ဘောလုံးဂန္ထဝင်ကြယ်ပွင့် ရောဘတ်တို ဘက်ဂီယိုက ပရဟိတအတွက် လေလံတင်ရောင်းချခဲ့သော Lancia Delta အကြောင်း

  • 1410 views

news-lancia-delta.jpg

Lancia Delta Evoluzione တစ်စင်းကို အီတလီ ဘောလုံးကြယ်ပွင့် ရောဘတ်တို ဘက်ဂီယို (Roberto Baggio) အတွက် Broom Yellow အရောင်အသွေးဖြင့် အထူးသီးသန့် ထုတ်လုပ်ပေးခဲ့သည်။

၁၉၉၃ ခုနှစ်တွင် Ballon d'Or ရရှိခဲ့မှုအတွက် သီးသန့် ထုတ်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်က Catawiki အွန်လိုင်း လေလံပလက်ဖောင်းတွင် ပရဟိတအလှူအတွက် လေလံတင်ရောင်းချခဲ့သည်ဟု ဆိုသည်။

လေလံပွဲတွင် ဈေးနှုန်းမည်မျှဖြင့် ရောင်းထွက်သွားသည်ကိုမူ မသိရချေ။

ယခုကားအပြင် ဘက်ဂီယို၏ ကစားသမားဘဝ အမှတ်တရပစ္စည်းများနှင့် ပြိုင်ကားလောက အမှတ်တရ ပစ္စည်းအမျိုးမျိုးကိုလည်း လေလံတင်ရောင်းချပေးခဲ့သည်။

ဘက်ဂီယို အမှတ်တရပစ္စည်းများတွင် ဘက်ဂီယို လက်မှတ်ထိုးပေးထားသော ဂျာစီ၊ Valentino Rossi helmet တစ်ခု၊ Drivers' National Team က ပေးအပ်ထားသော Charles Leclerc ကားပြိုင်ပွဲရှပ်အင်္ကျီ၊ Miki Biasion လက်မှတ်ထိုးပေးထားသော ကာဗွန်ဖိုက်ဘာ Lancia Abarth race mirror နှင့် အခြား အမှတ်တရပစ္စည်းများစွာ လေလံတင်ရောင်းချပေးခဲ့သည်။

လေလံပွဲအတွက် ကုန်ကျစရိတ်များကို နှုတ်ပြီး ကျန်ငွေအားလုံးကို ပရဟိတအဖွဲ့များထံ လှူဒါန်းခဲ့ကြောင်း သိရသည်။


 ((Lancia Delta Evoluzione ၏ Specs ))

မော်ဒယ်ခုနှစ်Year- -၁၉၉၄
ထုတ်လုပ်သည့်ကုမ္ပဏီ- Lancia
Model အုပ်စု -Delta
Model မျိုးဆက်- 1st Gen
Model Variant- HF Integrale Evo II
အင်ဂျင်- 2.0L Turbo I4 (831E5)
ဂီယာ- Manual
Drive Type- 4WD/AWD
Originality- Original & Highly Original
မောင်းနှင်ထားသည့် mileage- 1 km (1 mi)
VIN- ZLA831AB000584338
ကိုယ်ထည်ပုံစံ- Hatchback
တံခါး- 4 Doors
ဒရိုင်ဘာမောင်းနှင်မှု- Left Hand Drive
အပြင်ပိုင်းအရောင်- အဝါ
အတွင်းပိုင်းအရောင်- အနက်

((ဘက်ဂီယို ဘယ်သူလဲ))

ရောဘတ်တို ဘက်ဂီယို (မွေး ၁၉၆၇) သည် အီတလီ ဘောလုံးသမားဖြစ်ပြီး နောက်ချန်တိုက်စစ်၊ ကွင်းလယ်လူအဖြစ် အဓိက ကစားသည်။

ဘက်ဂီယိုသည် အီတလီ ဘောလုံးအဖွဲ့ချုပ်၏ နည်းစနစ်ပိုင်း ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

သူ၏ ဖရီးကစ်များ၊ ဘောလုံးသယ်ယူမှု၊ ဂိုးသွင်းမှု အစရှိသည့် ကျွမ်းကျင်မှုများဖြင့် နာမည်ကျော်ပြီး သမိုင်းတလျှောက် အထင်ရှားဆုံး ဘောလုံးကြယ်ပွင့်များတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ထားကြသည်။

၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားတွင် ဘက်ဂီယိုက အီတလီလက်ရွေးစင်အသင်းကို ဗိုလ်လုပွဲအထိ ဦးဆောင် ခေါ်ယူပေးနိုင်ခဲ့ပြီး ကမ္ဘာ့ဖလား All-Star Team တွင် ထည့်သွင်းရွေးချယ်ခံရသည်။

ဘရာဇီးနှင့် ပင်နယ်တီဖြင့် အဆုံးအဖြတ် ရယူရာတွင်မူ ဘက်ဂီယိုမှာ ပင်နယ်တီလွဲချော်သွားခဲ့သောကြောင့် အီတလီမှာ ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Roberto Baggio's Lancia Delta to be auctioned for charity