- ပင်မစာမျက်နှာ
- ကားသတင်းများ
- Toyota bZ3X SUV ကို တရုတ်ပြည်တွင် ကန်ဒေါ်လာ ၁၅၁၀၀ ဖြင့် စတင်ရောင်းချ ၊ တရုတ်ပြည်ထုတ် ပစ္စည်း ၆၅ ရာခိုင်နှုန်း အသုံးပြုထားသော မော်ဒယ်ဖြစ်
Toyota bZ3X SUV ကို တရုတ်ပြည်တွင် ကန်ဒေါ်လာ ၁၅၁၀၀ ဖြင့် စတင်ရောင်းချ ၊ တရုတ်ပြည်ထုတ် ပစ္စည်း ၆၅ ရာခိုင်နှုန်း အသုံးပြုထားသော မော်ဒယ်ဖြစ်
- 398 views
Toyota သည် ၎င်း၏ တတိယမြောက် လျှပ်စစ်ကားကို bZ အမှတ်တံဆိပ်ဖြင့် တရုတ်ပြည်တွင် စတင်ရောင်းချပေးလိုက်ပြီ ဖြစ်သည်။
စတင်မိတ်ဆက်ပြီး ၁ နာရီးအတွင်း အစင်းရေ ၁၀၀၀၀ အမှာစာ လက်ခံရရှိခဲ့သည်ဟု ဆိုသည်။
(ဆက်စပ်သတင်း)
Toyota နှင့် GAC တို့ ဖက်စပ်ထုတ်လုပ်သော bZ3X လျှပ်စစ် SUV တရုတ်ပြည်တွင် လာမည့် မတ်လ ၃ ရက်၌ စတင် ဖြန့်ချိမည်။
https://www.carsdb.com/my/news/1010
bZ3X SUV ကို အနိမ့်ဆုံး ယွမ် ၁၀၉၈၀၀ (ကန်ဒေါ်လာ ၁၅၁၀၀) ဖြင့် စတင်ရောင်းချပေးနေသည်။lidar နှင့် Momenta ၏ assisted driving နည်းပညာတို့ ထည့်သွင်းပေးထားသည်။အားတစ်ကြိမ်သွင်းထားလျှင် ကီလို ၆၁၀ အထိ မောင်းနိုင်သည်ဟု ဆိုသည်။
bZ3X သည် GAC Aion V ကို အဓိက အခြေခံ ထုတ်လုပ်ထားသည်။အရွယ်အစား၊ မော်တာ၊ Drivetrain အားလုံးမှာ အတူတူပင်။ ဘက်ထရီတစ်ခုသာ ကွဲပြားသည်။bZ3X SUV သည် တံခါး ၅ ပေါက်၊ 5 seat ဖြစ်ပြီး dimension မှာ 4600/ 1850/ 1600 mm ရှိပြီး wheelbase မှာ 2765 mm ဖြစ်သည်။ ရှေ့ယက်အမျိုးအစားဖြစ်ပြီး မော်တာ၏ ပါဝါမှာ 150 KW/ 165 KW ရှိကာ အမြင့်ဆုံးမြန်နှုန်း 160 kmph ဖြစ်သည်။ဘက်ထရီမှာ လီသီယမ် အိုင်းယွန်းဖော့စ်ဖိတ် (LFP) ဘက်ထရီဖြစ်ပြီး variant ၃ မျိုးလာသည်။50.0 kwh, 58.4 kwh နှင့် 67.9 kwh တို့ဖြစ်ပြီး CLTC Range မှာ ၄၃၀ ကီလို၊ ၅၂၀ ကီလိုနှင့် ၆၁၀ ကီလိုဟု ၃ မျိုး လာသည်။
520 Pro နှင့် Pro+ မျိုးကွဲတို့တွင် Robosense ၏ lidar နှင့် Momenta 5.0 assisted driving Tech တို့ ပါဝင်သော version များ လာသည်။အမြင့်တန်း 610 Max တွင် optional lidar နှင့် Momenta 5.0 ADAS တို့သုံးထားသည်။ကျန်သော Trim များတွင်မူ Toyota ၏ Pilot driver assistance ကို standard အနေဖြင့် သုံးထားသည်။Momenta 5.0 ဖြင့်ဆိုလျှင် bZ3X SUV မှာ HD maps များ မလိုဘဲ အလိုအလျောက် မောင်းနှင်စနစ် (NDA) function ကို သုံးနိုင်မည် ဖြစ်သည်။
အတွင်းပိုင်းမှာ Tesla ပုံစံမျိုးဖြစ်ပြီး minimalism ဆန်သည်။ကားအတွင်းပိုင်းတွင် အထင်ရှားဆုံး ဖြစ်နေသည်မှာ ၁၄ ဒသမ ၆ လက်မ ရှိ ကြီးမားသော screen ကြီး ဖြစ်သည်။သို့သော် သုံးထားသည့် chip မှာ သက်တမ်းရင့် Qualcomm Snapdragon 8155 ဖြစ်နေသည်။EV မော်ဒယ်သစ် အများစုမှာ Powerful ပိုဖြစ်သော Snapdragon 8295 ကို သုံးကြသည်။
(▲ Toyota bZ3X SUV ၏ အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ-AH)
Toyota က ပြောသည်မှာ bZ3X ၏ အစိတ်အပိုင်း ၆၅ ရာခိုင်နှုန်းမှာ တရုတ်ပြည်တွင်း supplier များထံမှ ဖြစ်ပြီး ၁ ရာခိုင်နှုန်းသာလျှင် ပြည်ပမှ တင်သွင်းထားခြင်းဖြစ်သည်ဟု ဆိုသည်။
Toyota bZ3X SUV သည် GAC နှင့် Toyota တို့ ဖက်စပ်ထုတ်လုပ်သော ကားမော်ဒယ်ဖြစ်ပြီး လက်ရှိအားဖြင့် တရုတ်ပြည်တွင်းတွင်သာ ရောင်းချပေးသည်။
(▲bZ3X SUV ကို တရုတ်ပြည်တွင် စတင်ရောင်းချပေးနေပြီ ဖြစ်သည်။ ဓာတ်ပုံ-China EV Data Tracker)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: All-electric Toyota bZ3X SUV launched for 15,100 USD, its 65% Chinese
Photo Credit- China EV Data Tracker