၂၀၂၅ မော်ဒယ် Jetour Traveller ကို ယခု မတ်လအတွင်း စတင်ရောင်းချပေးမည်ဖြစ်ပြီး ပိုမိုအဆင့်မြင့်သည့် upgrade များ ပါဝင်လာမည်

  • 767 views

Chery ၏ အမှတ်တံဆိပ်တစ်ခုဖြစ်သော Jetour သည် SUV နှင့် Crossover များ ထုတ်လုပ်သော ကုမ္ပဏီတစ်ခု ဖြစ်သည်။ယခုအခါ Jetour က ၂၀၂၅ မော်ဒယ် Jetour Traveller ကို ယခုမတ်လအတွင်း စတင်မိတ်ဆက် ရောင်းချပေးရန် စီစဉ်လာသည်။

(ဆက်စပ်သတင်း)

Chery က အင်ဂျင်ပါဝါအလွန်ကောင်းသော Jetour Zongheng ကို တရုတ်ပြည်တွင် စတင်မိတ်ဆက်

https://www.carsdb.com/my/news/1002

 

Jetour Traveller သည် compact SUV ဖြစ်ပြီး ယခုမော်ဒယ်တွင် upgrade များစွာ ပြုလုပ်ထားသည်။ ယခုမော်ဒယ်သစ်တွင် on-road နှင့် off-road စွမ်းပကားများ ရှိသည်။

၂၀၂၅ Jetour Traveller သည် သေတ္တာပုံးဆန်သော ပုံစံကို ဆက်လက်ယူဆောင်လာပြီး ကားဆွဲသည့် tow hook နေရာများတွင် ရှန်ပိန်ရွှေရောင်အလှဆင်မှုများ၊ 5 spoke အလွိုင်း၊ အမိုးပေါ် ဝန်တင်စင် အလှဆင်မှုများကဲ့သို့ upgrade များ ပါလာသည်။ Front grille မှ JETOUR လိုဂိုမှာ ခရိုမီယံဖြင့် စာလုံးဖော်ကာ သလင်းအသွင်ရှိသည်။

အတွင်းခန်းတွင် အနက်ရင့်နှင့် အနီ အရောင်စပ်ကို သုံးထားသည်။ရှေ့ဘက်မှာ Air vent များမှာ ပိုမိုစည်းစည်းလုံးလုံးရှိသည့် အသွင်ရှိစေရန် ပြန်လည်ဒီဇိုင်းဆွဲထားသည်။ ခရီးသည်ဘက်ခြမ်း ထိုင်ခုံရှေ့တွင် နောက်ခံအလင်းပါသော မြေပုံတစ်ခုရှိကာ infotainment system နှင့် ပေါင်းစည်းထားသည်။Infotainment system ကို card-based interface ဖြင့် upgrade လုပ်ထားသည်။

၂၀၂၅ Jetour Traveller တွင် အင်ဂျင်ရွေးစရာ ၂ မျိုးလာသည်။1.5T အင်ဂျင်မှာ ဆွဲအား 135 KW နှင့် ရုန်းအား 290 Nm ရှိပြီး 7-speed dual-clutch transmission ကို သုံးထားသည်။ 2.0T အင်ဂျင်တွင် ဆွဲအား 187 KW နှင့် ရုန်းအား 390 Nm ရှိသည်။အဆိုပါ အင်ဂျင်တွင်မူ transmission ရွေးစရာ ၂ မျိုးရှိသည်။7-speed dual-clutch နှင့် 8-speed auto တို့ ဖြစ်သည်။ယခင် 6+X driving mode နေရာတွင် 7+X driving mode ဖြစ်လာသည်။ကားအတွင်း ပိုမိုသက်သောင့်သက်သာရှိစေရန် NVH ကိုလည်း အဆင့်မြှင့်ထားသည်။

Dimension မှာ 4785/ 2006/ 1880 mm ဖြစ်ပြီး wheelbase မှာ 2800 mm ဖြစ်သည်။Ground clearance 220 mm, approach angle 28 ဒီဂရီနှင့် departure angle 30 ဒီဂရီ၊ wading depth 700 mm ရှိရာ off-road အတွက် အလွန်ကောင်းမွန်သည့် performance ရစေသည်။ထို့အပြင် ဘီးမှ အရောင်ပြေးများ၊ ထီးချိတ်ရန် သံလိုက် holder ၊ အအေးထည့်ရန်အတွက် cooler ပါသော center console တို့ကိုလည်း တွေ့ရသည်။

Jetour Traveller သည် အခိုင်အမာဈေးကွက်ရထားပြီးဖြစ်သော မော်ဒယ်တစ်ခုဖြစ်သည်။၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလအတွင်း အစင်းရေ ၁၅၅၂၃ ရောင်းအားရှိခဲ့သည်ကို တွေ့ရပြီး နှစ်အလိုက်နှိုင်းယှဉ်ကြည့်လျှင် ရောင်းအား ၁၈၉ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ဆိုသည်။၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အစင်းရေ ၁၂၁၃၄၉ ရောင်းချခဲ့ရသည်။

၂၀၂၅ မော်ဒယ် Jetour Traveller မှာ လက်ရှိမော်ဒယ်၏ ဈေးတန်းအတိုင်းဖြစ်နိုင်သည်ဟု ခန့်မှန်းရပြီး ယွမ် ၁၃၉၉၀၀ (ကန်ဒေါ်လာ ၁၉၃၀၀) ခန့် ဖြစ်ဖွယ်ရှိသည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: 2025 Jetour Traveller to launch in March with refined upgrades