• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • အမျိုးသားတစ်ဦးက အလွန်ရှားပါးသည့် အရောင်ဖြင့် ထုတ်လုပ်သော ၂၀၂၄ မော်ဒယ် Chevrolet Camaro ZL1 ကို အရောင်းစင်တာမှ ဝယ်ယူပြီး ၁၀ မိုင်သာမောင်းခဲ့ပြီးနောက် ရောင်းထုတ်ခဲ့ပုံ

အမျိုးသားတစ်ဦးက အလွန်ရှားပါးသည့် အရောင်ဖြင့် ထုတ်လုပ်သော ၂၀၂၄ မော်ဒယ် Chevrolet Camaro ZL1 ကို အရောင်းစင်တာမှ ဝယ်ယူပြီး ၁၀ မိုင်သာမောင်းခဲ့ပြီးနောက် ရောင်းထုတ်ခဲ့ပုံ

  • 318 views

chevy-camaro-zl1-750x422.jpg

အမျိုးသားတစ်ဦးသည် Chevrolet Camaro ZL1 တစ်စင်းကို ဒေါ်လာ ၇၆၉၈၀ ဖြင့် ဝယ်ယူခဲ့ပြီးနောက် အရောင်းစင်တာမှ ပြန်လာပြီးချင်း ရောင်းထုတ်ခဲ့သည်။

မည်သည့်အတွက်ကြောင့်နည်း။

၁၀ မိုင်တည်းသာ မောင်းခဲ့ခြင်းဖြစ်သည်။ ထူးဆန်းသည်ဟု ဆိုနိုင်ပါသလား။မှန်ပါသည်။ မည်သူမျှ တွေးထင်ထားမည်မဟုတ်သော ဖြစ်ရပ်ပင်။ယခု ဆက်လက်ဖော်ပြမည့် အကြောင်းတို့ကို ဖတ်ရှုပြီးလျှင် အဘယ်ကြောင့် ရောင်းထုတ်ခဲ့သည်ကို ကောင်းစွာ သဘောပေါက်သွားမည် ဖြစ်သည်။

ယခု ၂၀၂၄ မော်ဒယ် Chevrolet Camaro ZL1 သည် အခြား Camaro များနှင့်မတူ။six-speed manual ကားဖြစ်ပြီး ဆေးရောင်မှာ သင်တွေ့ဖူးသည့် ဆေးရောင်မျိုး မဟုတ်။Nitro Yellow Metallic ဆေးရောင်ဖြစ်ရာ အလွန်ထူးခြား ရှားပါးသည့် ကားတစ်စင်းပင်။ယခု ကားမော်ဒယ်မျိုး ၂၄ စင်းတည်းသာ ထုတ်လုပ်ထားသည်။

ဤတွင် အကွက်မြင်သူတို့အတွက် ဂွင်တစ်ခု ဖြစ်လာသည်။ ဤမျှ ရှားပါးသော ကားမှာ ကားဝါသနာအိုးတို့ အကြိုက်ဖြစ်လာနိုင်သည် မဟုတ်ပါလော။ယခုအမျိုးသားက Chevrolet Camaro ZL1 ကို ဝယ်ခဲ့သည်မှာ စီးရန်မဟုတ်။ ငွေရှာရန် ဖြစ်သည်။

၎င်းက ဒေါ်လာ ၇၇၀၀၀ နီးပါးပေးကာ ဝယ်ယူခဲ့ပြီး ပြန်လည်လေလံတင်ခဲ့ရာ ဒေါ်လာ ၈၀၀၀၀ ဝန်းကျင်ရသွားသည်။အလုပ်ဖြစ်သည် မဟုတ်ပါလော။သို့သော် ထိုအမျိုးသားအနေဖြင့် နှစ်အနည်းငယ် စောင့်လိုက်လျှင် ၂ ဆခန့်ပင် ပိုရနိုင်သည်။

တန်ဖိုးရှိသည့်အရာကို ကောင်းစွာအသုံးမချတတ်ခြင်းပင်။ ဤမျှရှားပါးသည့် ZL1 ကဲ့သို့ ကားများမှာ ကြာလေ တန်ဖိုးရှိလေ….ပန်းချီကားတစ်ချပ်၊ အနုပညာပစ္စည်းတစ်ခုသဖွယ် မဟုတ်ပါလော။

ZL1 သည် sixth-generation Camaro မှ လူကြိုက်များသော ဗားရှင်း ဖြစ်သည်။

လက်ရှိအားဖြင့် ဆက်လက်ထုတ်လုပ်တော့ခြင်း မရှိချေ။ထို့ကြောင့် ထိုကားများမှာ နေ့စဉ်နှင့်အမျှ ဈေးတက်နေသည်။ZL1 တွင် 6.2-liter LT4 V8 အင်ဂျင်သုံးထားပြီး အထွက်အား 650 hp ရှိပြီး ရုန်းအားမှာ 650 lb-ft ရှိသည်။0 to 100 km/h အမြန်နှုန်းကို ၃ ဒသမ ၅ စက္ကန့်အတွင်း ရနိုင်ပြီး ၁ မိုင်၏ ၄ ပုံ ၁ ပုံကို ၁၁ ဒသမ ၄ စက္ကန့်အတွင်း ရောက်နိုင်ကာ အမြင့်ဆုံးမြန်နှုန်းမှာ 200 km/h ကျော် ရှိသည်။ကားအတွင်း head-up display ၊ နောက်ကြည့် ကင်မရာ၊ climate control ၊ ကြိုးမဲ့အားသွင်းစနစ်တို့ အပါအဝင် အခြား feature များစွာရှိသည်။

ပိုမိုကောင်းမွန်သော ဗားရှင်းအနေဖြင့် Garage 56 model များရှိပြီး စုစုပေါင်း ၅၆ စင်းသာ ထုတ်လုပ်ထားသည်။

ထိုမော်ဒယ် ကားတစ်စင်းကို မကြာသေးမီက ဒေါ်လာ ၂၀၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ အိမ်တစ်လုံး ဈေးနှုန်း ဖြစ်နေသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: A man buys a 2024 Chevrolet Camaro ZL1 in a super exclusive color for $76,980 and resells it after only 10 miles