Geely က Galaxy M9 SUV ကို သြဂုတ်လ ၂၄ ရက်မှစတင်ကာ pre-sale ရောင်းချပေးရာတွင် ၂၄ နာရီအတွင်း အစင်းရေ ၄၀၀၀၀ ကျော် ရောင်းချရ

  • 263 views

c5bdc4ce-120f-47ed-a535-b66906a1631e1-picsart-aiimageenhancer-1536x860.jpg

Geely သည် ၎င်း၏ flagship မော်ဒယ်ဖြစ်သော Galaxy M9 PHEV ကို သြဂုတ်လ ၂၄ ရက်မှ စတင်ကာ pre-sale ရောင်းချပေးရာ ၂၄ နာရီအတွင်း အစင်းရေ ၄၀၀၀၀ ကျော် ရောင်းချရကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။

M9 သည် full-size plug-in hybrid SUV ဖြစ်ပြီး ဗားရှင်း ၆ မျိုးလာကာ ဈေးတန်းမှာ ယွမ် ၁၉၃၈၀၀ (ကန်ဒေါ်လာ ၂၇၀၄၀) မှ ယွမ် ၂၅၈၈၀၀ (ကန်ဒေါ်လာ ၃၆၁၀၀) ကြား ရှိသည်။

Galaxy ၏ lineup တွင် အကြီးမားဆုံးကားဖြစ်ပြီး six-seat အခင်းအကျင်းနှင့် ခရီးဝေးသွားနိုင်သော hybrid ကား လိုအပ်သူများအတွက် ရည်ရွယ်သည်။

((M9 ဗားရှင်း ၆ မျိုးနှင့် ဈေးနှုန်းများ))

Geely Galaxy M9 2WD – ၁၉၃၈၀၀ ယွမ် (၂၇၀၄၀ ဒေါ်လာ)
Geely Galaxy M9 2WD Smart – ၂၀၂၈၀၀ ယွမ် (၂၈၃၀၀ ဒေါ်လာ)
Geely Galaxy M9 2WD Long-range – ၂၀၉၈၀၀ ယွမ် (၂၉၂၇၀ ဒေါ်လာ)
Geely Galaxy M9 2WD Long-range Smart – ၂၁၇၈၀၀ ယွမ် (၃၀၃၉၀ ဒေါ်လာ)
Geely Galaxy M9 2WD Explore – ၂၃၆၈၀၀ ယွမ် (၃၃၀၄၀ ဒေါ်လာ)
Geely Galaxy M9 4WD Pilot – ၂၅၈၈၀၀ ယွမ် (၃၆၁၀၀ ဒေါ်လာ)

 

1200x0_1_autohomecar__chxpvmiraeuaecnradgqaz1ul-a370-picsart-aiimageenhancer-1187x1536.jpg

၂၀၂၄ ပေကျင်း ကားပြပွဲကြီးတွင် ပြသခဲ့သော Galaxy Starship နမူနာ ကားဒီဇိုင်းအတိုင်း M9 ကို ထုတ်လုပ်ထားခြင်း ဖြစ်သည်။

ရှေ့ပိုင်းတွင်  “Brilliant Galaxy” LED မီးတန်းဖြင့် ရှေ့မီးကြီးများကို ဆက်သွယ်ပေးထားကာ အမိုးပေါ်တွင် LiDAR sensor တစ်ခု ရှိသည်။

Geely Galaxy M9 ၏ အရွယ်အစားမှာ 5205/1999/1800 mm ဖြစ်ပြီး wheelbase မှာ 3,030 mm ရှိသည်။

Mercedes-Benz GLS နှင့်ယှဉ်လျှင် wheelbase မှာ ၄ မီလီမီတာမျှသာ တိုတောင်းသည်။

Geely Galaxy M9 တွင် ထိုင်ခုံ ၃ တန်းဖြင့် ဖွဲ့စည်းထားပြီး ၂+၂+၂ ပုံစံ ခင်းကျင်းထားသည်။

ထိုင်ခုံတိုင်းတွင် auto adjustment နှင့် အပူပေးစနစ်များ ပါဝင်သည်။

ရှေ့တန်းနှင့် ဒုတိယတန်းခုံများတွင် လေပေးပေါက်များနှင့် နှိပ်နယ်ပေးသည့် function တို့ ပါသည်။

ထို့အပြင် ခေါက်သိမ်းနိုင်သော စားပွဲ၊ 9.1-litre ကျယ်ဝန်းသော ရေခဲသေတ္တာနှင့် စပီကာ ၂၇ လုံးပါ Flyme Sound system တို့ ထည့်သွင်းပေးထားသည်။

001ngqbngy1i4o0hnssk1j65fg3e5u1202-large-picsart-aiimageenhancer-1-1536x959.jpg

Center console တွင် ၁၂ ဒသမ ၆၆ လက်မ အရွယ်အစားရှိသော ပါးလွှာသည့် LCD instrument panel ရှိသည်။

ထို့အပြင် လက်မ ၃၀ ရှိသော screen ကြီးတစ်ခုနှင့် နောက်ခုံတွင် လိုက်ပါသူများအတွက်  3K resolution ရှိသော ၁၇ ဒသမ ၃ လက်မရှိ ceiling-mounted monitor တစ်ခု ထည့်ပေးထားသည်။

(ဆက်စပ်သတင်း)

Geely က Galaxy M9 SUV ကို တရုတ်ပြည်တွင် ဒေါ်လာ ၂၇၀၄၀ ဖြင့် pre-sale စတင်ရောင်းချ

https://www.carsdb.com/my/news/1294

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Geely Galaxy M9 SUV exceeds 40,000 pre-sale orders within 24 hours in China (carnewschina)