင်နီယာချုပ်

  • 24 views

Shotaro_Odate_1759974214467_1759974246097.jpg

Honda ကုမ္ပဏီ၏ အသက် ၈၄ နှစ်အရွယ် အင်ဂျင်နီယာချုပ်မှာ ထူးခြားသော ကာတွန်းဇာတ်ကောင်ပုံ ဆံပင်စတိုင်ကြောင့် အွန်လိုင်းတွင် နာမည်ကြီးနေသည်။

၎င်း၏ အမည်မှာ ရှိုတရို့ အိုဒတဲ့ ဖြစ်သည်။

အိုဒတဲ့သည် Honda Motor ကုမ္ပဏီ၏ အဆင့်မြင့်နည်းပညာထုတ်လုပ်ရေးဌာန အကြီးအကဲဖြစ်ပြီး သူ၏ ဆံပင်ပုံမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်နေသည်။အိုဒတဲ့သည် ဂျပန်ကာတွန်းဇာတ်ကောင်များဖြစ်သော Naruto မှ Kakashi နှင့် Dragon Ball မှ Saiyans တို့ကို inspire ယူကာ ဆံပင်ပုံစံ ထားထားခြင်းဖြစ်သည်။

ဂျပန် variety show တစ်ခုတွင် အိုဒတဲ့ ပြောခဲ့သည်မှာ ယခုဆံပင်ပုံစံ ထားထားသည်မှာ ၅ နှစ်ခန့် ရှိခဲ့ပြီဖြစ်သည်ဟု ဆိုသည်။South China Morning Post သတင်းဌာန၏ ဖော်ပြချက်အရ အိုဒတဲ့သည် လူငယ်ဘဝက တစ်နေ့တစ်နေ့ ဆံပင်ကို အချိန်များစွာ အကုန်ခံကာ အလှပြင်နေလေ့ရှိခဲ့သည်ဟု ဆိုသည်။

G1dbrOCWAAABCE1.jpg

သို့သော် ပြီးခဲ့သော နှစ်အနည်းငယ်ခန့်မှစပြီး အိုဒတဲ့သည် gel လိမ်းပြီး ဆံပင်ကို မျက်နှာဘယ်ဘက်ခြမ်းပေါ်သို့ ကျနေသည့်ပုံစံသာထားခဲ့ကြောင်း၊ ဆံပင်အတွက် များစွာအချိန်ကုန် မခံနိုင်တော့သောကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။အိုဒတဲ့သည် အအိပ်အနေနည်းပြီး မနက်မိုးလင်းလျှင် ဆံပင်မှာ ဖရိုဖရဲဖြစ်နေတတ်သည်။

အိုဒတဲ့သည် safe driving နည်းပညာနှင့် ပတ်သက်ပြီး မူပိုင်ခွင့် ၂၅၃ ခုအထိ ပိုင်ဆိုင်ထားသူ ဖြစ်သည်။၂၀၀၃ ခုနှစ်တွင် Honda သို့ စတင်ဝင်ရောက်ခဲ့ချိန်က ဒီဇိုင်နာတစ်ဦးအနေဖြင့် seat belt များ အထူးပြု ဒီဇိုင်းဆွဲခဲ့သည်။အိုဒတဲ့သည် Honda SENSING 360+ ADAS system ကို ထုတ်လုပ်ခဲ့သော ဦးဆောင်အင်ဂျင်နီယာလည်း ဖြစ်သည်။

ထို့အပြင် ယာဉ်မောင်း၏ မျက်လုံးရွေ့လျားပုံကို စောင့်ကြည့်မည့် smart ကင်မရာတစ်မျိုးလည်း တီထွင်နေသည်။ဆံပင်ဖြင့်အုပ်နေသော မိမိ၏ ဝဲဘက်မျက်လုံးကို ကင်မရာက မည်မျှ ခြေရာခံနိုင်သည်ကို အိုဒတဲ့က လက်တွေ့စမ်းသပ်နေသည်။

ယာဉ်မောင်း အိပ်ငိုက်သည့် အခြေအနေမျိုးတွေ့ရလျှင် သတိပေး alarm မြည်စေမည့် နည်းပညာဖြစ်ပြီး အိုဒတဲ့က မိမိကိုယ်မိမိ အစမ်းသပ်ခံအဖြစ် စမ်းသပ်နေခြင်း ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Honda's 84-year-old chief engineer goes viral for anime-inspired hairstyle, 253 patents, 170kg bench press  (livemint)