• ပင်မစာမျက်နှာ
  • ကားသတင်းများ
  • တရုတ်ပြည်တွင် အားတစ်ကြိမ်သွင်းထားလျှင် ကီလို ၄၂၀ မောင်းနိုင်သော GAC Aion UT ကားမော်ဒယ်သစ် ဒေါ်လာ ၉၆၀၀ မျှဖြင့် စတင်ဖြန့်ချိ

တရုတ်ပြည်တွင် အားတစ်ကြိမ်သွင်းထားလျှင် ကီလို ၄၂၀ မောင်းနိုင်သော GAC Aion UT ကားမော်ဒယ်သစ် ဒေါ်လာ ၉၆၀၀ မျှဖြင့် စတင်ဖြန့်ချိ

  • 440 views

GAC က Aion UT မော်ဒယ်သစ်ကို ဖေဖော်ဝါရီ ၂၈ ရက်က စတင်ဖြန့်ချိလာသည်။

ရွေးချယ်စရာ 5 Trim ရှိပြီး မောင်းနိုင်သည့် range အနေဖြင့် ကီလို ၃၃၀ ၊ ၄၂၀ ဟု နှစ်မျိုးရှိသည်။ဈေးတန်းမှာ ယွမ် ၆၉၈၀၀ မှ ၁၀၁၈၀၀ ကြား (ကန်ဒေါ်လာ ၉၈၀၀ မှ ၁၄၀၀၀ ကြား) ရှိသည်။

Aion UT သည် GAC Aion ၏ တတိယမြောက် global model ဖြစ်သည်။အပြင်ဘက်တွင် LED မီး ၁၉ လုံးပါသော daytime running light များ၊ D ပုံသဏ္ဌာန် ရှေ့မီးကြီးများနှင့် C ပုံသဏ္ဌာန် taillight များ ပါသည်။ Dimension မှာ 4270/ 1850/ 1575 mm ဖြစ်ပြီး wheelbase မှာ 2750 mm ရှိသည်။ ကားဘီးတွင် ကြည့်မည်ဆိုလျှင် entry-level နှင့် mid-end တို့တွင် ၁၆ လက်မ rim များသုံးထားပြီး high-end တွင်မူ ၁၇ လက်မ rim ကို သုံးထားသည်။

အရောင်အနေဖြင့် ရွေးစရာ ၆ မျိုးရှိလာရာ အနီ၊ ငွေရောင်၊ အဖြူ၊ သနပ်ခါးရောင်၊ ခရမ်းရောင်နှင့် အစိမ်းရောင်တို့ ဖြစ်သည်။

Aion UT တွင် ရှေ့ပိုင်း၌ 100KW (134 hp) မော်တာ သုံးထားပြီး ဘက်ထရီအနေဖြင့် မျိုးကွဲအပေါ် မူတည်ပြီး 34.868 kWh, 44.257 kWh, 44.12 kWh နှင့် 44.133 kWh ဟူ၍ အမျိုးမျိုး ရှိသည်။မောင်းနိုင်သော range မှာမူ ၂ မျိုးရှိရာ ကီလို ၃၃၀ နှင့် ၄၂၀ ဟူ၍ ဖြစ်သည်။

အမြင့်ဆုံးမြန်နှုန်းမှာ 150 kmph ဖြစ်ပြီး ဘက်ထရီသုံးစွဲနှုန်းမှာ ကီလို ၁၀၀ လျှင် 11.4 kWh ဖြစ်သည်။အမြန်အားသွင်းစနစ်ဖြင့် အားသွင်းလျှင် ၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ရောက်ရန် ကြာချိန် ၂၄ မိနစ် ဖြစ်သည်။

ကားအတွင်းတွင်ဆိုလျှင် ၁၄ ဒသမ ၆ လက်မ center control screen ၊ ၈ ဒသမ ၈ လက်မ LCD instrument panel နှင့် လေအေးပေးစက်မှ outlet များ ပါသည်။ HiCar, CarLink နှင့် CarPlay တို့ အားလုံးရပြီး AI voice assistant လည်း ထည့်ပေးထားသည်။Level 2 ADAS စနစ်မှာမူ အမြင့်ပိုင်းကားများတွင်သာ ပါသည်။

အခြား Feature များအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဆော့ဖ်ဝဲ update လုပ်နိုင်ခြင်း၊ in-car WiFi ၊ မိုဘိုင်းဖုန်း ရီမုတ်ကွန်ထရိုးစနစ်များ ပါဝင်သည်ဟု ဆိုသည်။

 

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: GAC Aion UT EV with 420 km range enters market at 9,600 USD in China