- ပင်မစာမျက်နှာ
- ကားသတင်းများ
- Chery က အင်ဂျင်ပါဝါအလွန်ကောင်းသော Jetour Zongheng ကို တရုတ်ပြည်တွင် စတင်မိတ်ဆက်
Chery က အင်ဂျင်ပါဝါအလွန်ကောင်းသော Jetour Zongheng ကို တရုတ်ပြည်တွင် စတင်မိတ်ဆက်
- 675 views
1572hp ရှိသော Luxury SUV အမျိုးအစားဖြစ်Chery သည် high-end off-road brand ဖြစ်သော Jetour Zongheng ကို တရုတ်ပြည်တွင် စတင်မိတ်ဆက်လိုက်သည်။
အဆိုပါ brand ၏ ပထမဆုံးမော်ဒယ်ဖြစ်သော Jetour Zongheng G700 မှာ ယခုနှစ် တတိယ ၃ လပတ်၌ တရုတ်ပြည်ဈေးကွက်တွင် စတင်ရောင်းချမည် ဖြစ်သည်။
ယင်းနောက်တွင် F700 ပစ်ကပ်ထရပ်နှင့် 1572hp ရှိသော G900 SUV တို့ကို တရုတ်ပြည်တွင်းတွင် စတင် ရောင်းချပေးမည် ဖြစ်သည်။
Jetour သည် Chery Group က ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သည့် ပျိုမြစ်သော brand တစ်ခု ဖြစ်သည်။
မကြာသေးမီကာလများအတွင်း Jetour က ထုထည်တောင့်တောင့်တင်းတင်း ဒီဇိုင်းဖြင့် off-road crossover များ ဆက်တိုက် မိတ်ဆက်လာခဲ့သည်။
အဆိုပါမော်ဒယ်များမှာ အောင်မြင်မှုရခဲ့ပြီး တရုတ်ပြည်တွင် ရောင်းအား ၂ ဆခန့် မြင့်တက်ခဲ့သည်။
ယခုနှစ်တွင် Chery က high-end မော်ဒယ်တစ်ခုဖြစ်သော Jetour Zongheng ကို ချပြလာသည်။
Jetour Zongheng G700
((Jetour Zongheng ၏ powertrain မျိုးကွဲများ))
Jetour Zongheng တွင် powertrain variant ၂ မျိုးလာသည်။
ပထမတစ်မျိုးမှာ CDM-O ဟုခေါ်သော Parallel Hybrid ဖြစ်သည်။
2.0-liter turbocharged ဓာတ်ဆီအင်ဂျင်သုံးထားသည်။
အဆိုပါမော်ဒယ်တွင် 300-Kw လျှပ်စစ်မော်တာကို နောက်ဝင်ရိုးတွင် တပ်ဆင်ထားပြီး မြင်းကောင်ရေ ၄၀၂ အား ရှိသည်။
Jetour Zongheng G700 SUV နှင့် F700 ပစ်ကပ်ထရပ်တို့တွင်လည်း ယခု PHEV စနစ်ကိုပင် အသုံးပြုမည် ဖြစ်သည်။
Jetour Zongheng F700 and G900
Jetour Zongheng ၏ အခြား Powertrain variant တစ်မျိုးမှာ CEM-O ဟုခေါ်သော EREV (range extender) ဖြစ်သည်။
ထို variant တွင် 155kw အားထွက်သည့် 2-liter ဂျင်နရေတာပါဝင်ပြီး ဘက်ထရီနှင့် လျှပ်စစ်မော်တာများ ဆီသို့ ပါဝါပို့ပေးသည်။
CEM-O Powertrain တွင် လျှပ်စစ်မော်တာ ၄ လုံး သုံးထားပြီး ပါဝါအထွက်မှာ 1200kw (1572hp) ရှိသည်။
နှိုင်းယှဉ်မှုအားဖြင့် ကြည့်မည်ဆိုလျှင် BYD ၏ Yangwang U8 SUV မှာ 880 KW (1180hp) အထွက်အားသာ ရှိသည်။
CDM-O နှင့် CEM-O Powertrain ၂ မျိုးလုံးတွင် 800V ရှိသော high-voltage system သုံးထားသည်။
အဆိုပါ ဖွဲစည်းတည်ဆောက်ပုံကြောင့် Jetour Zongheng ၏ ဘက်ထရီများမှာ 6C Charging ကို support ပေးသည်။
၂၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းကြားကို ၆ မိနစ်အတွင်း အားသွင်းနိုင်သည်ဟု ဆိုသည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Chery launches Jetour Zongheng luxury brand with a 1,572-hp SUV