- ပင်မစာမျက်နှာ
- ကားသတင်းများ
- Toyota bZ3X ညာမောင်းကို ဟောင်ကောင်နှင့် မကာအိုတို့တွင် ဒေါ်လာ ၃၃၁၀၀ ဖြင့် စတင်ရောင်းချ၊ ပြည်မကြီးတွင် ရောင်းသောဈေးထက် ၅၀ ရာခိုင်နှုန်းခန့် ပိုမိုဈေးကြီး
Toyota bZ3X ညာမောင်းကို ဟောင်ကောင်နှင့် မကာအိုတို့တွင် ဒေါ်လာ ၃၃၁၀၀ ဖြင့် စတင်ရောင်းချ၊ ပြည်မကြီးတွင် ရောင်းသောဈေးထက် ၅၀ ရာခိုင်နှုန်းခန့် ပိုမိုဈေးကြီး
- 22 views
တိုယိုတာသည် bZ3X electric SUV (ညာမောင်း) ကို ဟောင်ကောင်နှင့် မကာအိုတို့တွင် စတင်ရောင်းချပေးလာသည်။
ယခု bZ3X မှာ ဟောင်ကောင်အတွက် အထူးထုတ်လုပ်ထားသော လျှပ်စစ်ကားဖြစ်ပြီး Kowloon Bay ရှိ flagship showroom တွင် စက်တင်ဘာ ၂၇ ရက်က စတင်မိတ်ဆက်ခဲ့သည်။
မကာအိုတွင် ရောင်းချပေးသည့်ဈေးနှုန်းမှာ ဟောင်ကောင်ဒေါ်လာ ၂၅၉၀၀၀ (ဒေါ်လာ ၃၃၁၀၀) ဖြစ်သည်။
ဟောင်ကောင်တွင် ရောင်းချပေးသည့်ဈေးနှုန်းကိုမူ တရားဝင်ကြေညာခြင်း မရှိချေ။ သို့သော် မကာအိုတွင် ရောင်းသည့်ဈေးနှင့် ကွာခြားဖွယ်ရှိသည်။
ဟောင်ကောင်နှင့် မကာအိုတို့တွင် ရောင်းချပေးသည့် bZ3X တွင် အသုံးပြုထားသည့် မော်တာမှာ အထွက်အား 150 kW ရှိပြီး ရုန်းအားမှာ 210 Nm ရှိသည်။
ဘက်ထရီမှာ 70.0 kWh lithium-iron-phosphate (LFP) ဘက်ထရီဖြစ်ပြီး မောင်းနိုင်မည့် range မှာ ၅၆၅ ကီလိုဖြစ်သည်။
အရွယ်အစားမှာ အလျား ၄၆၀၀ မီလီမီတာ၊ ဗျက် ၁၈၅၀ မီလီမီတာ၊ အမြင့် ၁၆၄၅ မီလီမီတာရှိကာ wheelbase မှာ ၂၇၆၅ မီလီမီတာ ဖြစ်သည်။
၁၉ လက်မ အလွိုင်းအသုံးပြုထားပြီး တာယာမှာ 225/45R19 တာယာများ ဖြစ်သည်။
((မှတ်ချက်။ Toyota bZ3X SUV ၏ အသေးစိတ်အချက်အလက်များကို အောက်ပါ သတင်းတွင် ဖတ်ရှုလေ့လာနိုင်ပါသည်)
Toyota bZ3X SUV ကို တရုတ်ပြည်တွင် ကန်ဒေါ်လာ ၁၅၁၀၀ ဖြင့် စတင်ရောင်းချ၊ တရုတ်ပြည်ထုတ်ပစ္စည်း ၆၅ ရာခိုင်နှုန်း အသုံးပြုထားသော မော်ဒယ်ဖြစ်
https://www.carsdb.com/my/news/1059
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Toyota bZ3X RHD debuts in Hong Kong & Macau at 33,100 USD, nearly 50% above the Mainland China price