- ပင်မစာမျက်နှာ
- ကားသတင်းများ
- Geely က Galaxy M9 SUV ကို တရုတ်ပြည်တွင် ဒေါ်လာ ၂၇၀၄၀ ဖြင့် presale စတင်ရောင်းချ
Geely က Galaxy M9 SUV ကို တရုတ်ပြည်တွင် ဒေါ်လာ ၂၇၀၄၀ ဖြင့် presale စတင်ရောင်းချ
- 272 views
Geely က presale စတင်ရောင်းချပေးနေသော Galaxy M9 သည် full-size plug-in hybrid SUV ဖြစ်ပြီး အနိမ့်ဆုံးဈေးနှုန်းမှာ ၁၉၃၈၀၀ ယွမ် (ဒေါ်လာ ၂၇၀၄၀) ဖြစ်သည်။
Six-seat ကားဖြစ်ပြီး အမြင့်ဆုံး မြင်းကောင်ရေအား 870 hp ရှိကာ လျှပ်စစ်သီးသန့်ဖြင့် ၂၁၀ ကီလို မောင်းနိုင်သည်။
နောင်အခါတွင် ပြည်ပဈေးကွက်များသို့ တင်ပို့မည် ဖြစ်သည်။
M9 သည် Geely Galaxy brand ၏ flagship model ဖြစ်သည်။
Geely Galaxy တွင် လက်ရှိအားဖြင့် မော်ဒယ် ၁၀ မျိုးရှိပြီး Geely Xingyuan hatchback မှာ တရုတ်ပြည်တွင် ယခုနှစ် ပထမ ၇ လတာအတွင်း အရောင်းရဆုံးကားအဖြစ် ရပ်တည်နေသည်။
(China EV DataTracker မှ အချက်အလက်များအရ)
တရုတ်ပြည် ပြင်ပတွင်မူ Geely Galaxy ကားများကို Geely အမှတ်တံဆိပ်ဖြင့်သာ ရောင်းချသည်။
((Geely Galaxy M9 ၏ အပြင်ပိုင်း))
၂၀၂၄ ခုနှစ် ပေကျင်းကားပြပွဲကြီးတွင် Geely Galaxy Starship ဟု အမည်ပေးထားသော နမူနာကားကို ချပြခဲ့ဖူးရာ Geely Galaxy M9 မှာ အဆိုပါ နမူနာ ချပြခဲ့သော ကားပင် ဖြစ်သည်။
ကားရှေ့ပိုင်းတွင် ရှေ့မီးကြီး ၂ ခုနှင့်အတူ “Brilliant Galaxy” LED မီးတန်း ရှိသည်။
နောက်ဘက်တွင်မူ single taillight ရှိသည်။
တံခါးလက်ကိုင်များမှာ သမားရိုးကျ လက်ကိုင်များဖြစ်ပြီး အမိုးပေါ်တွင် LiDAR sensor ပါသည်။
Geely Galaxy M9 ၏ အရွယ်အစားမှာ 5205/1999/1800 mm ဖြစ်ပြီး wheelbase မှာ 3,030 mm ရှိသည်။
Mercedes-Benz GLS နှင့်ယှဉ်လျှင် wheelbase မှာ ၄ မီလီမီတာမျှသာ တိုတောင်းသည်။
((Geely Galaxy M9 ၏ အတွင်းပိုင်း))
Geely Galaxy M9 တွင် ထိုင်ခုံ ၃ တန်းဖြင့် ဖွဲ့စည်းထားပြီး ၂+၂+၂ ပုံစံ ခင်းကျင်းထားသည်။
ထိုင်ခုံတိုင်းတွင် auto adjustment နှင့် အပူပေးစနစ်များ ပါဝင်သည်။
ရှေ့တန်းနှင့် ဒုတိယတန်းခုံများတွင် လေပေးပေါက်များနှင့် နှိပ်နယ်ပေးသည့် function တို့ ပါသည်။
center console တွင် ၁၂ ဒသမ ၆၆ လက်မ အရွယ်အစားရှိသော ပါးလွှာသည့် LCD instrument panel ရှိသည်။
ထို့အပြင် လက်မ ၃၀ ရှိသော screen ကြီးတစ်ခုနှင့် နောက်ခုံတွင် လိုက်ပါသူများအတွက် 3K resolution ရှိသော ၁၇ ဒသမ ၃ လက်မရှိ ceiling-mounted monitor တစ်ခု ထည့်ပေးထားသည်။
Geely Galaxy M9 SUV
(( powertrain & ဈေးနှုန်းများ))
Top-trim တွင် 1.5-liter turbocharged အင်ဂျင်သုံးထားပြီး အထွက်အား 120 kW (161 hp) ရှိကာ လျှပ်စစ်မော်တာ ၃ လုံးပါသည်။
စုစုပေါင်းအထွက်အားမှာ 649 kW (870 hp) အထိ ရှိသည်။
အမြင့်ဆုံး ရုန်းအားမှာ 1,165 Nm ဖြစ်သည်။
AWD variant တွင်ဆိုလျှင်100 km/h အမြန်နှုန်းကို ၄ ဒသမ ၅ စက္ကန့်အတွင်း ရနိုင်သည်။
ဘက်ထရီအားကုန်သွားချိန်တွင် ဆီစားနှုန်း ကီလို ၁၀၀ လျှင် ၄ ဒသမ ၈ လီတာ ဖြစ်သည်။
ဘက်ထရီ ရွေးစရာ ၂ မျိုးလာပြီး 18.4 kWh (ကီလို ၁၀၀) နှင့် 41.5 kWh (ကီလို ၂၁၀) တို့ ဖြစ်သည်။
Geely Galaxy M9 မှာ ရှေ့ယက်လည်း လာသည်။
Interior of the Geely Galaxy M9
Interior of the Geely Galaxy M9
Geely Galaxy M9 2WD – ၁၉၃၈၀၀ ယွမ် (၂၇၀၄၀ ဒေါ်လာ)
Geely Galaxy M9 2WD Smart – ၂၀၂၈၀၀ ယွမ် (၂၈၃၀၀ ဒေါ်လာ)
Geely Galaxy M9 2WD Long-range – ၂၀၉၈၀၀ ယွမ် (၂၉၂၇၀ ဒေါ်လာ)
Geely Galaxy M9 2WD Long-range Smart – ၂၁၇၈၀၀ ယွမ် (၃၀၃၉၀ ဒေါ်လာ)
Geely Galaxy M9 2WD Explore – ၂၃၆၈၀၀ ယွမ် (၃၃၀၄၀ ဒေါ်လာ)
Geely Galaxy M9 4WD Pilot – ၂၅၈၈၀၀ ယွမ် (၃၆၁၀၀ ဒေါ်လာ)
Geely Galaxy M9
Geely Galaxy M9
Geely Galaxy M9
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Geely Galaxy M9 full-size SUV started presales in China for 27,040 USD (carnewschina)