- ပင်မစာမျက်နှာ
- ကားသတင်းများ
- Huawei ထုတ် Aito M9 ၏ flagship မော်ဒယ်ကို တရုတ်ပြည်တွင် စက်တင်ဘာ ၂၄ ရက်၌ ဒေါ်လာ ၇၈၇၁၀ ဖြင့် စတင်ရောင်းချ
Huawei ထုတ် Aito M9 ၏ flagship မော်ဒယ်ကို တရုတ်ပြည်တွင် စက်တင်ဘာ ၂၄ ရက်၌ ဒေါ်လာ ၇၈၇၁၀ ဖြင့် စတင်ရောင်းချ
- 70 views
Huawei နှင့် Seres တို့ ပူးပေါင်းထုတ်လုပ်သော Aito M9 flagship full-size SUV ကို တရုတ်ပြည်တွင် စတင်ရောင်းချပေးနေသည်။
Four-seat version ဖြစ်သော flagship M9 ၏ ဈေးနှုန်းမှာ အနိမ့်ဆုံး ယွမ် ၅၅၉၈၀၀ (ဒေါ်လာ ၇၈၇၁၀) မှ စသည်။
Flagship M9 တွင် BEV နှင့် EREV ဟူ၍ powertrain variant ၂ မျိုးလာသည်။
Aito M9 crossover ကို တရုတ်ပြည်တွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။
M9 series ၏ ရောင်းအားမှာ ၂၀၂၅ ခုနှစ်၊ သြဂုတ်လအထိ အစင်းရေ ၂၃၆၁၄၃ စင်း ရှိပြီဖြစ်ကြောင်း China EV DataTracker ၏ အချက်အလက်များတွင် ဖော်ပြသည်။
Aito M9 တွင် အပူပေးစနစ်၊ လေဝင်လေထွက်စနစ်၊ နှိပ်နယ်ပေးသော စနစ်များ ပါသည်။
ထိုင်ခုံများအကြား ကြီးမားသော လက်တင်တန်းတစ်ခုရှိပြီး cup holder ၂ ခုအပြင် အံဝှက်တစ်ခုလည်း ပါသည်။
Aito M9 ၏ ယခုမော်ဒယ်မှာ အမြင့်တန်း စီးလိုသူများအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။
Intelligent headlight များ၊ Huawei ၏ ADS 4 driver assistance system ပါဝင်ရာ သတ်မှတ်ထားသော နေရာ ၂ ခုအကြား အလိုအလျောက် မောင်းနှင်စနစ် (Navigate On Autopilot- NOA) ဖြင့် မောင်းသွားနိုင်သည်။
ယခု flagship model တွင် powertrain variant ၂ မျိုးလာသည်။
၁။ EREV ဗားရှင်းတွင် 52 kWh ဘက်ထရီသုံးထားပြီး CLTC range ၂၆၆ ကီလို မောင်းနိုင်သည်။ ၆၅ လီတာ ဆီတိုင်ကီနှင့် 1.5-liter turbocharged အင်ဂျင်တို့ ပါဝင်ခြင်းကြောင့် စုစုပေါင်း range မှာ ၁၄၁၇ ကီလိုမီတာ ရှိသည်။ dual-motor 4WD system ဖြစ်ပြီး အမြန်နှုန်း တင်နိုင်စွမ်းအနေဖြင့် ကီလို ၁၀၀ ကို ၅ ဒသမ ၁ စက္ကန့်အတွင်း ရနိုင်သည်။
၂။ BEV ဗားရှင်းတွင် 100 kWh ဘက်ထရီသုံးထားပြီး CLTC range မှာ ၆၀၅ ကီလိုရှိသည်။ လျှပ်စစ်မော်တာ ၂ လုံး သုံးထားပြီး စုစုပေါင်းအထွက်အား 390 kW (523 hp) ရှိသည်။
Aito M9 flagship ၏ ဈေးတန်းမှာ ယွမ် ၅၅၉၈၀၀ မှ ၅၈၉၈၀၀ ကြား (ဒေါ်လာ ၇၈၇၁၀ မှ ၈၂၉၃၀ ကြား) ရှိသည်။
Five-seat variant ၏ ဈေးတန်းမှာ ယွမ် ၄၆၉၈၀၀ မှ ၅၄၉၈၀ ကြား (ဒေါ်လာ ၆၆၀၅၀ မှ ၇၇၃၀၀ ကြား) ဖြစ်ကာ six-seat version ၏ ဈေးတန်းမှာ ယွမ် ၄၇၉၈၀၀ မှ ၅၆၉၈၀၀ ကြား (ဒေါ်လာ ၆၇၄၆၀ မှ ၈၀၁၁၅ ကြား) ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Four-seat Aito M9 flagship SUV from Huawei launched for 78,710 USD in China (carnewschina)