SAIC က range ကီလို ၂၀၅၀ ရှိသော Roewe M7 PHEV ကို ဒေါ်လာ ၁၃၇၀၀ မျှဖြင့် pre-sale စတင်ရောင်းချပေးလာ

  • 195 views

m7dmh_7_1-1536x914.jpg

SAIC က ခရီးဝေးသွားနိုင်သော Roewe M7 DMH ဆီဒင်ကို သြဂုတ်လ ၃၀ ရက်မှစကာ pre-sale စတင်ရောင်းချပေးလာသည်။

ဈေးတန်းမှာ ယွမ် ၉၇၈၀၀ မှ ၁၁၄၈၀၀ ကြား (ကန်ဒေါ်လာ ၁၃၇၀၀ မှ ၁၆၀၀၀ ကြား) ဖြစ်သည်။

ယခုမော်ဒယ်သည် Rolls-Royce တွင် design chief အဖြစ် ယခင်က တာဝန်ယူခဲ့သူ Josef Kaban က ဒီဇိုင်းဆွဲပေးသော SAIC ၏ ပထမဆုံး မော်ဒယ်ဖြစ်သည်။

CLTC range အနေဖြင့် ကီလို ၂၀၅၀ ရှိပြီး လျှပ်စစ်သီးသန့်ဖြင့် ကီလို ၁၆၀ မောင်းနိုင်သည်။

အခြားသော plug-in hybrid ဆီဒင်များနှင့် လျှပ်စစ်သီးသန့် မောင်းနိုင်သည့် range နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် 


● Geely Galaxy A7 = ကီလို ၁၅၀ 
● Changan Nevo A05= ၁၄၅ ကီလို
● Chery Fulwin A8= ၁၄၅ ကီလို
● BYD Seal 07 DM-I = ၁၂၅ ကီလို 

1000025227.jpg

Side view.

Roewe M7 DMH ၏ အရွယ်အစားမှာ 4940/1890/1510 mm (l/w/h) ရှိပြီး wheelbase မှာ 2820 mm ရှိကာ ယာဉ်အလေးချိန်မှာ ၁၆၇၀ ကီလိုဂရမ် ဖြစ်သည်။

Roewe M7 DMH သည် Pearl နမူနာကားကို ထုတ်လုပ်ထားခြင်း ဖြစ်သည်။

ထင်ရှားသော ဒီဇိုင်းများအနေဖြင့် ကြီးမားသော ရှေ့ပိုင်း grille ၊ ရေတံခွန်အသွင် chrome trims များ၊ split ရှေ့မီးကြီးများကို တွေ့ရသည်။

Front grille တွင် ROEWE တံဆိပ်မှာ အမှောင်ထဲတွင် လင်းလက်နေသည်ကို တွေ့ရမည် ဖြစ်သည်။

1000025223-800x563.jpg

Full body view.

 

1000025226-800x627.jpg

Full body view.

Powertrain ပိုင်းကို ကြည့်မည်ဆိုလျှင် SAIC ၏ 5th gen DMH hybrid နည်းပညာ ၊ 1.5L အင်ဂျင်နှင့် လျှပ်စစ်မော်တာတစ်လုံးတို့ အသုံးပြုထားသည်။

19.7 kWh လီသီယမ် အိုင်းယွန်းဖော့စဖိတ် ဘက်ထရီအသုံးပြုထားပြီး လျှပ်စစ်သီးသန့်ဖြင့် မောင်းနိုင်မည့် CLTC range မှာ ကီလို ၁၆၀ ဖြစ်ကာ စုစုပေါင်း ၂၀၅၀ ကီလို မောင်းနိုင်သည်။

ဆီတိုင်ကီ ဝင်ဆန့်မှုမှာ ၅၅ လီတာ ဖြစ်သည်။

1000025225.png

Powertrain.

1.5L အင်ဂျင်မှ အမြင့်ဆုံးအထွက်အား 82 kW (110 hp) ရှိကာ ရုန်းအားမှာ 135 Nm ရှိသည်။

လျှပ်စစ်မော်တာ၏ အထွက်အားမှာ 137 kW (184 hp) ရှိပြီး ရုန်းအား 330 Nm ရှိသည်။

အမြင့်ဆုံးမြန်နှုန်းမှာ 185 km/h ဖြစ်ပြီး ဆီစားနှုန်းမှာ ကီလို ၁၀၀ လျှင် ၂ ဒသမ ၉ လီတာ ဖြစ်သည်။

0 to 100 km/h မြန်နှုန်းကို ၇ ဒသမ ၉ စက္ကန့်အတွင်း ရနိုင်သည်။

1000025221-1-800x533.jpg

Cockpit.

1000025222-800x533.jpg

Seating layout.

1000025220-800x533.jpg

Seating layout.

1000025221-1-800x533.jpg

Center console

1000025224-800x559.jpg

Panoramic sunroof

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: SAI C’s affordable Roewe M7 PHEV with 2,050km range starts pre-sale at 13,700 USD