- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဂျပန်ဘီလျံနာကြီးက ဇနီး၊ သားသမီးများနှင့် ကားမောင်းပြိုင်ရန်အတွက် ကားပြိုင်ကွင်းတစ်ခုကို ဒေါ်လာ သန်း ၂၀၀ အကုန်အကျခံဆောက်လုပ်
ဂျပန်ဘီလျံနာကြီးက ဇနီး၊ သားသမီးများနှင့် ကားမောင်းပြိုင်ရန်အတွက် ကားပြိုင်ကွင်းတစ်ခုကို ဒေါ်လာ သန်း ၂၀၀ အကုန်အကျခံဆောက်လုပ်
- 19 views
ဂျပန်နိုင်ငံမှ ဘီလျံနာကြီးတစ်ဦးသည် ဇနီးနှင့် သားသမီးများ ပြိုင်ကားမောင်းရန်အတွက် သီးသန့်ကိုယ်ပိုင် ကားပြိုင်ကွင်းတစ်ခုကို ဒေါ်လာ သန်း ၂၀၀ အကုန်အကျခံကာ ဆောက်လုပ်ခဲ့သည်။
ဘီလျံနာကြီးက သူ၏ ကားပြိုင်ကွင်းကို Magarigawa Club ဟု အမည်ပေးထားပြီး ဂျပန်နိုင်ငံ၊ ချီဘာခရိုင်မှ တောင်တန်းများအကြားတွင် တည်ရှိသည်။
ပြိုင်ကားများမှာ မောင်းနှင်နိုင်မည့်နေရာ ရှားပါးသည်။ ပြိုင်ကားကွင်းများ ရှိသော်လည်း ပိတ်သိမ်းလိုက်ကြသည်က များနေသည်။
သို့သော် ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်တို့အတွက် ငွေတတ်နိုင်လျှင် အရာခပ်သိမ်း ပြီးစီးသည်ဟု ဆိုနိုင်သည်။
ဘီလျံနာကြီး၏ ကားပြိုင်ကွင်းမှာ တိုကျိုပင်လယ်ကွေ့ကို စီးမိုးတွေ့မြင်နေရပြီး နောက်ဘက်ဆီတွင် ဖူဂျီတောင်ကြီးကို လှမ်းမျှော် တွေ့မြင်နိုင်သည်။
ကားပြိုင်ကွင်းမှာ အလျား ၂ မိုင်ကျော်ရှိပြီး စံအိမ်တစ်လုံးရှေ့မှ စတင်ထားကာ ဆင်ဝင်နှင့် ရေကူးကန်ကြားကို ဖြတ်သန်းပြီး တောင်တန်းများဆီအထိ ဆန့်ထွက်သွားသည်။
ဘာရိန်းနိုင်ငံနှင့် အဘူဒါဘီတို့ရှိ ဂရင်းပရီ ပြိုင်ကားကွင်းများ ဖောက်လုပ်ခဲ့သူ Hermann Tilke က ဒီဇိုင်းရေးဆွဲပေးခြင်း ဖြစ်သည်။
လမ်းကွေ့ ၂၂ ခုနှင့် ကုန်းဆင်းကုန်းတက်များ ပါဝင်သည်။
မူလက ဇနီးနှင့် သားသမီးများ အပန်းဖြေရန်သီးသန့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် အသင်းဝင်ကြေး ဒေါ်လာ ၂၃၀၀၀၀ ကောက်ခံကာ အခြားသူတို့လည်း အသုံးပြုနိုင်သည့် private club အဖြစ် ပြောင်းလဲခဲ့သည်။
Magarigawa Club ၏ ကိုယ်ပိုင် အင်စတာဂရမ် စာမျက်နှာလည်းရှိသည်။
လာရောက်မောင်းနှင်ကြသည့် ပြိုင်ကားများအကြောင်းလည်း ဖော်ပြထားရာ Lamborghini Revuelto, Aston Martin Valkyrie AM Pro နှင့် Apollo Evo တို့ အပါအဝင် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Japanese billionaire builds $200 million racetrack to race his wife and kids