- ပင်မစာမျက်နှာ
- ကားသတင်းများ
- Toyota နှင့် GAC တို့ ဖက်စပ်ထုတ်လုပ်သော bZ3X လျှပ်စစ် SUV တရုတ်ပြည်တွင် လာမည့် မတ်လ ၃ ရက်၌ စတင် ဖြန့်ချိမည်
Toyota နှင့် GAC တို့ ဖက်စပ်ထုတ်လုပ်သော bZ3X လျှပ်စစ် SUV တရုတ်ပြည်တွင် လာမည့် မတ်လ ၃ ရက်၌ စတင် ဖြန့်ချိမည်
- 537 views
Toyota နှင့် GAC တို့ ဖက်စပ်ထုတ်လုပ်သော bZ3X လျှပ်စစ် SUV တရုတ်ပြည်တွင် လာမည့် မတ်လ ၃ ရက်၌ စတင် ဖြန့်ချိရန် စီစဉ်ထားပြီးVariant ၃ မျိုးရနိုင်ကာ 430 Air+,520 Pro+နှင့် 620 Max တို့ ဖြစ်သည်။
ပြီးခဲ့သောနှစ် ဒီဇင်ဘာလက Preorder စတင် ရောင်းချပေးခဲ့ပြီး ထိုစဉ်က ဈေးတန်း ယွမ် ၁၀၀၀၀၀ မှ ၂၀၀၀၀၀ ကြား (ကန်ဒေါ်လာ ၁၃၈၀၀ မှ ၂၇၅၀၀ ကြား) ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။
(ဆက်စပ်သတင်း)
Toyota နှင့် GAC တို့ ဖက်စပ်ထုတ်လုပ်သော bZ3X လျှပ်စစ် SUV တရုတ်ပြည်တွင် ကန်ဒေါ်လာ ၁၃၈၀၀ ဖြင့် အမှာစာ စတင်လက်ခံ
https://www.carsdb.com/my/news/932
အရောင်အနေဖြင့် ရွေးချယ်စရာ ၇ မျိုးရှိသည်။
အဖြူ ၂ မျိုး၊ မီးခိုး၊ ငွေ၊ အနက်၊ ပန်းရောင်နှင့် ရွှေရောင်တို့ ဖြစ်သည်။
Compact SUV ဖြစ်သော bZ3X ၏ Dimension မှာ 4600/1875/1645 mm ဖြစ်ပြီး Wheelbase မှာ2765 mm ဖြစ်သည်။
Momenta 5.0 advanced driving assistance system (ADAS) စနစ်သုံးထားပြီး NVIDIA ထုတ် DRIVE AGX Orin X chip ဖြင့် Run သည်။
Sensor ၂၇ ခုထိ အသုံးပြုထားရာ high-definition camera ၁၁ လုံး ၊ နှုန်းလွန်အသံလှိုင်း ရေဒါ ၁၂ ခု ၊ millimeter-wave radar ၃ ခုနှင့် lidar တစ်ခုတို့ ပါဝင်သည်။
ADAS စနစ်မှာ မြေပုံပေါ်တွင် အခြေမပြုချေ။
ADAS တွင် စွမ်းဆောင်ရည် ၂၅ မျိုး ပါဝင်ရာ pre-collision system, blind spot monitoring, remote parking, emergency driving stop system, traffic light assist, lane departure assist နှင့် lane change assist တို့ အပါအဝင် ဖြစ်သည်။
ရှေ့မော်တာမှာ TZ175XSAY501 မော်ဒယ်ဖြစ်ပြီး အမြင့်ဆုံးပါဝါ 150 kW (201 hp) ထွက်သည်။
လီသီယမ် အိုင်းရွန်းဖော့စဖိတ် ဘက်ထရီသုံးထားပြီး ပါဝါ ၃ မျိုး ရနိုင်ရာ 50.03 kWh, 58 kWh နှင့် 67.9 kWh တို့ ဖြစ်သည်။
အားတစ်ကြိမ် သွင်းထားလျှင် မောင်းနိုင်သည့် Range အနေဖြင့် 430 km, 520 km နှင့် 610 km တို့ အသီးသီး ရှိသည်။
အမြန်အားသွင်းစနစ်ဖြင့်ဆိုလျှင် ၃၀ မှ ၈၀ ရာခိုင်နှုန်းအကြားကို ၂၄ မိနစ်သာ ကြာမြင့်ပြီး အနှေးအားသွင်းစနစ်ဖြင့်ဆိုလျှင် ၁၀ နာရီခန့် ကြာမြင့်မည် ဖြစ်သည်။
GAC-Toyota ဖက်စပ် ကုမ္ပဏီသည် ၂၀၂၄ ခုနှစ်အတွင်း ကားအစင်းရေ ၇၇၀၁၀၀ စင်း ရောင်းချခဲ့ရသည်။
၂၀၂၅ ခုနှစ်အတွင်း တရုတ်ပြည်တွင် bZ3X အပြင် b27 လျှပ်စစ် ဆီဒင်ကိုလည်း ဖြန့်ချိသွားမည် ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: GAC-Toyota bZ3X EV with 620 km range will launch on March 3rd in China