ချန်ဒူး ကားပြပွဲကြီးတွင် Chery QQ3 လျှပ်စစ်ကားကို စတင်မိတ်ဆက် ၊ QQ series ပြန်လာပြီ

  • 110 views

1756453008254.jpg

တရုတ်ပြည်တွင် ကျင်းပလျက်ရှိသော ၂၀၂၅ ခုနှစ်၊ ချန်ဒူး ကားပြပွဲကြီးတွင် Chery က QQ3 လျှပ်စစ်ကားကို စတင်မိတ်ဆက်လာသည်။

(ဆက်စပ်သတင်း)

သြဂုတ် ၂၉ ရက်တွင် စတင်ကျင်းပမည့် ချန်ဒူး နိုင်ငံတကာ ကားပြပွဲကြီးအကြောင်း

https://www.carsdb.com/my/news/1287

တရားဝင်ရောင်းချမှုမှာမူ အစောဆုံးအနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် ဖြစ်ဖွယ်ရှိသည်။QQ3 ၏ တိုက်ရိုက်ပြိုင်ဘက်မှာ Geely Geome Xingyuan hatchback ဖြစ်သည်။QQ series ကို ၂၀၀၃ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ချိန်က Chery သည် လူငယ်တို့၏ ပထမဆုံးကားအဖြစ် ရပ်တည်ခဲ့သည်။ယင်းနောက်ပိုင်း Chery သည် Chery QQ3, QQ6 နှင့် QQme တို့ကို ဆက်တိုက် မိတ်ဆက်ခဲ့သည်။

1000025182-1536x817.jpg

၂၀၀၅ ခုနှစ်တွင် Chery QQ series ၏ လစဉ်ရောင်းအားမှာ အစင်းရေ ၁၀၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်သို့ ရောက်သောအခါ အစင်းရေ ၁ သန်းကျော် ရောင်းချထားရပြီး ဖြစ်သည်။ယင်းနောက်ပိုင်း အဆက်မပြတ် မိတ်ဆက်ခဲ့သော မော်ဒယ်တို့မှာမူ ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်လာ သောကြောင့် ရောင်းအားနည်းပါးခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် အဆိုပါ series ကို ဆက်လက် ထုတ်လုပ်တော့ခြင်း မရှိတော့ချေ။

1000025172-800x885.jpg

ယခုနှစ် ဧပြီလ အစောပိုင်းတွင်မူ Chery က ရှန်ဟိုင်း ကားပြပွဲကြီးတွင် Chey QQ နမူနာကားသစ်ကို မိတ်ဆက်ကာ QQ series ကို ပြန်လည်အသက်သွင်းလာသည်။Chery QQ3 မော်ဒယ်သစ်အားလုံး၏ ရုပ်ထွက်မှာ အလုံးပုံစံဖြစ်ပြီး ဘဲဥပုံ ရှေ့မီးကြီးများ၊ running light strips များ ပါသည်။Taillight များမှာလည်း ရှေ့မီးကြီးများ၏ ဒီဇိုင်းနှင့် လိုက်ဖက်စေရန် ဘဲဥပုံ ပုံဖော်ထားသည်။

1000025174-800x633.jpg

Wheelbase မှာ 2700 mm ရှိပြီး အလျား 4200 mm ရှိသည်။ C-pillar တွင် QQ logo ကို တွေ့ရသည်။ နောက်ပိုင်းတွင် လျှပ်စစ်မော်တာတစ်လုံး သုံးထားပြီး အထွက်အား 90 kW (121 hp) ရှိသည်။ဘက်ထရီ capacity နှင့် range ကိုမူ မသိရသေးချေ။

1000025176-800x320.png

ကားအတွင်းခန်းတွင် ဘဲဥပုံ လေအေးပေးပေါက်များ၊ ထောင့်မှန်စတုဂံပုံ instrument panel ၊ ၁၅ ဒသမ ၆ လက်မ 2.5K floating central control screen တို့ ပါဝင်ပြီး Qualcomm Snapdragon 8155 chip ကို သုံးထားကာ AI voice assistant လည်း support ပေးထားသည်။

1000025171-800x666.jpg

ထို့အပြင် အွန်လိုင်းမှတစ်ဆင့် ဆော့ဖ်ဝဲ အဆင့်မြှင့်တင်နိုင်မှု၊ 50W wireless charging ၊ CarPlay, HiCar နှင့် CarLink တို့ဖြင့် ဖုန်းနှင့် ချိတ်ဆက်နိုင်သည်။

1000025183-800x436.jpg

1000025177.jpg

1000025181.jpg

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: All-new Chery QQ3 EV debuts in China as part of the QQ series revival