• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • ဗြိတိန်ပြည့်ရှင် ချားလ်စ်ဘုရင်က သူ၏ တော်ဝင်ကားများကို EV များဖြင့် လဲလှယ်လိုက်ပြီး ဒေါ်လာ ၂၃၀,၀၀၀ တန် BMW i7 M70 ပေါ်တွင် မကြာသေးမီက တွေ့ခဲ့ကြ

ဗြိတိန်ပြည့်ရှင် ချားလ်စ်ဘုရင်က သူ၏ တော်ဝင်ကားများကို EV များဖြင့် လဲလှယ်လိုက်ပြီး ဒေါ်လာ ၂၃၀,၀၀၀ တန် BMW i7 M70 ပေါ်တွင် မကြာသေးမီက တွေ့ခဲ့ကြ

  • 480 views

King-Charles-Aston-Martin.jpg
ချားလ်စ်ဘုရင်သည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ရေးကို အလေးထားသူတစ်ဦးဖြစ်ရာ BMW i7 M70 လျှပ်စစ်ကားကို ရွေးချယ်ခဲ့မှုမှာ အံ့အားသင့်ဖွယ် မရှိချေ။

ချားလ်စ်ဘုရင်သည် BMW i7 M70 ဖြင့် ဆန်ဒရင်းဟမ်နန်းတော်ဝန်းရှိ St Mary Magdalene ဘုရားကျောင်းသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး မျက်စိလျင်သူတို့က သူ၏ ကားသစ်ကြီးကို သတိထားမိခဲ့ခြင်း ဖြစ်သည်။

ကားဝါသနာအိုးဟု လူသိများသူ ချားလ်စ်ဘုရင်သည် သူ၏ တော်ဝင်ကားများကို EV များသို့ ပြောင်းလဲခဲ့ရာ ယခု အနက်ရောင် BMW i7 M70 လည်း အပါအဝင် ဖြစ်သည်။ချားလ်စ်ဘုရင်သည် လျှပ်စစ်ကားများကဲ့သို့ သဘာဝပတ်ဝန်းကျင်အတွက် သင့်လျော်သည့် ကားများသာမက ၎င်းထံတွင် ယခင်ရှိရင်းစွဲ ဆီကားများကိုလည်း ဇီဝလောင်စာကားများအဖြစ် ပြောင်းလဲခဲ့သည်။ယခုကဲ့သို့ သူ၏ ကားအုပ်စုတွင် ဒေါ်လာ ၂၃၀၀၀၀ တန် EV ကို တွေ့လာရခြင်းမှာ သဘာဝပတ်ဝန်းကျင်အပေါ် အလေးထားသည့် သူ၏ ဆောင်ရွက်ချက်ကို လှစ်ဟပြသနေသည်။

ချားလ်စ်ဘုရင်သည် သူ၏ ကားများကို EV များသို့ ပြောင်းလဲနေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက်ပိုင်း ယခု အနက်ရောင် BMW i7 M70 ကားသစ်ကြီးကို တွေ့လာရခြင်းဖြစ်သည်။ထို့အပြင် ဒေါ်လာ ၂၁၅၀၀၀ တန် Electric Lotus တစ်စီးလည်း အသစ်ဝင်ရောက်မှုရှိသည်။

ချားလ်စ်ဘုရင် EV စစီးသည်မှာ ၂၀၁၈ ခုနှစ်အတွင်းက ဖြစ်ပြီး EV400 HSE Jaguar I-Pace တစ်စင်းကို ထိုစဉ်ကတည်းက ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

0_PAY-Eco-warrior-King-Charles-seen-in-170000-electric-BMW-first-time-1024x684.jpg

(ဓာတ်ပုံ-BAV Media)

ချားလ်စ်ဘုရင်သည် နတ်ရွာစံသွားပြီဖြစ်သော မယ်တော် အဲလစ်ဇဘက်ဘုရင်မကြီးထံမှ လက်ဆောင်ရခဲ့သော vintage Aston Martin DB6 တစ်စင်းကိုလည်း ဇီဝလောင်စာဖြင့် မောင်းနိုင်ရန် ပြန်လည်ပြုပြင်ခဲ့သည်။ ချားလ်စ်ဘုရင်သည် ကားဝါသနာအိုးတစ်ဦးဖြစ်သော်လည်း ဆီကားများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအရေးကို အလေးထား ဂရုပြုသည်။

BMW i7 M70 မှာ အနက်ရောင်ဖြစ်သော်လည်း ၎င်း၏ အသက်ဝိဉာဉ်မှာ စိမ်းလန်းသည်ဟုသာ ဆိုရတော့မည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: King Charles spotted in brand new $230K EV as he swaps fleet of royal cars (supercarblondie)