- ပင်မစာမျက်နှာ
- ကားသတင်းများ
- တရုတ်ပြည်တွင် ၂၀၂၅ မော်ဒယ် Dongfeng eπ007 ကို ယနေ့ (မေ ၂၁) စတင်မိတ်ဆက်မည်
တရုတ်ပြည်တွင် ၂၀၂၅ မော်ဒယ် Dongfeng eπ007 ကို ယနေ့ (မေ ၂၁) စတင်မိတ်ဆက်မည်
- 999 views
Dongfeng eπ (ယိပိုင်ဟု အသံထွက် 奕派) က ၂၀၂၅ မော်ဒယ် Dongfeng eπ007 ကို မေ ၂၁ (ယနေ့) တွင် တရားဝင် မိတ်ဆက်မည်ဟု ကြေညာသည်။
Model year update အနေဖြင့် ထွက်လာသော mid-to-large size ကားဖြစ်ကာ range နှင့် configuration အမျိုးမျိုး upgrade ဖြစ်လာမည် ဖြစ်သည်။
(ဆက်စပ်သတင်း)
Dongfeng က eπ008 Smart Driving Edition ကို စတင်မိတ်ဆက်၊ ဈေးတန်း ကန်ဒေါ်လာ ၂၅၅၀၀ မှ ၂၈၃၀၀ ကြားရှိ
https://www.carsdb.com/my/news/1066
၂၀၂၅ eπ007 တွင် pure electric (EV) နှင့် extended-range electric vehicle (EREV) ဟု ရွေးစရာ ၂ မျိုး လာသည်။ Pure EV CLTC range မှာ ကီလို ၆၅၀ အထိ ရလာသည်။
EREV version တွင်ဆိုလျှင် CLTC pure electric range ၂၃၀ ကီလိုနှင့် comprehensive range ၁၂၃၀ ကီလိုအထိ မောင်းနိုင်မည် ဖြစ်သည်။Performance ပိုင်းကို ကြည့်လျှင် EREV model တွင် 4C fast charging ဖြင့် အားသွင်းနိုင်မည်ဖြစ်ကာ ၂၁၈ hp မော်တာ သုံးထားသည်။0-100km/h အမြန်နှုန်းကို ၇ ဒသမ ၂ စက္ကန့်အတွင်း ရနိုင်သည်။
Pure electric variant များတွင်မူ 218 hp (သို့မဟုတ်) 272 hp အားရှိ မော်တာတစ်လုံးသုံးထားသော variant များ၊ 544hp ထွက် dual-motor variant များ ရနိုင်သည်။Pure EV model များမှာ 3C fast charging ကို support ပေးသည်။၂၀၂၅ မော်ဒယ်၏ အပြင်ရုပ်ထွက်မှာမူ မပြောင်းလဲ။
အရောင်အနေဖြင့် Morning White, Stream Stone Grey, Orchid Purple, Sun Gold နှင့် Night Shadow Black ဟု ၅ မျိုး ရွေးစရာရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: 2025 Dongfeng eπ007 set for launch on May 21st with enhanced range and features (carnewschina)