- ပင်မစာမျက်နှာ
- ကားသတင်းများ
- ဆိုက်တွဲမောင်းသူဘဝမှ ရူပီး ၁၁ ကုဋေ တန်ကြေးရှိ Rolls Royce Phantom VIII EWB စီးနိုင်သည့် ကုမ္ပဏီပိုင်ရှင်ဖြစ်လာသော အိန္ဒိယ အမျိုးသားတစ်ဦးအကြောင်း
ဆိုက်တွဲမောင်းသူဘဝမှ ရူပီး ၁၁ ကုဋေ တန်ကြေးရှိ Rolls Royce Phantom VIII EWB စီးနိုင်သည့် ကုမ္ပဏီပိုင်ရှင်ဖြစ်လာသော အိန္ဒိယ အမျိုးသားတစ်ဦးအကြောင်း
- 278 views
ဆာ့တီးယား ရှန်ကာရ်။
သူသည် တချိန်က ဘေးတွဲမောင်းသူအဖြစ် ဘဝကို ရုန်းကန်ခဲ့ရသူတစ်ဦး ဖြစ်ပြီး နောင်အခါတွင် ကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်လာသည်အထိ အောင်မြင်သည့်ဘဝသို့ အရောက်လှမ်းနိုင်ခဲ့သည်။
ရှန်ကာရ်သည် မကြာသေးမီက ရူပီး ၁၁ ဒသမ ၃ ကုဋေ တန်ကြေးှရှိ Rolls Royce Phantom VIII Extended Wheelbase တစ်စင်းကို ဝယ်ယူလိုက်သည်။
(ဆာ့တီးယား ရှန်ကာရ် ဝယ်ယူလိုက်သည့် Rolls Royce Phantom VIII EWB ကို Automobili Ardent ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားပုံ)
Automobili Ardent က ဖေ့စ်ဘုတ်တွင် တင်ခဲ့သော ဓာတ်ပုံတွင် “Puttur မြို့က Phantom တစ်စင်းကို ဘင်္ဂလိုမြို့ထဲမှာ တွေ့ရ” ဟု caption ရေးသားထားသည်။
ဓာတ်ပုံများထဲတွင် တွေ့မြင်ရမှုအရ Rolls Royce Phantom မှာ ဘင်္ဂလိုမြို့ရှိ ဈေးဝယ်စင်တာတစ်ခုမှ ထွက်ခွာလာပုံကို တွေ့ရသည်။
((ဆာ့တီးယား ရှန်ကာရ် ဆင်းဆင်းရဲရဲဘဝမှ ချမ်းသာလာပုံ))
ရှန်ကာရ်သည် ယခုအခါ အိန္ဒိယတွင် အလွန်ကျော်ကြား အောင်မြင်နေသည့် Bindu Jeera Masala အမှတ်တံဆိပ် ဆိုဒါကို ထုတ်လုပ်သော SG Corporates ကုမ္ပဏီကြီး၏ ပိုင်ရှင်ဖြစ်နေပြီ ဖြစ်သည်။
ရှန်ကာရ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရှိသည်။
လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်ကမူ ရှန်ကာရ်၏ ဘဝမှာ ယခုလို မတောက်ပချေ။
တချိန်က ဘေးတွဲမောင်းသူအဖြစ် အသက်မွေးခဲ့ရသူ ရှန်ကာရ်သည် အဆိုပါဘေးတွဲကိုပင် ငွေချေးကာ ဝယ်ခဲ့ရခြင်း ဖြစ်သည်။
ကံကြမ္မာကောင်းဟူသည်မှာလည်း ရဲရင့်ကာ မည်သည့်အခါမှ လက်မလျှော့တတ်သူတို့ကိုသာ မျက်နှာသာ ပေးလေ့ရှိသည်။
မလျှော့သောဇွဲဖြင့် ကျားကုတ်ကျားခဲ အလုပ်ကြိုးစားခဲ့ရာ မကြာမီတွင် ဘေးတွဲဝယ်စဉ်က ချေးခဲ့သောငွေကို ပြန်ဆပ်နိုင်ခဲ့သည်။
အကြွေးဆပ်နိုင်သည့်အပြင် မသုံးမဖြုန်းဖြင့် ငွေစုဆောင်းတတ်မှုကြောင့် Hindustan Ambassador ဆီဒင် တစ်စင်းပင် ဝယ်နိုင်လာသည်။
ယင်းနောက် ၁၉၈၇ ခုနှစ်တွင် ရှန်ကာရ်က တာယာအရောင်းဆိုင်တစ်ခု ဖွင့်လိုက်သည်။
တာယာဆိုင်မှာလည်း အောင်မြင်မှုရခဲ့ပြီးနောက် ၂၀၀၂ ခုနှစ်တွင် ဇီယာအရသာ ဆိုဒါဖြစ်သော Bindu Jeera Masala ကို ထုတ်လုပ်ခဲ့ရာ ဝက်ဝက်ကွဲအောင်မြင်ခဲ့သည်။
ရှန်ကာရ်၏ SG Corporates သည် ယခုအခါ နှစ်စဉ်ဝင်ငွေ ရူပီး ကုဋေ ၈၀၀ ကျော် ရှိသည်။
(( ရှန်ကာရ်၏ Rolls Royce Phantom VIII EWB အကြောင်း))
ဆာ့တီးယား ရှန်ကာရ်သည် အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ်မှ Puttur အမည်ရှိ မြို့ငယ်လေးတွင် နေထိုင်သည်။
ရှန်ကာရ် မကြာသေးမီက ဝယ်ယူလိုက်သော Rolls Royce Phantom VIII EWB ကားကြီးကို Puttur မြို့ရှိ သူ၏ နေအိမ်သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
Puttur ကဲ့သို့ တတိယတန်းစားမြို့လေးတွင် Rolls Royce Phantom ကို ပိုင်ဆိုင်သူ အလွန်ရှားပါးနိုင်သည်။
ရှန်ကာရ် ဝယ်ယူလိုက်သော Rolls Royce Phantom VIII EWB မှာ ရှန်ပိန်ဖျော့ရောင် ဖြစ်သည်။
အတွင်းပိုင်းတွင် အနီမှိုင်းနှင့် အနက်ရောင်တို့ လွှမ်းမိုးထားသည်။
the doorsill of this vehicle mentions, “Specially ordered for Sathya Shankar K.”
Rolls Royce Phantom VIII EWB တွင် 6.75-litre twin-turbocharged V12 ဓာတ်ဆီအင်ဂျင် အသုံးပြုထားသည်။
ဆွဲအား 571 bhp နှင့် ရုန်းအား 900 Nm ရှိသည်။
ဂီယာမှာ 8-speed auto ဖြစ်သည်။ Rolls Royce Phantom ၏ အင်ဂျင်မှာ သမိုင်းတလျှောက် ဆိတ်ငြိမ်မှုအရှိဆုံး အင်ဂျင်များတွင် ပါဝင်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: From Autorickshaw To Rs 11 Crore Rolls Royce Phantom VIII EWB: Indian Entrepreneur's Spectacular Success