- ပင်မစာမျက်နှာ
- ကားသတင်းများ
- Nissan N7 လျှပ်စစ်ဆီဒင်မှာ တရားဝင် မိတ်ဆက်ခြင်း မပြုလုပ်ရသေးမီ တရုတ်ပြည်ရှိ အရောင်းဆိုင်များသို့ ရောက်ရှိလာ
Nissan N7 လျှပ်စစ်ဆီဒင်မှာ တရားဝင် မိတ်ဆက်ခြင်း မပြုလုပ်ရသေးမီ တရုတ်ပြည်ရှိ အရောင်းဆိုင်များသို့ ရောက်ရှိလာ
- 448 views
Dongfeng eπ007 အပေါ် အခြေခံထုတ်လုပ်ထားသော Nissan N7 သည် လာမည့် မေလတွင်မှ တရားဝင် မိတ်ဆက်ရန် စီစဉ်ထားသော်လည်း ယခုအခါ တရုတ်ပြည်ရှိ ကားအရောင်းပြခန်းများသို့ စတင်ရောက်ရှိနေပြီ ဖြစ်သည်။
(ဆက်စပ်သတင်း)
Dongfeng က eπ008 Smart Driving Edition ကို စတင်မိတ်ဆက်၊ ဈေးတန်း ကန်ဒေါ်လာ ၂၅၅၀၀ မှ ၂၈၃၀၀ ကြားရှိ
https://www.carsdb.com/my/news/1066
Nissan က ယခုမော်ဒယ်ဖြင့် ပြိုင်ဆိုင်မှုပြင်းထန်သော တရုတ်ပြည်ကားဈေးကွက်တွင် Nissan ၏ ရောင်းအားကို မြှင့်တင်နိုင်ရန် ရည်မှန်းထားသည်။
N7 ၏ ကိုယ်ထည်မှာ ၅ မီတာရှိပြီး မြင်းကောင်ရေအား ၂၆၈ ရှိသည်။
Nissan N7 ကို ပထမဆုံး စတင်ချပြခဲ့သည်မှာ ၂၀၂၄ ကွမ်ကျိုး ကားပြပွဲတွင် ဖြစ်သည်။
Nissan N7 သည် Dongfeng eπ007 အပေါ် အခြေခံ ထုတ်လုပ်ထားခြင်း ဖြစ်သည်။
Dongfeng eπ007 သည် ၂၀၂၄ ခုနှစ်၊ မတ်လမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အစင်းရေ ၂၉၉၁၅ ရောင်းချထားရသည်။
N7 ဆီဒင်သည် တရုတ်ပြည်ဈေးကွက်သို့ ၂၀၂၅ မေလတွင် စတင်ဝင်ရောက်မည်ဖြစ်ကြောင်း Nissan ၏ ကိုယ်စားလှယ်များက ယခုနှစ်စပိုင်း ဇန်နဝါရီလအတွင်း ကြေညာခဲ့သည်။
ယခုအခါ Nissan N7 မှာ တရားဝင် အရောင်းမဖွင့်မီတွင်ပင် တရုတ်ပြည်တလွှားရှိ အရောင်းပြခန်းများသို့ စတင်ရောက်ရှိလာပြီ ဖြစ်သည်။
((အရောင်းပြခန်းများမှ Nissan N7))
Nissan N7 သည် တရုတ်ပြည်ရှိ Dongfeng Nissan အရောင်းပြခန်းများသို့ စတင်ရောက်ရှိလာခြင်း ဖြစ်သည်။
Nissan N7 သည် Dongfeng နှင့် Nissan တို့ ဖက်စပ်ထုတ်လုပ်သည့်မော်ဒယ်ဖြစ်သောကြောင့် Dongfeng အရောင်းပြခန်းများတွင် ပြသရောင်းချခြင်း ဖြစ်သည်။
Display အဖြစ် ပြသထားသော ကား၏ အရောင်မှာ သနပ်ခါးရောင်ဖြစ်သည်။
Nissan N7 တွင် ဘောင်ပျောက်တံခါးများသုံးထားပြီး ရှေ့ဘက်၌ 7 ပုံသဏ္ဍာန် မီးများနှင့် မီးတန်းတစ်ခုတို့ ပါသည်။
Center console တွင် ဘဲဥပုံ two-spoke စတီယာရင်ရှိပြီး နောက်ဘက်တွင် gear shifter ရှိသည်။
ထို့အပြင် LCD instrument panel နှင့် ကြီးမားသော floating screen ကြီးတစ်ခုလည်း ပါသည်။
Center console တွင် pop-out စပီကာ ၂ ခုရှိပြီး wireless charging pad ၂ ခု၊ cup holder ၂ ခုတို့လည်း ပါဝင်သည်။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: Nissan N7 electric sedan reached dealers in China before the launch