- ပင်မစာမျက်နှာ
- ကားသတင်းများ
- Volvo က XC70 PHEV SUV ကို တရုတ်ပြည်တွင် တရားဝင်စတင်မိတ်ဆက်၊ ဈေးနှုန်းမှာ ဒေါ်လာ ၃၇၁၀၀ ဖြစ်ပြီး သတ်မှတ်ကာလအတွင်းတွင်သာ ထိုဈေးဖြင့် ရနိုင်မည်
Volvo က XC70 PHEV SUV ကို တရုတ်ပြည်တွင် တရားဝင်စတင်မိတ်ဆက်၊ ဈေးနှုန်းမှာ ဒေါ်လာ ၃၇၁၀၀ ဖြစ်ပြီး သတ်မှတ်ကာလအတွင်းတွင်သာ ထိုဈေးဖြင့် ရနိုင်မည်
- 51 views
Volvo က မော်ဒယ်သစ် XC70 ကို တရုတ်ပြည်တွင် တရားဝင်စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။
Volvo ၏ lineup ထဲတွင်ဆိုလျှင် XC 60 နှင့် XC 90 တို့ကြားတွင် ရှိသည်။
အသစ်ထွက်ရှိထားသော SMA super hybrid architecture ဖြင့် ထုတ်လုပ်ထားသော XC70 မှာ ထို Platform ကို အသုံးပြုထားသည့် ပထမဆုံးမော်ဒယ်လည်း ဖြစ်သည်။
((Volvo XC70 ၏ ဈေးနှုန်းများ။)
(မှတ်ချက်။ ယှဉ်တွဲဖော်ပြထားသော ဈေးနှုန်း ၂ မျိုးအနက်။ ပထမဈေးနှုန်းမှာ ပုံမှန်ဈေးနှုန်းဖြစ်ပြီး ဒုတိယဈေးနှုန်းမှာ သတ်မှတ်ကာလအတွင်းတွင်သာ ရနိုင်မည့် ဈေးနှုန်းဖြစ်သည်။)
၁။ Two-Wheel Drive Long Range Core= ယွမ် ၄၁၆,၉၀၀ (ဒေါ်လာ ၅၇၃၀၀) ၊ ယွမ် ၂၆၉,၉၀၀ (ဒေါ်လာ ၃၇၁၀၀)
၂။ Four-Wheel Drive Extended Range Core = ယွမ် ၄၄၆,၉၀၀ (ဒေါ်လာ ၆၁,၅၀၀) ၊ ယွမ် ၂၉၉,၉၀၀ (ဒေါ်လာ ၄၁၃၀၀)
၃။ Four-Wheel Drive Extended Range Plus= ယွမ် ၄၆၆,၉၀၀ (ဒေါ်လာ ၆၄၂၀၀) ၊ ယွမ် ၃၁၉,၉၀၀ (ဒေါ်လာ ၄၄၁၀၀)
၄။ Four-Wheel Drive Extended Range Ultra= ယွမ် ၄၉၆၉၀၀ (ဒေါ်လာ ၆၈၄၀၀) ၊ ယွမ် ၃၄၉၉၀၀ (ဒေါ်လာ ၄၈၂၀၀)
XC70 တွင် two-wheel-drive နှင့် four-wheel-drive ဟူ၍ ၂ မျိုးလုံးလာသည်။
ဘက်ထရီ ရွေးချယ်စရာလည်း ၂ မျိုးရှိပြီး 21.2 kWh ဘက်ထရီဖြင့် CLTC range ၁၁၆ ကီလို မောင်းနိုင်သည်။
39.6 kWh ဘက်ထရီဖြင့်ဆိုလျှင်မူ ၂၁၂ ကီလိုအထိ မောင်းနိုင်မည် ဖြစ်သည်။
Plug-in hybrid system နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း မောင်းနိုင်သည့် range မှာ ကီလို ၁၂၀၀ အထိ ရှိသည်။
Hybrid Powertrain အတွက် 1.5T အင်ဂျင်သုံးထားကာ အထွက်အားမှာ entry-level တွင် 234 kW ရှိပြီး အမြင့်တန်း မော်ဒယ်များတွင် 340 kW ရှိသည်။
အမြန်နှုန်း တင်နိုင်စွမ်းအနေဖြင့် 0–100 km/h ကို ၅ ဒသမ ၂၈ စက္ကန့်အတွင်း ရနိုင်သည်။
အားသွင်းကြာချိန်မှ ၀ မှ ၈၀ ရာခိုင်နှုန်းအထိ ၂၃ မိနစ်သာ ကြာမြင့်သည်။
နောက်ဘက်တွင် ပင်လယ်ဓားပြတို့၏ ပုဆိန်အသွင် ဒေါင်လိုက် taillight များ ထည့်ပေးထားခြင်းမှာ Volvo ၏ မှတ်မိလွယ်သော ဒီဇိုင်းလည်း ဖြစ်သည်။
အရွယ်အစားမှာ 4,815/ 1,890/ 1,650 mm ရှိပြီး wheelbase မှာ 2,895 mm ဖြစ်သည်။
အရောင်ရွေးစရာ ၇ မျိုးရှိပြီး ဘီးမှာ ၁၉ လက်မမှ ၂၁ လက်မအထိ အမျိုးမျိုး ရှိသည်။
XC70 ကို ကျဲ့ကျန်းပြည်နယ်၊ တိုင်ကျိုးမြို့တွင် ကမ္ဘာ့စံချိန်စံနှုန်းများနှင့်အညီ ထုတ်လုပ်မည်ဖြစ်ပြီး ကမ္ဘာ့ဈေးကွက် ၇၀ ကျော်သို့ တင်ပို့ရန် စီစဉ်ထားကြောင်း Volvo က အတည်ပြုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Volvo XC70 PHEV SUV officially launched in China, starting at 37,100 USD limited-time offer (carnewschina)