• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • တရုတ်ပြည်တွင် မေလအတွင်း အရောင်းရဆုံး မော်တော်ကားများစာရင်း။ Geely Xingyuan မှာ အရောင်းရဆုံးအဖြစ် ထိပ်ဆုံးတွင် ၅ လဆက်တိုက် ဆက်လက်အောင်ပွဲခံလျက်ရှိ

တရုတ်ပြည်တွင် မေလအတွင်း အရောင်းရဆုံး မော်တော်ကားများစာရင်း။ Geely Xingyuan မှာ အရောင်းရဆုံးအဖြစ် ထိပ်ဆုံးတွင် ၅ လဆက်တိုက် ဆက်လက်အောင်ပွဲခံလျက်ရှိ

  • 550 views

1-3-768x452.jpg

ပြီးခဲ့သော မေလအတွင်း တရုတ်ပြည်တွင် စွမ်းအင်သစ် passenger ကား ရောင်းအားမှာ အစင်းရေ ၁ ဒသမ ၀၂၁ သန်းအထိ ရောက်ရှိခဲ့ပြီး နှစ်အလိုက် နှိုင်းယှဉ်လျှင် ရောင်းအား ၂၈ ဒသမ ၂ ရာခိုင်နှုန်း၊ လအလိုက် နှိုင်းယှဉ်လျှင် ၁၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ယခုနှစ် ဇန်နဝါရီမှ မေလအထိ စုစုပေါင်း ကားအစင်းရေ ၄ ဒသမ ၃၅၁ သန်း ရောင်းချထားရပြီး ယခင်နှစ် အလားတူကာလထက် ၃၄ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ် ကားရောင်းချသူများအသင်း (CADA) က ထုတ်ပြန်သည်။

((၂၀၂၅ ခုနှစ်၊ မေလအတွင်း စွမ်းအင်သစ်ယာဉ်များ စုစုပေါင်း ရောင်းချရမှု))

Pure လျှပ်စစ်ကား BEV-607,000 စင်း
PHEV-298,000 စင်း
ခရီးဝေးမောင်းနိုင်သည့် EREV-116,000 စင်း


((အရောင်းရဆုံး စွမ်းအင်သစ် မော်တော်ကား အမှတ်တံဆိပ် ၂၀ စာရင်း))

ဖော်ပြထားသော ကိန်းဂဏန်း ၂ ခုတွင် ပထမဂဏန်းမှာ မေလ ရောင်းအားဖြစ်ပြီး ဒုတိယဂဏန်းမှာ ဇန်နဝါရီမှ မေလအထိ ၅ လစာ ရောင်းအားပမာဏဖြစ်ပါသည်။

1 Geely Geome Xingyuan = ၃၈၇၁၅ စင်း/ ၁၆၄၀၄၉ စင်း
2 BYD Seagull = ၃၁၁၀၅ စင်း/ ၁၄၄၂၀၄ စင်း
3 BYD Qin Plus = ၂၉၃၂၈ စင်း/ ၁၂၄၉၈၅ စင်း
4 Wuling Hongguang Mini EV = ၂၉၀၁၇ စင်း/ ၁၄၄၉၅၃ စင်း
5 Xiaomi SU7 = ၂၈၀၁၃ စင်း/ ၁၃၂၄၆၇ စင်း
6 BYD Qin L = ၂၅၃၂၁ စင်း/ ၁၀၃၆၄၆ စင်း
7 Tesla Model Y = ၂၄၇၇၀ စင်း/ ၁၂၆၆၄၃ စင်း
8 BYD Song Plus = ၂၄၂၄၀ စင်း/ ၁၁၀၅၁၁ စင်း
9 Li L6 = ၁၈၇၈၁ စင်း/ ၇၉၈၈၃ စင်း
10 Geely Geome Panda = ၁၇၁၅၅ စင်း/ ၇၇၇၇၈ စင်း
11 BYD Seal = ၁၅၇၈၇ စင်း/ ၇၄၀၄၂ စင်း
12 Wuling Bingo = ၁၅၅၅၀ စင်း/ ၆၅၃၆၀ စင်း
13 Aito M9 = ၁၅၄၈၁ စင်း/ ၄၆၂၀၉ စင်း
14 BYD Song L DM-i = ၁၄၅၃၇ စင်း/ ၅၅၅၃၀ စင်း
15 BYD Song Pro = ၁၄၄၄၀ စင်း/ ၈၀၂၄၅ စင်း
16 Tesla Model 3 = ၁၃၈၁၈ စင်း/ ၇၅၂၈၃ စင်း
17 BYD Dolphin = ၁၃၅၄၇ စင်း/ ၄၅၀၁၆ စင်း
18 BYD Yuan UP = ၁၃၀၄၇ စင်း/ ၅၆၇၀၆ စင်း
19 Leapmotor C10 = ၁၂၆၃၁ စင်း/ ၄၄၃၅၁ စင်း
20 Changan Lumin = ၁၂၄၃၉ စင်း/ ၅၈၃၆၂ စင်း

(အစင်းရေ ၂၀၀,၀၀၀ မြောက် Geely Geome Xingyuan ထုတ်လုပ်ရေးလိုင်းမှ ထွက်ရှိလာပုံ)

Geely Geome Xingyuan သည် ပြီးခဲ့သောလကလည်း အရောင်းရဆုံးအဖြစ် ထိပ်ဆုံးတွင် ရပ်တည်ခဲ့ပြီး မေလတွင်လည်း အစင်းရေ ၃၈၇၁၅ ရောင်းချခဲ့ရကာ ထိပ်ဆုံးတွင် ဆက်လက်ရပ်တည်နေသည်။၂၀၂၅ ခုနှစ် ပထမ ၅ လဆက်တိုက် တရုတ်ပြည်တွင် အရောင်းရဆုံးအဖြစ် ရပ်တည်အောင်ပွဲခံနေခြင်းလည်း ဖြစ်သည်။

လွန်ခဲ့သော မေလ ၂၀ ရက်တွင် အစင်းရေ ၂၀၀၀၀၀ မြောက် Geely Geome Xingyuan မှာ ထုတ်လုပ်ရေးလိုင်းမှ ထွက်ရှိခဲ့ရာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် စတင်မိတ်ဆက်ခဲ့ပြီး ၈ လအကြာ၌ ထိုမျှ အတိုင်းအတာအထိ ထုတ်လုပ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ထိုပမာဏကို တွက်ချက်ကြည့်မည်ဆိုလျှင် Geely Geome Xingyuan သည် တစ်ရက်လျှင် ပျမ်းမျှ အစင်းရေ ၉၀၅ စင်း (သို့မဟုတ်) ၉၇ စက္ကန့်လျှင် ၁ စင်းနှုန်း ရောင်းချနေရခြင်း ဖြစ်သည်။

(ဆက်စပ်သတင်း)

၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း တရုတ်ပြည်တွင် အရောင်းရဆုံး ကားများစာရင်း။ Geely Geome Xingyuan မှာ ဧပြီလအတွင်း အရောင်းရဆုံးအဖြစ် ထိပ်ဆုံးတွင် ရပ်တည်နေ

https://www.carsdb.com/my/news/1148

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Top-selling NEVs in China, Geely Xingyuan: 38,715, BYD Seagull: 31,105, BYD Qin Plus: 29,328, May 2025 (carnewschina)