- ပင်မစာမျက်နှာ
- ကားသတင်းများ
- Dongfeng က eπ008 Smart Driving Edition ကို စတင်မိတ်ဆက်၊ ဈေးတန်း ကန်ဒေါ်လာ ၂၅၅၀၀ မှ ၂၈၃၀၀ ကြားရှိ
Dongfeng က eπ008 Smart Driving Edition ကို စတင်မိတ်ဆက်၊ ဈေးတန်း ကန်ဒေါ်လာ ၂၅၅၀၀ မှ ၂၈၃၀၀ ကြားရှိ
- 267 views
Dongfeng သည် eπ008 Smart Driving Edition crossover ကို မတ်လ ၁၄ ရက်တွင် တရားဝင် မိတ်ဆက်ချပြလိုက်ပြလိုက်ပြီ ဖြစ်သည်။
အဆိုပါ မော်ဒယ်၏ စီးရီးတစ်ခုလုံးတွင် advanced intelligent driving စွမ်းပကားများရှိသည်။
five-seat နှင့် six-seat ဟု ရွေးစရာ ၂ မျိုးရှိပြီး စုစုပေါင်း trim ၈ မျိုးလာသည်။
ဈေးတန်းမှာ ယွမ် ၁၈၃၆၀၀ မှ ၂၀၃၆၀၀ ကြား (ကန်ဒေါ်လာ ၂၅၅၀၀ မှ ၂၈၃၀၀ ကြား) ရှိသည်။
Dongfeng eπ800 သည် အလတ်စားမှ အမြင့်ပိုင်းအထိ ထုတ်လုပ်ပေးထားသော လျှပ်စစ်ကားဖြစ်ပြီး Dongfeng က rival များဖြစ်သော Aito, Li Auto နှင့် Luxeed တို့ကို ယခုမော်ဒယ်ဖြင့် ဖြတ်ကျော်နိုင်ရန် ရည်မှန်းထားသည်။
Eπ ၏ အသံထွက်မှာ ယိပိုင် (奕派) ဖြစ်သည်။
လက်ရှိအားဖြင့်မူ trim ၂ မျိုးသာ ရနိုင်သေးသည်။
ထို့ကြောင့် ယိပိုင်၏ ရောင်းအားမှာ မများသေးချေ။
တစ်နှစ်တာအတွင်း ရောင်းအားမှာ အစင်းရေ ၅၂၄၇၃ (၂၀၂၄ မတ်လမှ ၂၀၂၅ ဖေဖော်ဝါရီအထိ) ရှိခဲ့ကြောင်း China EV DataTracker ၏ အချက်အလက်များတွင် ဖော်ပြသည်။
Dongfeng eπ008 Smart Driving Edition တွင် vision-based intelligent driving နည်းပညာသုံးထားပြီး high-speed NOA, memory parking နှင့် fusion parking တို့ကဲ့သို့ Feature များပါသည်။
Forward and rear collision warnings, lane departure warnings နှင့် blind-spot monitoring တို့ကဲ့သို့ safety feature များလည်း ပါဝင်သည်။
Dongfeng eπ008 Smart Driving Edition ၏ အပြင်ပိုင်း ဒီဇိုင်းမှာ ရှိရင်းစွဲမော်ဒယ်၏ ဒီဇိုင်းကို ယူထားသည်။
Dimension မှာ 5002/1972/1732 mm (l/w/h) ရှိပြီး wheelbase မှာ 3025 mm ဖြစ်သည်။
အတွင်းပိုင်းတွင် ၁၅ ဒသမ ၆ လက်မ floating central control screen နှင့် ၈ ဒသမ ၈ လက်မ instrument panel တို့ ရှိသည်။
Qualcomm Snapdragon 8155 vehicle-mounted chip သုံးထားပြီး wireless charging pad ၂ ခုအပြင် စပီကာ အလုံး ၂၀ ပါသော sound system တို့ ရှိသည်။
Dongfeng eπ008 တွင် Powertrain ရွေးချယ်စရာအနေဖြင့် range-extended နှင့် pure electric ဗားရှင်းများ ရှိသည်။
Range-extended မော်ဒယ်တွင် 1.5L range extender သုံးထားပြီး အထွက်အား 108 kW ရှိကာ ရုန်းအား 210 Nm ရှိသည်။
Drive မော်တာမှာ 200 kW အားရှိပြီး ရုန်းအား 340 Nm ရှိသည်။
ဘက်ထရီသီးသန့်ဖြင့် ကီလို ၂၁၀ မောင်းနိုင်ပြီး combined range မှာ ကီလိုမီတာ ၁၃၀၀ အထိ မောင်းနိုင်သည်။
ဘက်ထရီအားကုန်ချိန်တွင် ဆီစားနှုန်းမှာ ကီလို ၁၀၀ လျှင် ၄ ဒသမ ၇ လီတာ ဖြစ်သည်။
အမြန်အားသွင်းစနစ်ဖြင့် အားသွင်းလျှင် ကြာချိန်မှာ ၀ ဒသမ ၄၃ နာရီ ရှိသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Dongfeng eπ008 Smart Driving Edition launched, priced 25,500-28,300 USD (carnewschina)