- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဂျပန်တွင် ကားပါကင်အမိုးများကို ပန်းရုံများအဖြစ် ပြောင်းလဲလာ
ဂျပန်တွင် ကားပါကင်အမိုးများကို ပန်းရုံများအဖြစ် ပြောင်းလဲလာ
- 48 views
ဂျပန်နိုင်ငံတွင် ကားပါကင်များစွာ၏ အမိုးများမှာ သံပြားများမဟုတ်။ ပန်းမျိုးစုံ ပွင့်လန်းသော ပန်းရုံများဖြစ်ကြသည်။
ပန်းရုံများ ပြုလုပ်ထားခြင်းအားဖြင့် ကားများကို အရိပ်ရစေရုံမျှမကဘဲ ရာသီအလိုက် ဖူးပွင့်နေသော ရောင်စုံပန်းတို့ကြောင့် မျက်စိပသာဒဖြစ်စေသည့်အပြင် လေထုကိုလည်း အအေးဓာတ်ရစေသည်။
တချိန်က သံမဏိပြားများနေရာတွင် တွဲလောင်းဆွဲ ပန်းဥယျာဉ်ဖြင့် အစားထိုးလိုက်ခြင်းလည်း ဖြစ်သည်။
တွဲလောင်းဆွဲ ပန်းဥယျာဉ်များမှာ မြို့ပြအပူကို လျှော့ချရန်၊ လေထုအရည်အသွေးကောင်းစေရန်၊ ဇီဝမျိုးကွဲ စုံလင်စေရန်၊ စိမ်းလန်းသော ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန်လည်း ရည်ရွယ်သည်။
တီထွင်ဆန်းသစ်သော နည်းလမ်းကြောင့် ပူပြင်းသော မီးခိုးရောင် ကတ္တရာလမ်းနေရာများကို အေးမြသော၊ အရိပ်ရသောနေရာများအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ကာ ဝတ်မှုန်ကူးသူတို့ အခြေချရာနေရာဖြစ်လာစေပြီး ခေတ်မီ အခြေခံ အဆောက်အအုံတို့ကို သဘာဝတရားနှင့် ပေါင်းစပ်ပေးလိုက်ခြင်းလည်း ဖြစ်သည်။
((အကျိုးကျေးဇူးများ))
● မြို့ပြအပူ လျော့ပါးစေခြင်း
အမိုးပေါ်မှ အပင်တို့မှာ အပူကို စုပ်ယူကာ ပလက်ဖောင်းနှင့် လေထုကို အေးမြစေသည်။ သို့အတွက် ကားပါကင်နေရာတစ်ခုလုံးနှင့် ဝန်းကျင် အပူချိန်ကို လျော့ကျသွားစေသည်။
● လေထုအရည်အသွေး ပိုမိုကောင်းမွန်လာစေခြင်း
ပန်းပင်အမိုးတို့က လေထုထဲမှ ညစ်ညမ်းသော ပစ္စည်းများကို စစ်ထုတ်ပေးကာ လတ်ဆတ်သော လေထုကို ရရှိစေသည်။
● ဇီဝမျိုးကွဲ စုံလင်စေခြင်း
ကားပါကင် ပန်းဥယျာဉ်တို့သည် ပျားနှင့် အခြားသော ဝတ်မှုန်ကူးသူတို့အတွက် အရေးပါသော အခြေချနေထိုင်ရာ နေရာပေးစွမ်းနိုင်ပြီး မြို့ပြတွင် ဇီဝမျိုးကွဲစုံလင်ရေးအတွက် အထောက်အကူ ဖြစ်စေသည်။
● အလှဗေဒ
ကားပါကင် ပန်းဥယျာဉ်တို့သည် မြို့ပြအခင်းအကျင်းကို အလှဆင်ပေးနိုင်ပြီး ကားပါကင်နေရာများ ပိုမို မျက်စိပသာဒရှိလာစေသည်။
● သာဓက
အိုဆာကာမြို့၊ Namba ပန်းခြံ= Namba ပန်းခြံသည် အများပြည်သူ ကားရပ်နားရာ နေရာမျိုး မဟုတ်သော်လည်း ကြီးမားသော အမိုးပေါ် ပန်းဥယျာဉ်များအကြောင်း ပြောလျှင် စံနမူနာ တစ်ခု ဖြစ်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: From Rusty Sheds to Living Roofs: A Plea for Beautifying Government Car Parks (newswav)