လာမည့် သြဂုတ် ၁၉ ရက်တွင် တရုတ်ပြည်ဈေးကွက်၌ စတင်မိတ်ဆက်မည့် ၂၀၂၆ မော်ဒယ် Haval Raptor PHEV

  • 236 views

708e4b3fly1i47jeld36sj23sj2j21l1-800x556.jpg

Great Wall Motor (GWM) ထုတ် ၂၀၂၆ မော်ဒယ် Haval Raptor PHEV သည် off-road SUV အမျိုးအစားဖြစ်ပြီး တရုတ်ပြည်ဈေးကွက်သို့ သြဂုတ်လ ၁၉ ရက်တွင် တရားဝင်စတင် ဝင်ရောက်လာတော့မည် ဖြစ်သည်။

အဓိကအားဖြင့် အပြင်ပိုင်းဒီဇိုင်းကို ပြောင်းလဲထားပြီး GWM ၏ second-generation Hi4 နည်းပညာကို အသုံးပြုထားသည်။

35.43 kWh သုံးမျိုးစပ် လီသီယမ်ဘက်ထရီကို သုံးထားပြီး လျှပ်စစ်သီးသန့်ဖြင့် မောင်းနိုင်သော CLTC range မှာ ကီလို ၂၀၀ ဖြစ်သည်။

112.jpg

Left: 2024 Haval Raptor PHEV currently on sale. Right: Haval Raptor ICE variant.

 

နှိုင်းယှဉ်မှုအနေဖြင့်ဆိုလျှင် လက်ရှိ ဈေးကွက်တွင် ရောင်းချပေးနေသော ယခင်မော်ဒယ် Haval Raptor PHEV မှာ ဈေးတန်း ယွမ် ၁၆၅၈၀၀ မှ ၁၉၂၈၀၀ ကြား (ကန်ဒေါ်လာ ၂၃၁၀၀ မှ ၂၆၈၀၀ ကြား) ရှိသည်။

ICE variant လည်း လက်ရှိအားဖြင့် ဝယ်ယူနိုင်ရာ ဈေးတန်းမှာ ယွမ် ၁၅၆၉၀၀ မှ ၁၆၆၉၀၀ ကြား (ကန်ဒေါ်လာ ၂၁၈၀၀ မှ ၂၃၂၀၀ ကြား) ရှိသည်။

ရှေ့ပိုင်းတွင် ရှေ့မီးဝိုင်းကြီးများအစား ICE variant တွင်သုံးသော လေးထောင့် ရှေ့မီးကြီးမျိုးကို သုံးထားသည်။

1000023394-800x475.jpg

2026 Haval Raptor PHEV front view

 

1000023391-800x480.jpg

2026 Haval Raptor PHEV front view

 

တံခါးလက်ကိုင်များမှာမူ ယခင်အတိုင်း သမားရိုးကျ လက်ကိုင်များဖြစ်သည်။

တာယာအပိုတွင် ရေးသားထားသော တံဆိပ်မှာ HAVAL အစား GWM ဟု ပြောင်းလဲထားပြီး နောက်မီးတန်းမှာ ထောင့်မှန်စတုဂံပုံ ဒီဇိုင်းသစ် ဖြစ်သည်။

အရောင်ရွေးစရာ ၅ မျိုးလာရာ အဖြူ၊ မီးခိုး အနုအရင့် ၂ မျိုး၊ အနက်နှင့် စိမ်းဖျော့ရောင်တို့ ဖြစ်သည်။

ကားအရွယ်အစားမှာ ၄၈၀၀/ ၁၉၅၀/ ၁၈၄၃ မီလီမီတာ (လ/န/မ) နှင့် wheelbase မှာ ၂၇၃၈ မီလီမီတာ ဖြစ်သည်။

GWM ၏ Coffee Pilot Plus ကို အသုံးပြုထားပြီး ADAS စနစ်ပါသည်။

1000023390-800x447.jpg

2026 Haval Raptor PHEV rear view

1000023388-800x741.jpg

2026 Haval Raptor PHEV rear view

 

Assisted driving function ၂၀ ကျော် support ပေးထားရာ high-speed NOA, parking assist နှင့် remote parking တို့ အပါအဝင် ဖြစ်သည်။

Second-generation Hi4 plug-in hybrid powertrain ဖြစ်ပြီး 1.5T အင်ဂျင် (model GW4B15M) နှင့် လျှပ်စစ်မော်တာ ၂ လုံး အသုံးပြုထားသည်။

စုစုပေါင်းအထွက်အားမှာ ၁၇ ရာခိုင်နှုန်း မြင့်တက်လာပြီး 330 kW (443 hp) ရှိကာ စုစုပေါင်း ရုန်းအားမှာ 750 Nm ရှိသည်။

အမြန်နှုန်း တင်နိုင်စွမ်းအနေဖြင့် 0 to 100 km/h ကို ၅ ဒသမ ၉ စက္ကန့်အတွင်း ရနိုင်သည်။

1000023396-800x588.jpg

2026 Haval Raptor PHEV taillights lit up

 

1000023395-800x488.jpg

2026 Haval Raptor PHEV taillights lit up

 

ဘက်ထရီ ရွေးချယ်စရာအသစ်တစ်ခုအနေဖြင့် 35.43 kWh လီသီယမ်ဘက်ထရီ variant ပါဝင်လာပြီး ယခင် variant များဖြစ်သော 18.74 kWh နှင့် 27.54 kWh lithium iron phosphate battery များလည်း ရနိုင်သည်။

အတွင်းပိုင်း အခင်းအကျင်းမှာမူ ICE variant အတိုင်းဖြစ်သည်။

 

1000023389-800x585.jpg

2026 Haval Raptor PHEV side profile

၁၂ ဒသမ ၃ လက်မ LCD instrument panel နှင့် ၁၄ ဒသမ ၆ လက်မ central control screen တို့ အသုံးပြုထားကာ GWM ၏ Coffee OS 3 operating system ဖြင့် လည်ပတ်ထိန်းချုပ်သည်။

ရှေ့ခန်းတွင် physical button ၂၀ ခန့် ပါရှိပြီး ဖုန်းများအတွက် 50 W wireless charging ၊ အမြင့်ချိန်ညှိနိုင်သော cupholder များ၊ အပူအအေးရသော refrigerator တစ်ခုတို့ ရှိသည်။

1000023393-800x368.jpg

2026 Haval Raptor PHEV side profile

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: 2026 Haval Raptor PHEV will launch on August 19 with updated design and powertrain (carnewschina)