• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း တရုတ်ပြည်တွင် အရောင်းရဆုံး ကားများစာရင်း၊ Geely Geome Xingyuan မှာ ဧပြီလအတွင်း အရောင်းရဆုံးအဖြစ် ထိပ်ဆုံးတွင် ရပ်တည်နေ

၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း တရုတ်ပြည်တွင် အရောင်းရဆုံး ကားများစာရင်း၊ Geely Geome Xingyuan မှာ ဧပြီလအတွင်း အရောင်းရဆုံးအဖြစ် ထိပ်ဆုံးတွင် ရပ်တည်နေ

  • 1076 views

4-4-768x366.jpg

ပြီးခဲ့သော ဧပြီလအတွင်း တရုတ်ပြည်တွင် အိမ်စီးကား အစင်းရေ ၁ ဒသမ ၇၅၅ သန်း ရောင်းချခဲ့ရသည်။

ယင်းအနက် sedans/hatchback မှာ အစင်းရေ ၈၂၁၀၀၀ ရောင်းချခဲ့ရသည်။ ထိုပမာဏမှာ နှစ်အလိုက် နှိုင်းယှဉ်လျှင် ၁၃ ဒသမ ၃ ရာခိုင်နှုန်း ရောင်းအားတက်လာခြင်းဖြစ်သည်။

SUV များမှာ အစင်းရေ ၈၄၇၀၀၀ ရောင်းချခဲ့ရပြီး နှစ်အလိုက် နှိုင်းယှဉ်လျှင် ၁၆ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာသည်။

MPV များ ရောင်းချရမှုမှာ အစင်ေးရ ၈၆၀၀၀ ဖြစ်ပြီး နှစ်အလိုက်နှိုင်းယှဉ်လျှင် ရောင်းအား ၇ ဒသမ ၁ ရာခိုင်နှုန်း တက်လာသည်။

ခြုံငုံသုံးသပ်ရလျှင် Geely Geome Xingyuan hatchback မှာ အရောင်းရဆုံး မော်ဒယ်ဖြစ်ခဲ့သည်။

ယာဉ်အမျိုးအစားအလိုက် အရောင်းရဆုံးကားမော်ဒယ်များစာရင်းကို လေ့လာကြည့်ကြပါစို့။

(( ဧပြီလအတွင်း အရောင်းရဆုံး Sedan/hatchback ကားများ))

1.Geely Geome Xingyuan= ၃၆၁၁၉ စင်း
2.BYD Seagull = ၃၄၀၀၅ စင်း
3.Wuling Hongguang Mini EV= ၂၈၉၉၀ စင်း
4.Xiaomi SU7= ၂၈၅၈၅ စင်း
5.BYD Qin Plus= ၂၅၅၅၇ စင်း
6.Nissan Sylphy=၂၄၄၅၈ စင်း
7.BYD Qin L= ၂၄၃၉၄ စင်း
8.Volkswagen Lavida= ၂၁၉၇၁ စင်း
9.Geely Panda= ၁၇၈၃၁ စင်း
10.Volkswagen Passat= ၁၇၄၁၁ စင်း

Geely Geome Xingyuan hatchback လျှပ်စစ်ကားသည် sedan/hatchback ကဏ္ဍတွင် အရောင်းရဆုံးအဖြစ် ထိပ်ဆုံးမှ ဦးဆောင်နေသည်။

အဆိုပါ မော်ဒယ်သည် ပြီးခဲ့သော ဧပြီလအတွင်း တရုတ်ပြည်အတွင်း ကားမော်ဒယ်အားလုံးတွင် အရောင်းရဆုံးအဖြစ် ရပ်တည်ခဲ့ပြီး မကြာသေးမီက အစင်းရေ ၂၀၀၀၀၀ မြောက်ကို ထုတ်လုပ်ကာ သမိုင်းမှတ်တိုင်တစ်ခုတင်ထားသည်။

(( ဧပြီလအတွင်း အရောင်းရဆုံး SUV များ))

1.Geely Xingyue L= ၂၃၆၅၈ စင်း
2.BYD Song Plus= ၂၀၆၆၈ စင်း
3.Tesla Model Y= ၁၉၉၈၄ စင်း
4.Li L6= ၁၆၇၅၅ စင်း
5.Toyota Corolla Cross= ၁၆၀၇၂ စင်း
6.Toyota RAV4= ၁၅၄၄၆ စင်း
7.BYD Song Pro= ၁၄၂၆၃ စင်း
8.Geely Boyue L= ၁၄၂၃၀ စင်း
9.Volkswagen Tiguan L= ၁၃၆၇၁ စင်း
10.Honda CR-V= ၁၂၄၀၀ စင်း

ဧပြီလအတွင်း အရောင်းရဆုံး ထိပ်တန်း SUV မော်ဒယ် ၁၀ မျိုးအနက် Geely Xingyue L မှာ Tesla Model Y ကို ဖြတ်ကျော်ကာ နံပါတ် ၁ နေရာသို့ ရောက်လာသည်။

Tesla Model Y မှာ မတ်လအတွင်းက အရောင်းရဆုံးဖြစ်ခဲ့သည်။

(( ဧပြီလအတွင်း အရောင်းရဆုံး MVP များ))

1.Denza D9= ၉၀၄၅ စင်း
2.Toyota Sienna= ၈၂၄၈ စင်း
3.Voyah Dreamer= ၆၇၁၉ စင်း
4.Toyota Granvia= ၆၆၅၁ စင်း
5.Buick GL8= ၅၅၉၀ စင်း
6.Trumpchi M8- ၄၃၄၆ စင်း
7.BYD Xia= ၃၈၆၃ စင်း
8.Buick GL8 PHEV= ၃၈၄၂ စင်း
9.Trumpchi E8 PHEV- ၂၆၅၅ စင်း
10.Arcfox Kaola= ၁၇၇၉ စင်း

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Best-selling passenger vehicles in China: Geely Geome Xingyuan, Geely Xingyue L, Denza D9, April 2025 (carnewschina)