တရုတ်ပြည်၏ ဈေးအသက်သာဆုံး MPV ဖြစ်သော SGMW ထုတ် Wuling Xingguang 730 ကို Pre-order မှာယူနိုင်ပြီဖြစ်ကြောင်းသိရ

  • 200 views

e59bbee78987-222-e1758614937618-1536x865.jpg

SGMW ထုတ် mid-size MPV မော်ဒယ်သစ် Xingguang (Starlight) 730 ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်တွင် တရားဝင် pre-order စတင်ရောင်းချပေးပြီ ဖြစ်သည်။

ဈေးကွက်တွင် မိတ်ဆက်ရောင်းချခြင်းမပြုမီ ယွမ် ၁၀၀၀ (၁၃၉ ဒေါ်လာ) deposit သွင်းကာ အွန်လိုင်းမှ pre-order မှာယူသူတို့အနေဖြင့် ယွမ် ၂၀၀၀ (၂၇၈ ဒေါ်လာ) discount ရမည်ဟု ဆိုသည်။

e59bbee78987-226-1536x1152.jpg

Showroom display အဖြစ် Wuling Xingguang 730 ပထမအသုတ်ကားများမှာ တရုတ်ပြည်တစ်လွှားရှိ မြို့ပေါင်း ၂၂၀ သို့ ရောက်ရှိနေပြီ ဖြစ်သည်။Wuling Xingguang 730 တွင် ထိုကုမ္ပဏီ၏ “Sky-Spirit-God” နည်းပညာကို အသုံးပြုထားသည်။

e59bbee78987-224-1536x1154.jpg

ယခု MPV ၏ ထူးခြားချက်မှာ Customer တို့၏ လိုအပ်ချက်အပေါ်မူတည်ပြီး သမားရိုးကျ လောင်စာသုံးကား၊ plug-in hybrid နှင့် pure electric ဟူ၍ ရွေးချယ်စရာများ ရှိခြင်းဖြစ်သည်။Variant အသီးသီးတွင် ထူးခြားထင်ရှားသော ဒီဇိုင်းစတိုင်များရှိသည်။

ဆီကားနှင့် plug-in hybrid ဗားရှင်းတို့တွင် ကြီးမားသော grille ဖြင့် ရုပ်ထွက်ဝင့်ဝင့်ကြွားကြွားရှိပြီး electric model ကိုမူ minimalism ပုံစံဖြင့် ချဉ်းကပ်ထားသည်။Version အားလုံးတွင် dual-bar LED daytime running light များ၊ လေခွင်းအားကောင်းစေရန် ထည့်သွင်းပေးထားသော ဘေးဘက်လိုင်းစင်းများ ပါဝင်သည်။

e59bbee78987-227-1536x1152.jpg

အရွယ်အစားမှာ 4,910/ 1,850/ 1,770mm ရှိပြီး wheelbase မှာ 2,910mm ဖြစ်သည်။အတွင်းပိုင်းတွင် floating centre display ရှိပြီး physical button များ ထည့်ပေးထားကာ wireless phone charging pad တစ်ခုလည်း ပါဝင်သည်။ထိုင်ခုံ အခင်းအကျင်းမှာ 2+2+3 ဖြစ်ပြီး ဒုတိယတန်းခုံများတွင် recline adjustment ပါသည်။

ဆီကား variant တွင် 1.5T အင်ဂျင်သုံးထားပြီး အထွက်အား 130 kW (174 hp) ရှိသည်။

Plug-in hybrid တွင်မူ အထွက်အား 78kW ရှိသော 1.5L အင်ဂျင်နှင့် လျှပ်စစ်မော်တာ တစ်လုံးတို့ အသုံးပြုထားသည်။

e59bbee78987-225-800x559.jpg

e59bbee78987-223-800x559.jpg

All-electric ဗားရှင်းတွင်ဆိုလျှင် အထွက်အား 100 kW (134 hp) ရှိ မော်တာ သုံးထားပြီး ဘက်ထရီမှာ 54.5kWh နှင့် 60kWh ဟု ရွေးစရာ ၂ မျိုးရှိသည်။

CLTC range အနေဖြင့် ၄၅၀ ကီလိုနှင့် ကီလို ၅၀၀ ၂ မျိုး ရှိမည်ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: SGMW’s Wuling Xingguang 730, which will be the most affordable MPV in China now available for pre-order (carnewschina)