• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • Saic H5 မှာ တရုတ်ပြည်တွင် ဈေးကွက်တွင် စတင်ရောင်းချပြီး တစ်နာရီအတွင်း အစင်းရေ ၁၀,၀၀၀ အမှာစာရရှိ၊ ယခုစက်တင်ဘာလအတွင်း ဝယ်ယူသူများထံ ပို့ဆောင်ပေးမည်

Saic H5 မှာ တရုတ်ပြည်တွင် ဈေးကွက်တွင် စတင်ရောင်းချပြီး တစ်နာရီအတွင်း အစင်းရေ ၁၀,၀၀၀ အမှာစာရရှိ၊ ယခုစက်တင်ဘာလအတွင်း ဝယ်ယူသူများထံ ပို့ဆောင်ပေးမည်

  • 21 views

saic_h5_orders-1536x864.jpg
Huawei က ထုတ်လုပ်သော စွမ်းအင်သစ် SUV မော်ဒယ်သစ်ဖြစ်သည့် Saic H5 မှာ မိတ်ဆက်ပြီး တစ်နာရီအတွင်း အစင်းရေ ၁၀၀၀၀ အမှာစာ ရရှိခဲ့သည်ဟု ဆိုသည်။

EREV နှင့် BEV ဟူ၍ powertrain variant ၂ မျိုးလာပြီး အနိမ့်ဆုံး ယွမ် ၁၅၉၈၀၀ (ကန်ဒေါ်လာ ၂၂၅၀၀) မှ စသည်။
HarmonyOS ကို သုံးထားပြီး ADAS စနစ်ပါသည်။

Huawei ဦးဆောင်သော ကားလောကပူးပေါင်းဆောင်ရွက်ရေး မဟာမိတ်အဖွဲ့ (HIMA) မှ ထုတ်လုပ်သော brand များအနက် Saic ဟု အမည်ပေးထားသော ယခု brand မှာ ပဉ္စမမြောက်ဖြစ်သည်။

(ဆက်စပ်သတင်း)

Huawei ၏ Saic H5 SUV မှာ အစင်းရေ ၈၀၀၀၀ Pre-order ရောင်းချထားရ

https://www.carsdb.com/my/news/1328

အခြား brand ၄ ခုမှာ Aito, Luxeed, Stelato နှင့် Maextro တို့ဖြစ်သည်။

Saic မော်ဒယ်ကို Huawei နှင့် SAIC တို့ ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်ပြီး မူလက Shangjie ဟု သိထားခဲ့ကြသည်။

saic_h5_orders-1-1536x864.jpg

 

၁။ ဒီဇိုင်းနှင့် အရွယ်အစား
• Saic H5 သည် mid-size crossover ဖြစ်ပြီး minimalism စတိုင်ဖြစ်သည်။
• အရွယ်အစားမှာ 4780/ 1910/ 1664 mm ရှိပြီး wheelbase မှာ 2840 mm ဖြစ်သည်။
• အပြင်ပိုင်း=  air intake ၊ ပုံမှန်အောက်သေးငယ်သော ရှေ့မီးကြီးများ၊ taillight ၊ သမားရိုးကျ တံခါးလက်ကိုင်၊ အမိုးပေါ်တွင် LiDAR sensor 

၂။ အတွင်းပိုင်း
• အခြားသော HIMA ကားများနည်းတူ H5 ၏ အတွင်းပိုင်းမှာ minimalist ဒီဇိုင်းဖြစ်သည်။
• အရေးပါသော အစိတ်အပိုင်းများ= ၁၅ ဒသမ ၆ လက်မ floating touchscreen ၊ စတီယာရင်၏ နောက်တွင် gear shifter တစ်ခု၊ D ပုံသဏ္ဍာန် စတီယာရင်
• အခြား Feature များ= 50W ကြိုးမဲ့အားသွင်းစနစ်၊ ၂ ဒသမ ၃ စတုရန်းမီတာရှိ sunroof ၊ ချိန်ညှိနိုင်သော နောက်တန်း ထိုင်ခုံများ

၃။ ADAS စနစ်
• High-end trim များတွင် Huawei ၏ ADS 4 system ကို သုံးထားသည်။
• Sensor များ= 192-line LiDAR တစ်ခု၊ 4D mm-wave radar ၃ ခု၊ ultrasonic sensor ၁၂ ခု၊ ကင်မရာ ၁၁ လုံး

၄။ Powertrain Specifications
• လျှပ်စစ်ကား Variant တွင်=
  • ဘက်ထရီ ရွေးစရာ= 64.6 kWh (သို့မဟုတ်) 80 kWh
  • CLTC Range= ၅၃၅ ကီလိုမှ ၆၅၅ ကီလို
  • အထွက်အား= 150 kW မှ 180 kW (201 hp မှ 241 hp)
  • စွမ်းအင်သုံးစွဲမှု= ကီလို ၁၀၀ လျှင် 13.4 kWh
• ခရီးဝေးမောင်းနိုင်သော EREV Variant တွင်=
  • မော်တာ= အထွက်အား 150 kW 
  • 1.5-liter အင်ဂျင် (generator အဖြစ်သုံးသည်။) (အထွက်အား- 97 hp)
  • လျှပ်စစ်သီးသန့်ဖြင့် မောင်းနိုင်မှု= ကီလို ၂၃၀  

 

shangjie_h5_interior-1-1536x864.jpg

၅။ ဈေးနှုန်း
• Saic H5 Pro EREV= ယွမ် ၁၅၉၈၀၀ (ဒေါ်လာ ၂၂၅၀၀)
• Saic H5 Max EREV= ယွမ် ၁၇၉၈၀၀ (ဒေါ်လာ ၂၅၃၀၀) 
• Saic H5 Pro EV= ယွမ် ၁၆၅၈၀၀ (ဒေါ်လာ ၂၃၃၀၀)
• Saic H5 Pro Long Range EV= ယွမ် ၁၇၉၈၀၀ (ဒေါ်လာ ၂၅၃၀၀) 
• Saic H5 Max EV= ယွမ် ၁၈၅၈၀၀ (ဒေါ်လာ ၂၆၁၀၀)
• Saic H5 Max Long Range EV= ယွမ် ၁၉၉၈၀၀ (ဒေါ်လာ ၂၈၁၀၀)

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Saic H5 got 10,000 orders in one hour in China with deliveries scheduled for September(carnewschina)