- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်မှ EV startup ကုမ္ပဏီများ၏ စက်တင်ဘာလရောင်းအားတွင် Leapmotor က အစင်းရေ ၆၆၆၅၇ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်
တရုတ်ပြည်မှ EV startup ကုမ္ပဏီများ၏ စက်တင်ဘာလရောင်းအားတွင် Leapmotor က အစင်းရေ ၆၆၆၅၇ ဖြင့် ထိပ်ဆုံးမှ ဦးဆောင်
- 16 views
တရုတ်ပြည်မှ စွမ်းအင်သစ် (NEV) startup ကုမ္ပဏီများက ၎င်းတို့၏ စက်တင်ဘာလ ရောင်းအားပမာဏကို ထုတ်ပြန်ကြေညာလသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက် ပေကျင်း စံတော်ချိန် ၁၀ နာရီ ၃၆ မိနစ်အချိန်အထိ အချက်အလက်များအရ Leapmotor မှာ ထိပ်ဆုံးမှ ဦးဆောင်နေပြီး ၎င်း၏နောက်တွင် Xpeng နှင့် Li Auto တို့ အသီးသီး ရပ်တည်နေသည်။
■ Leapmotor
(Leapmotor ၏ လက်ရှိ lineup ။ ဓာတ်ပုံ- Leapmotor)
Leapmotor ၏ စက်တင်ဘာလ ရောင်းအားမှာ အစင်းရေ ၆၆၆၅၇ အထိ စံချိန်တင်ခဲ့သည်။
အစင်းရေ ၆၀၀၀၀ ကျော် ရောင်းအားပမာဏ ပထမဆုံး ရရှိခဲ့ခြင်းဖြစ်ရုံမျှမက တရုတ်ပြည်၏ NEV startup ကုမ္ပဏီများတွင် လအလိုက် ရောင်းအားအမြင့်ဆုံးအဖြစ်လည်း စံချိန်တင်ခဲ့သည်။
တရုတ်ပြည်ရှိ NEV startup များအနက် Leapmotor မှာ ရောင်းအားအကောင်းဆုံးအဖြစ် ၇ လဆက်တိုက် ရပ်တည်နေခြင်းလည်း ဖြစ်သည်။
(Leapmotor ၏ အစင်းရေ ၁ သန်းမြောက် မော်တော်ကားမှာ ထုတ်လုပ်ရေးလိုင်းမှ ထွက်လာသည်ကို တွေ့ရပုံ။ ဓာတ်ပုံ- Leapmotor)
(Leapmotor D19 ၏ camouflage ပုံရိပ် ။ ဓာတ်ပုံ- Leapmotor)
ယခုအောက်တိုဘာလအတွင်း Leapmotor က ၎င်း၏ flagship မော်ဒယ်ဖြစ်သော D19 SUV ကို မိတ်ဆက်ရန် စီစဉ်ထားသည်။
■ Xpeng
ဒုတိယနေရာတွင် Xpeng ရပ်တည်နေသည်။ စက်တင်ဘာလ ရောင်းအားမှာ အစင်းရေ ၄၁၅၈၁ ရှိရာ နှစ်အလိုက်နှိုင်းယှဉ်မှုတွင် ၉၅ ရာခိုင်နှုန်း ရောင်းအားကောင်းခဲ့ပြီး လအလိုက်အားဖြင့် ၁၀ ရာခိုင်နှုန်း မြင့်တက်လာသည်။
ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ Xpeng သည် အစင်းရေ ၃၁၃၁၉၆ ရောင်းချထားရပြီး နှစ်အလိုက် နှိုင်းယှဉ်လျှင် ရောင်းအား ၂၁၈ ရာခိုင်နှုန်း မြင့်တက်လာသည်။
(Xpeng Mona M03 ကို တွေ့ရပုံ။ ဓာတ်ပုံ-Xpeng)
(all-new မော်ဒယ်သစ် Xpeng P7 ကို တွေ့ရပုံ။ ဓာတ်ပုံ-Xpeng)
all-new မော်ဒယ်သစ် Xpeng P7 ၏ အစင်းရေ ၁၀၀၀၀ မြောက် ကားကို ထုတ်လုပ်ရေးလိုင်းမှ ထုတ်လုပ်ခဲ့ရာတွင် Xpeng ၏ မော်ဒယ်များအနက် ထုတ်လုပ်နှုန်းအမြန်ဆုံးကားဖြစ်ခဲ့ပြီး တစ်နာရီလျှင် အစင်း ၄၀ နှုန်း ဖြစ်သည်။
ဆွစ်ဇာလန်၊ သြစထရီးယား၊ ဟန်ဂေရီ၊ ဆလိုဗေးနီးယားနှင့် ခရိုအေးရှားအစရှိသည့် ဥရောပဈေးကွက်သစ် ၅ ခုသို့လည်း ဝင်ရောက်ခဲ့ကြောင်း Xpeng ကြေညာသည်။
■ Li Auto
တတိယနေရာတွင် Li Auto က အစင်းရေ ၃၃၉၅၁ ဖြင့် ရပ်တည်နေသည်။
၂၀၂၅ ခုနှစ် တတိယ ၃ လပတ်အတွင်း Li Auto သည် အစင်းရေ ၉၃၂၁၁ ရောင်းချခဲ့ပြီး ကုမ္ပဏီ၏ စုစုပေါင်းရောင်းအားမှာ ၁၄၃၁၀၂၁ စင်းအထိ ရှိခဲ့သည်။
(Li i6 five-seater SUV ကို စက်တင်ဘာ ၂၆ ရက်က စတင်မိတ်ဆက်ခဲ့သည်။ ဓာတ်ပုံ- Li Auto)
Li Auto က တရုတ်ပြည်ဈေးကွက်သို့ နောက်ဆုံး မိတ်ဆက်ထားသည်မှာ Li i6 five-seater SUV ဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်က မိတ်ဆက်ခဲ့ခြင်းဖြစ်ကာ ယခုအခါ ဖြန့်ချိမှုများ စတင်ပြုလုပ်နေသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Chinese NEV startup sales, Leapmotor: 66,657, Xpeng: 41,581, Li Auto: 33,951, September 2025 9carnewschina)