- ပင်မစာမျက်နှာ
- ကားသတင်းများ
- FAW ၏ high-end brand ဖြစ်သော Hongqi Tiangong 05 တရုတ်ပြည်တွင် ယွမ် ၁၅၉,၈၀၀ (ကန်ဒေါ်လာ ၂၂၀၅၀) ဖြင့် စတင်ရောင်းချ
FAW ၏ high-end brand ဖြစ်သော Hongqi Tiangong 05 တရုတ်ပြည်တွင် ယွမ် ၁၅၉,၈၀၀ (ကန်ဒေါ်လာ ၂၂၀၅၀) ဖြင့် စတင်ရောင်းချ
- 298 views
တရုတ်ပြည်၏ သက်တမ်းအရင့်ဆုံး ကားကုမ္ပဏီကြီးဖြစ်သော FAW ၏ high-end brand ဖြစ်သော Hongqi သည် Tiangong 05 မော်ဒယ်သစ်ကို တရုတ်ပြည်တွင် စတင်ရောင်းချခဲ့ရာ ဈေးအနိမ့်ဆုံး ယွမ် ၁၅၉၈၀၀ (ကန်ဒေါ်လာ ၂၂၀၅၀) မှ စသည်။
Hongqi Tiangong 05 တွင် L2.9 driving assistance system ထည့်ပေးထားပြီး အားအပြည့် သွင်းထားလျှင် မောင်းနိုင်သည့် range မှာ ကီလို ၇၅၀ ဖြစ်သည်။Hongqi သည် တရုတ်ပြည်၏ သက်တမ်းအရင့်ဆုံးကားကုမ္ပဏီဖြစ်ပြီး ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်သီးခေါင်းဆောင်များစီးရန် ကားများကို ဆယ်စုနှစ်များစွာ ထုတ်လုပ်ပေးခဲ့သည်။
(ဆက်စပ်သတင်း)
တရုတ်သမ္မတ ရှီကျင့်ဖျင် ဘယ်ကားစီးလဲ
https://www.imyanmarhouse.com/news/read/1079130
၁၉၉၀ ပြည့်လွန်ကာလများအတွင်း Hongqi သည် အရပ်သားပြည်သူများအတွက်လည်း ကားများ စတင်ထုတ်လုပ်လာခဲ့သည်။အဆိုပါ brand သည် ကြီးမားသည့်အစဉ်အလာနှင့် ဂုဏ်သိက္ခာကြီးမားမှုတို့ကြောင့် ယနေ့တိုင် ပြည်သူများအကြား ကျော်ကြားနေဆဲဖြစ်သည်။
၂၀၂၃ ခုနှစ်တွင် Hongqi သည် Hongqi New Energy အမည်ရှိ ကားဌာနခွဲတစ်ခု တည်ထောင်ခဲ့သည်။Hongqi ၏ အကြီးအကဲတို့က ပြောသည်မှာ Hongqi New Energy မှ မော်ဒယ်သစ် ၁၅ မျိုးအထိ ထုတ်လုပ်သွားရန် ရေရှည်ရည်မှန်းချက်ရှိကြောင်းပြောသည်။
(မှတ်ချက်။ တရုတ်ပြည်တွင် လျှပ်စစ်ကား အမျိုးအစားအားလုံးကို NEV ဟုခေါ်ကြပြီး ဘက်ထရီလျှပ်စစ်ကား၊ လျှပ်စစ် hybrid (PHEV) နှင့် ဟိုက်ဒရိုဂျင် လျှပ်စစ်ကား အစရှိသည်တို့အားလုံး ပါဝင်သည်))
သို့သော် Hongqi New Energy မှ ပထမဆုံးထုတ်လုပ်ခဲ့သော ကားမှာ မအောင်မြင်ခဲ့ချေ။
[▲Hongqi EH7 (ဝဲ) နှင့် Hongqi Tiangong 08 တို့မှာ တရုတ်ပြည်တွင် ရောင်းအားနှေးကွေးလာနေသည်]
[▲Hongqi EH7 (ဝဲ) နှင့် Hongqi Tiangong 08 တို့မှာ တရုတ်ပြည်တွင် ရောင်းအားနှေးကွေးလာနေသည်]
မအောင်မြင်ခဲ့သော ကားမော်ဒယ်မှာ Hongqi EH7 လျှပ်စစ်ဆီဒင်ဖြစ်သည်။၂၀၂၄ ခုနှစ်၊ မတ်လတွင် စတင်ရောင်းချခဲ့ပြီး ဈေးတန်းမှာ ယွမ် ၂၂၉၈၀၀ မှ ၃၀၉၈၀၀ (ကန်ဒေါ်လာ ၃၁၇၀၀ မှ ၄၂၇၅၀ ကြား) ရှိခဲ့သည်။
China EV Data Tracker ၏ ဖော်ပြချက်အရ အဆိုပါမော်ဒယ်မှာ အစင်းရေ ၅၇၇၈ စင်းသာ ရောင်းချထားရ သည်ဟု ဆိုသည်။တရုတ်ပြည်ဈေးကွက်အရဆိုလျှင် ရောင်းအားအလွန်နည်းသော ပမာဏ ဖြစ်သည်။ယင်းနောက်ပိုင်း ဖြန့်ချိခဲ့သော Hongqi Tiangong 08 မှာလည်း ရောင်းအားနည်းခဲ့သည်။
ထိုသို့ ရောင်းအားနှေးကွေးနေမှုများကြောင့် Hongqi အနေဖြင့် အသစ်ဖွဲ့စည်းထားသော ဌာနသစ်အတွက် ရောင်းအားတိုးတက်လာစေရေး အလျင်အမြန်ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်လာသည်။
ထို့ကြောင့် ပိုမိုဈေးသက်သာသော ဆီဒင်မော်ဒယ်သစ်တစ်မျိုးကို ထုတ်လုပ်လိုက်သည်။ ထိုအသစ်ထုတ်လုပ်လိုက်သော မော်ဒယ်မှာ ယခုဖြန့်ချိလာသော Hongqi Tiangong 05 ပင် ဖြစ်၏။
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: FAW’s Hongqi Tiangong 05 launched in China to save the brand’s electric division