- ပင်မစာမျက်နှာ
- ကားသတင်းများ
- Dongfeng က Huawei ၏ နည်းပညာနှင့် 5C ဘက်ထရီတို့ သုံးထားသော မော်ဒယ်သစ် Voyah Passion L PHEV ကို pre-sale စတင်ရောင်းချပေးပြီ
Dongfeng က Huawei ၏ နည်းပညာနှင့် 5C ဘက်ထရီတို့ သုံးထားသော မော်ဒယ်သစ် Voyah Passion L PHEV ကို pre-sale စတင်ရောင်းချပေးပြီ
- 46 views
Dongfeng သည် ၎င်း၏ မော်ဒယ်သစ်ဖြစ်သော Voyah Passion L (တရုတ်ပြည်တွင် Zhuiguang L ဟုခေါ်) PHEV ဆီဒင်ကို စက်တင်ဘာ ၂၆ ရက်တွင် pre-sale စတင်ရောင်းချပေးလာသည်။
ကိုယ်ထည်အလျားမှာ ၅ ဒသမ ၁ မီတာရှိပြီး 5C ဘက်ထရီ၊ Huawei Qiankun ADS 4 နည်းပညာနှင့် HarmonySpace 5.0 smart cockpit system တို့ အသုံးပြုထားသည်။တရားဝင်ဈေးကွက်တင်မည့်ကာလမှာ ယခုနှစ် စတုတ္တ ၃ လပတ်အတွင်းဖြစ်ဖွယ်ရှိသည်ဟု မျှော်လင့်ရသည်။
Pre-order မှာယူလိုသူတို့အနေဖြင့် ယွမ် ၂၀၀၀ (၂၈၀ ဒေါ်လာ) deposit သွင်းကာ မှာယူရမည်ဖြစ်ပြီး အပြီးသတ်ဝယ်ယူချိန်တွင် ယွမ် ၅၀၀၀ (၇၀၁ ဒေါ်လာ) discount ရမည်ဖြစ်သည်။
Voyah Passion L ၏ အရွယ်အစားမှာ 5125/1985 (1522)/1505 mm (l/w/h) ဖြစ်ပြီး wheelbase မှာ 3010 mm ရှိကာ 5-seat အခင်းအကျင်းဖြစ်သည်။
နှိုင်းယှဉ်မှုအနေဖြင့်ကြည့်မည်ဆိုလျှင် Voyah Passion ၏ အရွယ်အစားမှာ 5080/1970/1515 (1505) mm (l/w/h) ရှိပြီး wheelbase မှာ 3000 mm ဖြစ်သည်။
Voyah Passion L မှာ Voyah Passion နှင့်ယှဉ်လျှင် လုံးဝ ဒီဇိုင်းသစ် ဖြစ်သည်။ရှေ့ grille တွင် ဒေါင်လိုက် ခရိုမီယံချောင်း ၃၄ ခုရှိပြီး အလယ်ဗဟိုတွင် Voyah brand လိုဂိုရှိသည်။ရှေ့မီးကြီးများမှာ split layout အနေဖြင့် ပြန်လည်ဒီဇိုင်းဆွဲထားသည်။ရှေ့ဘန်ပါတွင် အလျားလိုက် ခရိုမီယံအစင်း ၂ ခုပါသည်။နောက်ဘက်ရှိ taillight မှာလည်း ဒီဇိုင်းသစ် ဖြစ်သည်။
Huawei Qiankun ADS 4 နည်းပညာဖြင့် ADAS စနစ်ကို ထည့်သွင်းပေးထားပြီး sensor ၂၉ ခုဖြင့် အထောက်အပံ့ပေးထားရာ 192-line lidar တစ်ခုနှင့် 4D millimeter-wave radar ၃ ခုတို့ အပါအဝင် ဖြစ်သည်။PHEV စနစ်တွင် 1.5T အင်ဂျင်နှင့် လျှပ်စစ်မော်တာ ၂ လုံးတို့ အသုံးပြုထားပြီး ဘက်ထရီမှာ 5C 63 kWh သုံးမျိုးစပ် ဘက်ထရီဖြစ်သည်။
အင်ဂျင်၏ အထွက်အားမှာ 110 kW (148 hp) ရှိပြီး လျှပ်စစ်မော်တာများ၏ အထွက်အားမှာ 150 kW (201 hp) နှင့် 230 kW (308 hp) တို့ ရှိသည်။လျှပ်စစ်သီးသန့်ဖြင့် မောင်းနိုင်သော CLTC range မှာ ကီလို ၄၁၀ ဖြစ်ပြီး စုစုပေါင်း comprehensive range မှာ ကီလို ၁၄၀၀ ဖြစ်သည်။ဆီစားနှုန်းမှာ ကီလို ၁၀၀ လျှင် ၅ ဒသမ ၆၇ လီတာ ဖြစ်သည်။5C ဘက်ထရီကို ၂၀ မှ ၈၀ ရာခိုင်နှုန်းရရန် အားသွင်းကြာချိန်မှာ ၁၂ မိနစ်သာ ဖြစ်သည်။
ရှေ့ခန်းမှာလည်း ဒီဇိုင်းသစ်ဖြစ်ပြီး LCD instrument panel နှင့် ၁၆ ဒသမ ၁ လက်မ 3K central control screen တို့ ပါဝင်သည်။ အသုံးပြုထားသည့် နည်းပညာမှာ Huawei ၏ HarmonySpace 5.0 ဖြစ်သည်။ Center console တွင် ခွက်တင်ရန်နေရာ ၂ ခုနှင့် ကြိုးမဲ့အားသွင်း panel များ ရှိသည်။ Audio စနစ်တွင် စပီကာ ၂၃ လုံးပါသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Dongfeng’s Voyah Passion L PHEV pre-sale opens: 5.1-meter, 1,400 km range, Huawei techs, 5C battery