Mercedes-Benz က တရုတ်ပြည်တွင် ထုတ်လုပ်သော CLA လျှပ်စစ်ကားကို ဒေါ်လာ ၃၆၀၀၀ ဖြင့် Pre-order စတင်ရောင်းချပေးနေ

  • 43 views

e59bbee78987-248-1536x803.jpg

Mercedes-Benz သည် တရုတ်ပြည်တွင် ထုတ်လုပ်သော CLA Long-wheelbase လျှပ်စစ်ကားကို pre-sale စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း စက်တင်ဘာလ ၂၅ ရက်တွင် တရားဝင်ကြေညာသည်။

Variant ၂ မျိုးလာရာ CLA 300 L Ultra-Long Range Edition မှာ ဈေးနှုန်း ယွမ် ၂၅၉၀၀၀ (ဒေါ်လာ ၃၆၀၀၀) နှင့် CLA 300 L Ultra-Long Range Intelligent Edition မှာ ဈေးနှုန်း ယွမ် ၂၉၉၀၀၀ (ဒေါ်လာ ၄၁၆၀၀) တို့ဖြစ်ပြီး pre-sale ဈေးနှုန်းများ ဖြစ်သည်။

အဆိုပါမော်ဒယ်ကို ၂၀၂၅ ခုနှစ် ရှန်ဟိုင်းကားပြပွဲတွင် ပထမဆုံး ပြသခဲ့ပြီး အလားတူ အခြားကားများနှင့်ယှဉ်လျှင် wheelbase 40mm ပိုမိုရှည်လျားသည်။

e59bbee78987-249-800x533.png

ရှေ့ယက်၊ နောက်ယက်၊ AWD ဗားရှင်းအားလုံး ရနိုင်သည်။
စွမ်းအင်သုံးစွဲနှုန်းမှာ ကီလို ၁၀၀ လျှင် 10.9 kWh ဖြစ်ပြီး မောင်းနိုင်သော CLTC range မှာ ၈၆၆ ကီလို ဖြစ်သည်။

ရှေ့မျက်နှာစာတွင် ကြီးမားသော အနားမပြိုင် စတုဂံပုံ grille ရှိပြီး မီးလင်းသော logo များအပြင် အလယ်ဗဟိုတွင် Mercedes-Benz star ရှိသည်။

အရွယ်အစားမှာ 4,763/ 1,856/ 1,469 mm ရှိပြီး wheelbase မှာ 2,830 mm ဖြစ်သည်။

e59bbee78987-250-800x533.png

အတွင်းပိုင်းတွင် ၁၀ ဒသမ ၂၅ လက်မ LCD instrument cluster ၊ ၁၄ ဒသမ ၆ လက်မ central control screen နှင့် ၁၄ လက်မ passenger entertainment screen တို့ ရှိသည်။

၎င်းတို့ကို Mercedes-Benz က နောက်ဆုံးထုတ်လုပ်ထားသော MB.OS operating system ဖြင့် လည်ပတ်ကာ AI voice assistance နှင့် 5G connectivity များ support ပေးသည်။

e59bbee78987-251-800x533.png

Passenger display မှာ ခြေဟန်လက်ဟန်ဖြင့် gesture control လုပ်နိုင်သည့် function များ ပါသည်။

ADAS စနစ်နှင့်  infotainment domain တို့မှာ Mercedes-Benz ၏ R&D ဌာနက တရုတ်ပြည်တွင် ထုတ်လုပ်ထားခြင်းမှာ ထူးခြားချက် ဖြစ်သည်။

e59bbee78987-252-800x533.png

e59bbee78987-253-800x533.png

e59bbee78987-254-800x533.png

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Mercedes-Benz’s China-made all-electric CLA opens for pre-orders, starting at 36,000 USD with 866 km range (carnewschina)