ကမ္ဘာ့ပထမဆုံး မိုးပျံကား ယခုနှစ်ကုန်တွင် စတင်ရောင်းချပေးတော့မည်ဖြစ်ပြီး ဈေးနှုန်းမှာ ဒေါ်လာ ၁ သန်း နီးပါးရှိ

  • 1038 views

 KV11_ProductionPrototype.jpg

 မိုးပျံကားကို ဈေးကွက်သို့ ပို့နိုင်ရန် နိုင်ငံတကာမှ ကုမ္ပဏီများစွာ စိုင်းပြင်းလျက်ရှိရာတွင် ယခုအခါ Klein Vision ကုမ္ပဏီက ၎င်းတို့ထုတ်လုပ်ထားသော AirCar ဟု အမည်ပေးထားသည့် မိုးပျံကား စမ်းသပ်ပျံသန်းထားပုံ ဗွီဒီယိုဖိုင်ကို ထုတ်ပြန်လိုက်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲတွင် စတင်ရောင်းချပေးမည်ဖြစ်ကာ ဈေးနှုန်းမှာ ဒေါ်လာ ၈၀၀,၀၀၀ ဖြစ်ကြောင်း ထုတ်ပြန်သည်။

KV02_ProductionPrototype.jpg

AirCar သည် နာရီ ၁၇၀ စမ်းသပ်ပျံသန်းခဲ့ပြီးဖြစ်သည်။ ထို့အပြင် ပျံတက် သက်ဆင်းမှု အကြိမ် ၅၀၀ ကျော် စမ်းသပ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။AirCar ၏ ပျံသန်းနိုင်သည့် range မှာ မိုင် ၆၂၀ ဖြစ်ပြီး 155 mph အမြန်နှုန်းဖြင့် ပျံသန်းနိုင်သည်။AirCar ကို Klein Vision က ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ပြီး နှစ်ယောက်စီး ဖြစ်သည်။လမ်းပေါ်တွင် မောင်းနိုင်သော ကားဖြစ်သည့်အပြင် ပျံသန်းနိုင်သည့် လေယာဉ်တစ်စင်းလည်းဖြစ်စေရန် ထုတ်လုပ်ထားသည်။

KV10_ProductionPrototype.jpg

((အသွင်ကူးပြောင်းမှု))

AirCar သည် ကားတစ်စင်းအဖြစ်မှသည် လေယာဉ်တစ်စင်းအဖြစ်သို့ ၂ မိနစ် ၁၅ စက္ကန့်အတွင်း အသွင်ပြောင်းနိုင်စွမ်းရှိသည်။

KV03_ProductionPrototype.jpg

(ပျံသန်းနိုင်မှု))

AirCar သည် Certificate of Airworthiness လက်မှတ်ရရှိထားပြီးဖြစ်ကာ ပျံသန်းမှု နာရီများစွာ စမ်းသပ်ထားပြီးဖြစ်သည့်အပြင် ပျံတက်/သက်ဆင်းမှု အကြိမ်ရေများစွာ စမ်းသပ်ထားပြီး ဖြစ်သည်။

KV01_ProductionPrototype.jpg

((Performance))

AirCar မိုးပျံကားသည် 300 km/h အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပြီး ၁၀၀၀ ကီလိုမီတာ ခရီးအထိ ပျံသန်းနိုင်သည့် range ရှိကြောင်း tech.eu က ဖော်ပြသည်။ လမ်းပေါ်တွင် မော်တော်ကားသဖွယ် မောင်းနှင်မည်ဆိုပါက 200 km/h အမြန်နှုန်းအထိ မောင်းနှင်နိုင်စွမ်းရှိသည်။

KV06_ProductionPrototype.jpg

((ပျံတက်နိုင်မှု))

AirCar သည် အမြင့် ၄၅၇၂ မီတာ (ပေ ၁၅၀၀၀) အထိ ပျံတက်နိုင်စွမ်းရှိသည်။

KV05_ProductionPrototype.jpg

((လောင်စာ))

AirCar တွင် ဆီတိုင်ကီ ၃ ခုပါဝင်ပြီး high-octane ဓာတ်ဆီကို ၁၆၀ လီတာအထိ ထည့်ထားနိုင်သည်။

KV04_ProductionPrototype.jpg

((အင်ဂျင်ရွေးစရာ))

AirCar တွင် အင်ဂျင်ရွေးစရာ ၃ မျိုးလာမည်ဖြစ်ပြီး Adept Airmotive ထုတ် 3.2-liter, 120-degree V6 များ ဖြစ်သည်။

KV08_ProductionPrototype.jpg

((အဆင့်မြင့် Feature များ))

AirCar တွင် ခေါက်သိမ်းထားနိုင်သော တောင်ပံများ၊ ခေါက်သိမ်းနိုင်သော နောက်မြီးနှင့် လေထီးချသည့်စနစ်တို့ကဲ့သို့ အဆင့်မြင့်နည်းပညာများ ထည့်သွင်းထားသည်။

KV09_ProductionPrototype.jpg

((ဝယ်ယူနိုင်မှု အခြေအနေ))

AirCar ကို ၂၀၂၆ နှစ်ဆန်းပိုင်းတွင် အလုံးအရင်း ထုတ်လုပ်ရောင်းချပေးသွားရန် စီစဉ်ထားသည်။

AirCar မိုးပျံကား၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၈၀၀၀၀၀ မှ ဒေါ်လာ ၁ သန်းကြား ရှိနိုင်ကြောင်း Travel Noire နှင့် E! News တို့က ခန့်မှန်းထားသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: The £600k AirCar is going on sale in early 2026: here’s everything you need to know (topgear)