- ပင်မစာမျက်နှာ
- ကားသတင်းများ
- Honda က Honda Fit ကို Honda Fitta ဟူသောအမည်ဖြင့် ဥရောပဈေးကွက်သို့ တင်သွင်းရန် လျာထားခဲ့သော်လည်း ဥရောပအတွက် အရှက်ရဖွယ် နာမည်ဖြစ်နေသဖြင့် Honda Jazz ဟု အမည်ပြောင်းခဲ့ရပုံ
Honda က Honda Fit ကို Honda Fitta ဟူသောအမည်ဖြင့် ဥရောပဈေးကွက်သို့ တင်သွင်းရန် လျာထားခဲ့သော်လည်း ဥရောပအတွက် အရှက်ရဖွယ် နာမည်ဖြစ်နေသဖြင့် Honda Jazz ဟု အမည်ပြောင်းခဲ့ရပုံ
- 169 views
Honda ၏ ကျော်ကြားသော subcompact ကားမော်ဒယ်တစ်ခုဖြစ်သော Honda Fit မှာ အမေရိကနှင့် အခြားဈေးကွက်များတွင် Honda Fit ဖြစ်သော်လည်း ဥရောပဈေးကွက်တွင်မူ Honda Jazz ဖြစ်နေသည်။ Honda Fit ကို မူလက အမည်ပေးရန် စီစဉ်ထားခဲ့သည်မှာ Honda Fitta ဖြစ်ရာ အဘယ်ကြောင့် Honda Fit / Honda Jazz ဖြစ်သွားခဲ့ပါသနည်း။ ထိုအကြောင်းကို အောက်တွင် ရှင်းပြထားပါသည်။
• ဥရောပဈေးကွက်အတွက် မူလရည်ရွယ်သောအမည်= Honda Fitta
• ပြဿနာ= "Fitta" ဟူသော အမည်မှာ အင်္ဂလိပ်စကားတွင် မည်သည့်ပြဿနာမှ မရှိသော်လည်း ဆွီဒင်နှင့် အခြားသော စကင်ဒီနေဗီးယား ဘာသာစကားတို့တွင် ရိုင်းစိုင်းယုတ်ကြမ်းသော စကားဖြစ်နေပြီး အမျိုးသမီးတို့၏ မအင်္ဂါကို ခေါ်ဝေါ်သည့် ဘန်းစကားဖြစ်နေသည်။ အင်္ဂလိပ်စာတွင် pussy ဟူသော အသုံးမျိုးနှင့် ထပ်တူညီသည်။
• ပြဿနာ ဖြေရှင်းပုံ = ထိုသို့ ဝေါဟာရပြဿနာရှိနေကြောင်း အချိန်မီသိလိုက်ရချိန်တွင် Honda က ကားကို ဈေးကွက်တွင် မိတ်မဆက်မီ အဆောတလျင် အမည်ပြောင်းလိုက်ရသည်။ သို့သော် လက်ကမ်းကြော်ငြာများတွင် Honda Fit ၏ ကြွေးကြော်သံကို ရိုက်နှိပ်ဖော်ပြထားပြီး ဖြစ်ရာ အောက်ပါအတိုင်း ဖြစ်၏။
“အပြင်က ကြည့်ရင် သေးသလို ထင်ရပေမယ့် အထဲမှာတော့ ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်”
အဆိုပါ ကြွေးကြော်သံမှာ Honda ၏ ပြဿနာကို ပိုမိုအသောဖောက်ဖွယ် ဖြစ်ခဲ့ရသည်။
• ဥရောပဈေးကွက်အတွက် လုံးဝခြားနားသည့် အမည်ဖြစ်သော Jazz ကို ရွေးချယ်ခဲ့သည်။
• အမေရိကန်နှင့် အခြားဈေးကွက်များတွင်မူ မူလရည်ရွယ်ထားသော Fitta ဟူသော အမည်မှ အနည်းငယ် ပြင်ဆင်ကာ Fit ဟူ၍ ဈေးကွက်တင်ပို့ခဲ့သည်။
ကားကုမ္ပဏီတစ်ခုအနေဖြင့် brand အမည် ရွေးချယ်ရာတွင် ဈေးကွက်အားလုံး၌ အဆိုပါအမည်မှာ သင့်တော်ခြင်းရှိ၊ မရှိ ကြိုတင်စစ်ဆေးရန် လိုအပ်ကြောင်း ပြသလိုက်သည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။
((လူမှုကွန်ရက် အသုံးပြုသူတို့၏ မှတ်ချက်များ))
“ကျွန်တော်က အမေရိကန်မှာ နေတာပါ။ ၂၀၂၀ မော်ဒယ် Fit တစ်စင်းရှိပါတယ်။ နာမည် ဘယ်လိုပဲဖြစ်ဖြစ် တကယ်ကောင်းတဲ့ကားပါ။ မက္ကဆီကိုမှာ Chevrolet က ရောင်းနေတဲ့ Nova ဆိုတာ ရှိတယ်။ စပိန်စကားမှာ no va ဆိုတာ မသွားနဲ့..လို့ အဓိပ္ပာယ်ရပါတယ်။” ဟု David Leone အမည်ရှိ လူမှုကွန်ရက် သုံးစွဲသူက မှတ်ချက်ပြုသည်။
“Ford Kuga ဆိုတာကလည်း အိုက်စလန်စကားမှာ ချီးလို့ အဓိပ္ပာယ်ရတယ်” ဟု Weigang Xu ဟူသော အကောင့်က မှတ်ချက်ပေးသည်။
“ရှေးအသုံးမှာ Jazz ဆိုတာ masturbation ကို ပြောတာ” ဟု Chu Lee ဟူသော အကောင့်ပိုင်ရှင်က မှတ်ချက်ပေးထားသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Why Honda Didn’t Call The Fit – Jazz By Its Intended Name (carscoops)