- ပင်မစာမျက်နှာ
- ကားသတင်းများ
- လူမှုကွန်ရက်တွင် နာမည်ကြီးသူတို့က လူမှုကွန်ရက်တွင်တင်မည့် ဗွီဒီယိုဖိုင် ရိုက်ကူးရန်အတွက် Mercedes SLK နှင့် Toyota Land Cruiser LC300 အပြင် အခြား luxury ကားများဖြင့် အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ထားခဲ့ကြသည့် ဖြစ်ရပ်
လူမှုကွန်ရက်တွင် နာမည်ကြီးသူတို့က လူမှုကွန်ရက်တွင်တင်မည့် ဗွီဒီယိုဖိုင် ရိုက်ကူးရန်အတွက် Mercedes SLK နှင့် Toyota Land Cruiser LC300 အပြင် အခြား luxury ကားများဖြင့် အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ထားခဲ့ကြသည့် ဖြစ်ရပ်
- 343 views
လူမှုကွန်ရက်တွင် နာမည်ကြီးသော ဗွီဒီယိုများတွင် ချမ်းသာသော သူဌေးသား လူဆိုးလေးများက ၎င်းတို့၏ luxury ကားများကို ကြွားကြသည့် ဗွီဒီယိုများလည်း ပါဝင်သည်။
၎င်းတို့သည် လူမှုကွန်ရက်တွင် ဗွီဒီယိုတင်ရန်အတွက် အများပြည်သူသုံး လမ်းမများကို ပိတ်ဆို့ထားလေ့ ရှိကြသည်။အိန္ဒိယနိုင်ငံ၊ ဟာယာနပြည်နယ်၊ ဂူရ်ဂေါင်းမြို့တွင် ထိုသို့သောဖြစ်ရပ်မျိုး မကြာသေးမီက ဖြစ်ပွားခဲ့သည်။
ဗွီဒီယိုဖိုင်ထဲတွင် တွေ့ရသည်မှာ Mercedes-Benz SLK convertible ပြိုင်ကား၊ Toyota Land Cruiser LC300 ၊ Toyota Fortuner Legender ၊ Mahindra Thars အစင်းရေ အနည်းငယ်နှင့် Scorpio-Ns တို့အပြင် အခြား တန်ဖိုးကြီးကားများဖြင့် အဝေးပြေး အမြန်လမ်းကို ပိတ်ဆို့ကာ ဗွီဒီယိုရိုက်ခဲ့ကြသည်ကို တွေ့ရသည်။
၎င်းတို့အဖွဲ့ လမ်းပိတ်ဆို့ထားသဖြင့် အခြားသူများ အခက်ကြုံနေခဲ့ကြသည်။ထိုဗွီဒီယိုဖိုင်ကို Saumya Gupta အမည်ရှိအကောင့်က X လူမှုကွန်ရက်တွင် တင်ခဲ့ခြင်း ဖြစ်သည်။လူမှုကွန်ရက်တွင် ကြည့်ရှုရသော ဗွီဒီယိုမှာမူ Upper Dwarka အမြန်လမ်းမကြီးအနီး အဆောက်အအုံတစ်ခုမှ ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။လမ်း ၃ လမ်း ဆုံစည်းသည့် လမ်းဆုံတစ်ခုအနီး လမ်း၏ ဝဲဘက်ခြမ်းကို ပိတ်ဆို့ထားခြင်းဖြစ်သည်။
ရှေ့ဆုံးတွင်တွေ့ရသည်မှာ အနက်ရောင် Mercedes-Benz SLK convertible ပြိုင်ကားဖြစ်ပြီး ၎င်း၏ ညာဘက်တွင် ရူပီး ၂ ဒသမ ၅ ကုဋေ တန်ကြေးရှိ Toyota Land Cruiser LC300 ကို တွေ့ရသည်။ ရှေ့ပိုင်းတွင်တွေ့ရသော ကားများအနက် Toyota Fortuner Legender တစ်စင်းနှင့် အဖြူရောင် Mahindra Scorpio Classic တစ်စင်းကို တွေ့ရသည်။
SLK convertible တွင် လူ ၂ ဦးရပ်နေသည်ကို တွေ့ရပြီး Fortuner Legender ကို တံခါးဖွင့်ကာ ရပ်နေသည့် အခြားတစ်ဦးလည်း တွေ့ရသည်။ယင်းနောက် ထိုကားများ၏ နောက်တွင် ရပ်ထားသော အခြားကားများကို ဗွီဒီယိုတွင် ပြသထားသည်။
ထိုကားများအနက် Mahindra Thars အစင်းရေ အနည်းငယ်တွေ့ရသည်။လူအချို့မှာ sunroof များကို ဖွင့်ကာ မတ်တပ်ရပ်နေသော Scorpio-N ကားများလည်း တွေ့ရသည်။ ကားအားလုံးကို ပါကင်အချက်ပြမီး ဖွင့်ထားပြီး ရှုထောင့်အမျိုးမျိုးမှ ဗွီဒီယိုရိုက်နေခဲ့ကြသည်။အဝေးပြေး အမြန်လမ်းတွင် အခြားကားများ ဖြတ်သန်းသွားလာနိုင်မည့် လမ်းကြောတစ်ခုမှ ဖွင့်မပေးဘဲ ပိတ်ဆို့ထားခြင်း ဖြစ်သည်။
၎င်းတို့နောက်သို့ ရောက်လာသော ကားပေါင်းများစွာမှာ လမ်းပိတ်နေသည့် ကားတန်းကြီးထဲတွင် ရှိမနေလိုသောကြောင့် ဂငယ်ကွေ့ကွေ့ကာ ပြန်လှည့်သွားကြသည်။
ယခုဗွီဒီယိုကို X လူမှုကွန်ရက်တွင် တင်ခဲ့သူက ဂူရ်ဂေါင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဂူရ်ဂေါင်း လက်ထောက် ရဲမင်းကြီးနှင့် ဂူရ်ဂေါင်း ရဲတပ်ဖွဲ့တို့ကို tag တွဲကာ တင်ခဲ့ခြင်းဖြစ်ပြီး အများပြည်သူကို အခက်တွေ့အောင် လုပ်ဆောင်ခဲ့သူတို့အား အရေးယူပေးရန် တောင်းဆိုခဲ့သည်။
လက်ရှိအချိန်အထိမူ အာဏာပိုင်တို့က ယခုဗွီဒီယိုကို သတိပြုမိခြင်း ရှိ၊ မရှိ၊ ယခုတောင်းဆိုချက်ကို တုံ့ပြန်ထားခြင်း ရှိ၊ မရှိနှင့် လမ်းပိတ်ဆို့မှုတွင် ပါဝင်ခဲ့သူတို့ကို စုံစမ်းနေခြင်း ရှိ၊ မရှိတို့နှင့် ပတ်သက်ပြီး မသိရသေးချေ။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Influencers Block Expressway With Mercedes SLK, Toyota Land Cruiser LC300 And Other Luxury Cars To Shoot Reels [Video]