Toyota နှင့် GAC တို့ ဖက်စပ်ထုတ်လုပ်သော bZ3X လျှပ်စစ် SUV တရုတ်ပြည်တွင် ကန်ဒေါ်လာ ၁၃၈၀၀ ဖြင့် အမှာစာ စတင်လက်ခံ

  • 680 views

တိုယိုတာနှင့် GAC တို့ ဖက်စပ်လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီက bZ3X လျှပ်စစ် SUV အတွက် ကြိုတင်အမှာစာများ စတင်လက်ခံနေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၈ ရက်တွင် တရားဝင်ကြေညာသည်။

လျှပ်စစ် SUV bZ3X ကို မျိုးကွဲ ၃ ခုဖြင့် မှာယူနိုင်မည်ဖြစ်ရာ 430 Air+, 520 Pro+ နှင့် 620 Max တို့ဖြစ်သည်။

အကြိုရောင်းချသည့် ဈေးတန်းမှာ ယွမ် ၁၀၀၀၀၀ မှ ၂၀၀၀၀၀ ကြား (ကန်ဒေါ်လာ ၁၃၈၀၀ မှ ၂၇၅၀၀ ကြား) ရှိသည်။

ဈေးကွက်တွင် စတင်ဖြန့်ချိမည့် official launch ကို လာမည့် ၂၀၂၅ ခုနှစ်၊ မတ်လတွင် စီစဉ်ထားသည်။

Customer တို့အနေဖြင့် ယွမ် ၂၀၀၀ (၂၇၅ ဒေါ်လာ) ကြိုသွင်းထားမည်ဆိုပါက ကားထွက်ရှိလာချိန်တွင် ဦးစားပေး ဝယ်ယူခွင့်ရရှိမည် ဖြစ်သည်။

တိုယိုတာနှင့် GAC တို့ ဖက်စပ်ထုတ်လုပ်သော bZ3X တွင် Split ရှေ့မီးကြီး၊ ဖျောက်ထားသော ကားတံခါးလက်ကိုင်များ၊ ၁ ဒသမ ၁၄ စတုရန်းမီတာရှိ sunroof ၊ အရောင်သွင်းထားသော ဘေးတံခါးမှန်များဖြင့် ဖွဲ့စည်းထားသည်။

ကားအတွင်း daytime running light များပါဝင်ပြီး ခရစ္စတယ် အလင်းတန်းအဖြစ် LED ၁၁၂ လုံးဖြင့် ဖွဲ့စည်းထားသည်။

Language interaction ၈ မျိုးပါဝင်ပြီး စက်နှိုးခြင်း၊ စက်ရပ်ခြင်း၊ အားသွင်းခြင်း၊ ကားတည်နေရာ ရှာဖွေခြင်း အစရှိသဖြင့် ဖြစ်သည်။

နောက်မှန်တံခါး၏ အောက်ဘက်ထောင့်တွင် BEV Logo ရှိသည်။

ရွေးချယ်စရာ အရောင် ၇ မျိုးရှိရာ Sky White, Pure Snow White, Distant Mountain Gray, Bright Moon Silver, Vast Black, Sky Pink နှင့် Cyber Gold တို့ ဖြစ်သည်။

ဘီးခွေမှာ ၁၈ လက်မ၊ သို့မဟုတ် ၁၉ လက်မ ဖြစ်သည်။

bZ3X ၏ အရွယ်အစားမှာ ၄၆၀၀/ ၁၈၇၅/ ၁၆၄၅ မီလီမီတာ ဖြစ်ပြီး wheelbase မှာ ၂၇၆၅ မီလီမီတာ ဖြစ်ကာ အလေးချိန် ၁၆၉၀ ကီလိုဂရမ်ရှိသည်။

ကား၏ အခြား hightlight တစ်ခုမှာ Momenta 5.0 advanced driving assistance system (ADAS) ဖြစ်ပြီး Nvidia ၏ Drive AGX Orin X chip ဖြင့် ထိန်းချုပ်ပြီး high-definition ကင်မရာ ၁၁ လုံး၊ အသံလွန်လှိုင်းသုံး ရေဒါ ၁၂ ခု၊  millimeter-wave ရေဒါ ၃ ခု၊ Lidar တစ်ခုတို့ပါဝင်သည်။

ADAS ၏ စွမ်းဆောင်ရည် ၂၅ မျိုးခန့်ရှိရာ Speed limit assit, traffic light assit, remote parking အစရှိသည်တို့ အပါအဝင် ဖြစ်သည်။

bZ3X တွင် Guangzhou Nidec Auto Drive System ကုမ္ပဏီထုတ် TZ175XSAY501 မော်ဒယ် လျှပ်စစ်မော်တာ တပ်ဆင်ထားပြီး အမြင့်ဆုံးအထွက်ပါဝါ 150KW (201 hp) ရှိသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: GAC-Toyota bZ3X electric SUV opens pre-sales in China starting at 13,800 USD