- ပင်မစာမျက်နှာ
- ကားသတင်းများ
- အိန္ဒိယအမျိုးသားတစ်ဦး တရုတ်ပြည်နေ မိတ်ဆွေထံမှ BMW တစ်စင်း လက်ဆောင်ရ
အိန္ဒိယအမျိုးသားတစ်ဦး တရုတ်ပြည်နေ မိတ်ဆွေထံမှ BMW တစ်စင်း လက်ဆောင်ရ
- 65 views
အိန္ဒိယနိုင်ငံသား ပရဗင်း ဂနေရှန်သည် လူကြီးသုံး ဝက်ဘ်ဆိုက်ဖြစ်သော kamakart.com ကို တည်ထောင်သူ၊ စီအီးအို ဖြစ်သည်။
ဂနေရှန်က BMW iX1 ကားသစ်ကြီး၏ ဓာတ်ပုံများကို လူမှုကွန်ရက်တွင် မျှဝေလာပြီး တရုတ်ပြည်ရှိ မိတ်ဆွေတစ်ဦးထံမှ လက်ဆောင်ရခြင်းဖြစ်သည်ဟု ဆိုသည်။
(ပရဗင်း ဂနေရှန်သည် တရုတ်ပြည်သားတစ်ဦးထံမှ BMW ကားသစ်တစ်စင်း လက်ဆောင်ရခဲ့သည်။ ဓာတ်ပုံ- X/@PrawinGaneshan)
တမီလ် နှစ်သစ်ကူးနေ့တွင် တရုတ်ပြည်မှ မိတ်ဆွေက မိမိကို BMW တစ်စင်း လက်ဆောင်ပေးကြောင်း ဂနေရှန်က X လူမှုကွန်ရက်တွင် ပြောသည်။
ထိုသို့ ဈေးကြီးသည့် လက်ဆောင်ပေးခဲ့ပုံ ဇာတ်ကြောင်းကိုလည်း ဂနေရှန်က ပြောပြသည်။
“ပြီးခဲ့တဲ့နှစ် ကျွန်တော့်မွေးနေ့တုန်းက တရုတ်ပြည်မှာ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကို ရောက်ခဲ့ပါတယ်။ သူက ညသန်းခေါင်ကျော်အချိန်မှာ မွေးနေ့ကိတ် စီစဉ်ပေးခဲ့ပြီး ကျွန်တော့်အတွက် မွေးနေ့ကို ခမ်းခမ်းနားနား လုပ်ပေးခဲ့တယ်။” ဟု ဂနေရှန်က ပြောသည်။
သူငယ်ချင်းက မိမိကို မေးခွန်းတစ်ခုမေးခဲ့ကြောင်း၊ ထိုမေးခွန်းမှာ…မိမိဖြစ်ချင်ပါလျက် မဖြစ်ရသေးသော အိပ်မက်မှာ မည်သည့်အိပ်မက်ဖြစ်သည်ကို မေးခဲ့ခြင်းဖြစ်ကြောင်း ဂနေရှန်က ပြောသည်။
ဂနေရှန်က ပြောခဲ့သည်မှာ တစ်နေ့နေ့တွင် BMW တစ်စင်း ပိုင်ဆိုင်ရန် မျှော်လင့်ထားကြောင်း ဖြေခဲ့သည်။
“နောက်ထပ် လာမယ့်မွေးနေ့မတိုင်မီမှာ BMW စီးရလိမ့်မယ်လို့ သူက ပြောခဲ့ပါတယ်” ဟု တမီ နာဒူးပြည်နယ်သား ဂနေရှန်က ပြောပြသည်။
ထို့နောက် ယခုနှစ် မွေးနေ့မရောက်မီ ကာလအတန်ကြာကတည်းက ထိုသူငယ်ချင်း မိန်းကလေးက ဂနေရှန်ကို BMW တစ်စင်း လက်ဆောင်ပေးခဲ့လေသည်။
တမီ နှစ်သစ်ကူးနေ့ (ယခုနှစ် ဧပြီလ ၁၄ ရက်) တွင် သူငယ်ချင်းက ဂနေရှန်ထံ မက်ဆေ့ပေးပို့ခဲ့ရာ ဂနေရှန် မျှော်လင့်အိပ်မက်နေသော ကားမှာ အသင့်ရှိနေပြီဖြစ်ကြောင်း ပြောခဲ့သည်။
“နင့်အိပ်မက် ကားက အဆင်သင့်ဖြစ်နေပြီ။ လာယူလှည့်ပါ” ဟု သူငယ်ချင်းဖြစ်သူက ဂနေရှန်ကု ပြောခဲ့သည်။
ဂနေရှန်က ထိုကားကို လက်ခံရယူခဲ့ပုံ ဓာတ်ပုံများ လူမှုကွန်ရက်တွင် မျှဝေခဲ့သည်။
BMW iX1 မှာ ယွမ် ၂ ဒသမ ၅ သိန်း တန်ကြေးရှိကြောင်း ဂနေရှန်က ပြောသည်။
တရုတ်ပြည်တွင်လည်း မိမိ၏ လုပ်ငန်းကို ချဲ့ထွင်လုပ်ကိုင်နေမှုများရှိကြောင်း၊ ကားလက်ဆောင်ပေးသူမှာ မိမိ၏ စီးပွားဖက်မဟုတ်ကြောင်း ဂနေရှန်က ပြောသည်။
တရုတ်ပြည်မှ မိတ်ဆွေ လက်ဆောင်ပေးသည့်ကားမှာ တရုတ်ပြည်တွင်ပင် ရှိနေကြောင်း၊ အိန္ဒိယသို့ သယ်ယူခဲ့ခြင်း မရှိကြောင်း၊ တရုတ်ပြည်သို့ အလုပ်ကိစ္စအတွက် ရောက်သည့်အခါမျိုးတွင် အသုံးပြုရန် စီစဉ်ထားကြောင်း ဂနေရှန်က ပြောသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Mocked for being ‘sex toys seller,’ Indian entrepreneur shows off BMW gift from Chinese friend (hindustantimes)