• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အိန္ဒိယတွင် မိန်းကလေးတစ်ဦးက ကားပြခန်း၌ ကားသစ်တစ်စင်းသွားရောက်ဝယ်ယူရာ ယတြာချေသည့်အနေဖြင့် သံပုရာသီးတစ်လုံးကို ကားဘီးဖြင့်ကြိတ်ရာ အရှိန်လွန်ပြီး ပထမထပ်မှ ကားထိုးကျ

အိန္ဒိယတွင် မိန်းကလေးတစ်ဦးက ကားပြခန်း၌ ကားသစ်တစ်စင်းသွားရောက်ဝယ်ယူရာ ယတြာချေသည့်အနေဖြင့် သံပုရာသီးတစ်လုံးကို ကားဘီးဖြင့်ကြိတ်ရာ အရှိန်လွန်ပြီး ပထမထပ်မှ ကားထိုးကျ

  • 606 views

AA1MesTa.jpg

မာနိပါဝါ အမည်ရှိ အသက် ၂၉ နှစ်အရွယ် မိန်းကလေးအတွက် အိန္ဒိယပြည်တွင်းထုတ် Mahindra Thar ကားသစ်တစ်စင်း ဝယ်ယူလိုက်နိုင်သည့် ပီတိမှာ ပြောမပြတတ်အောင် ဝမ်းမြောက်ပျော်ရွှင်နေမိခဲ့သည်။

((ဘာတွေဖြစ်ခဲ့လဲ)

တနင်္လာနေ့ ညနေတွင် မာနိပါဝါသည် ဒေလီမြို့၊ Nirman Vihar အရပ်ရှိ Mahindra ကားပြခန်းသို့ သွားရောက်ခဲ့ပြီး ရူပီး ၂၇ သိန်းတန် Thar ကားသစ်တစ်စင်း ဝယ်ယူခဲ့သည်။ကားပြခန်း၏ ပထမထပ်တွင် ထားရှိသော ကားကို အိမ်သို့ မောင်းယူမလာမီ ရိုးရာ ပူဇော်သည့်ဓလေ့တစ်ခု လုပ်ရန် မာနိပါဝါ ဆုံးဖြတ်ခဲ့သည်။

Thar ၏ ကားဘီးရှေ့တွင် သံပုရာသီး တစ်လုံးချထားလိုက်သည်။မာနိ ပါဝါက သံပုရာသီးကို ကားဘီးနှင့် ကြိတ်မိရုံမျှ ကားကို အနည်းငယ်မောင်းလိုက်ရမည် ဖြစ်သည်။သို့သော် မာနိ ပါဝါသည် လီဗာကို မှားနင်းမိသွားသည်။ကားပေါ်တွင် မာနိ ပါဝါအပြင် ကားပြခန်းမှ အရောင်းဝန်ထမ်းတစ်ဦးဖြစ်သူ ဗီကက်စ်ဆိုသူလည်း ရှိနေသည်။

ကားမှာ ပထမထပ်၏ မှန်နံရံကို ဝင်တိုက်ကာ ကားပြခန်းအပြင်သို့ ထွက်သွားပြီး အောက်ဘက် လူသွားလမ်းပေါ်သို့ ထိုးကျသွားတော့သည်။ဗွီဒီယိုဖိုင်တစ်ခုတွင် တွေ့မြင်ရမှုအရ ကားမှာ လမ်းပေါ်တွင် ပက်လက်လန်နေသည်ကို တွေ့ရသည်။မာနိနှင့် ဗီကက်စ်တို့ကို အနီးရှိ Malik ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ကြသည်။ကံကောင်းထောက်မစွာဖြင့်ပင် ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရခဲ့ကြ။ရှေးဦးသူနာပြုစုနည်းဖြင့် ကုသမှုများ ပြုလုပ်ပေးပြီးနောက် ဆေးရုံမှ ပြန်လာနိုင်ခဲ့ကြသည်။

“တနင်္လာနေ့ ညနေ ၆ နာရီ ၈ မိနစ်အချိန်မှာ မာနိ ပါဝါရဲ့ ဆေးဘက်ဥပဒေကြောင်းအမှုတစ်ခု လက်ခံရရှိခဲ့ပါတယ်။ သူက ဥတာပရာဒက်ရှ်ပြည်နယ်၊ ဂါဇီယာဘက်မြို့၊ အင်ဒီရာပူရမ်အရပ်မှာ နေထိုင်သူဖြစ်ပြီး ဒေလီမြို့၊ Nirman Vihar အရပ်မှာရှိတဲ့ Malik ဆေးရုံမှာ ပြသခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုတွေအရ မာနိနဲ့ သူ့ခင်ပွန်း ပရာဒိတို့ဟာ Nirman Vihar အရပ်မှာရှိတဲ့ Mahindra ကားပြခန်းမှာ Thar ကားသစ်တစ်စင်း ဝယ်ယူခဲ့ကြတာဖြစ်ပါတယ်” ဟု ဒေလီမြို့ အရှေ့ပိုင်းခရိုင် လက်ထောက်ရဲမှူး အဘီရှိတ် ဒါနီယာက ပြောသည်။

ဒဏ်ရာရရှိသူ မရှိခဲ့သလို မည်သူတစ်ဦးတစ်ယောက်ထံမှ တိုင်ကြားချက်လည်း လက်ခံရရှိခဲ့ခြင်းမရှိကြောင်း ဒါနီယာက ပြောသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: She Wanted To Crush Lemon With Thar, SUV Flew Out Of Showroom's 1st Floor